ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇွန် စာ. ၂၁-၂၅
  • ယေဟောဝါရဲ့ ဘုန်းတော်ကို ချီးမွမ်းစေဖို့ ‘အလင်း လင်းစေကြပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ ဘုန်းတော်ကို ချီးမွမ်းစေဖို့ ‘အလင်း လင်းစေကြပါ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ကိုးကွယ်ဖို့ ဖိတ်ခေါ်
  • စည်းလုံးမှု တိုးများစေပါ
  • သတိနဲ့ စောင့်နေပါ
  • “သင်တို့အလင်းကိုလင်းစေကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ‘သင်တို့၏အလင်းကို လင်းစေကြလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ကျွန်ုပ်တို့၏အလင်းကို အဆက်မပြတ်ထွန်းလင်းစေခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ‘အလင်းကို လင်းစေကြ’
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇွန် စာ. ၂၁-၂၅
အမှုဆောင်မှာ ပါဝင်နေတဲ့ ညီအစ်မနဲ့ သမီးရဲ့ ဖော်ရွေမှုကို အိမ်နီးချင်းတစ်ယောက် အကဲခတ်ကြည့်နေ

ယေဟောဝါရဲ့ ဘုန်းတော်ထင်ရှားဖို့ ‘အလင်း လင်းစေကြပါ’

“ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ  . . . အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်။”—မ. ၅:၁၆။

သီချင်း– ၇၇၊ ၅၉

သင် ဘယ်လို ဖြေမလဲ

  • အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းအပြင် တခြားဘယ်နည်းတွေနဲ့ အလင်း ထွန်းလင်းနိုင်သလဲ။

  • ခရစ်ယာန်စည်းလုံးမှုက အမှန်တရားထဲ ဘယ်လို ဆွဲဆောင်မှု ဖြစ်စေသလဲ။

  • ဒီနေ့အချိန်မှာ သတိနဲ့ ဆက်စောင့်နေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁။ ကျွန်တော်တို့ ဘာကြောင့် အလွန်ပျော်ရွှင်ကြသလဲ။

ယေဟောဝါရဲ့လူမျိုး တိုးတက်နေတဲ့သတင်း ကြားရတာ စိတ်လှုပ်ရှားစရာပဲ။ လွန်ခဲ့တဲ့နှစ်မှာ ကျမ်းစာသင်အံမှု ၁၀,၀၀၀,၀၀၀ ကျော် ပုံမှန် ကျင်းပခဲ့တယ်။ ဒါဟာ ဘုရားသခင့် ကျေးကျွန်တွေ အလင်းထွန်းလင်းနေကြောင်း ဖော်ပြတယ်။ အောက်မေ့ရာပွဲကို လာတက်တဲ့ စိတ်ဝင်စားသူ သန်းပေါင်းများစွာဟာ ရွေးဖိုးပြင်ဆင်ပေးတဲ့ ဘုရားသခင်ရဲ့ မေတ္တာအကြောင်း သိလာကြတယ်။—၁ ယော. ၄:၉။

၂၊ ၃။ (က) “အလင်းဆောင်သူတွေအဖြစ်” ထွန်းလင်းရာမှာ ဘာက အတားအဆီး မဖြစ်စေသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂ ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့ လူတွေဟာ ဘာသာစကားအသီးသီး ပြောဆိုကြတယ်။ ဒါပေမဲ့ အဲဒါက ဖခင်ယေဟောဝါကို တစည်းတလုံး ချီးမွမ်းဖို့ အတားအဆီး မဖြစ်စေပါဘူး။ (ဗျာ. ၇:၉) ကျွန်တော်တို့ ဘယ်ဘာသာစကားပဲ ပြောပြော၊ ဘယ်မှာပဲ နေနေ “လောကမှာ အလင်းဆောင်သူတွေအဖြစ်” ထွန်းလင်းနိုင်ပါတယ်။—ဖိ. ၂:၁၅။

၃ တိုးတက်မှု၊ စည်းလုံးမှုအပြင် သတိရှိရှိ စောင့်နေခြင်းက ယေဟောဝါကို ဘုန်းထင်ရှားစေတယ်။ ဒီကဏ္ဍသုံးခုမှာ ဘယ်လို အလင်းထွန်းလင်းနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။—မဿဲ ၅:၁၄-၁၆ ကိုဖတ်ပါ။

ယေဟောဝါကို ကိုးကွယ်ဖို့ ဖိတ်ခေါ်

၄၊ ၅။ (က) ဟောပြောခြင်းအပြင် ဘယ်လို အလင်း ထွန်းလင်းနိုင်သလဲ။ (ခ) ယဉ်ကျေးရည်မွန်ခြင်းက ဘာအကျိုးတွေ ရစေနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၄ “ဒီနောက်ဆုံးကာလမှာ အလင်းထွန်းလင်းနိုင်တဲ့ အခွင့်အရေးကို မရယူရင် . . . သခင့်အပေါ် သစ္စာရှိသူ မဖြစ်နိုင်ဘူး” ဆိုပြီး ၁၉၂၅၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ “အမှောင်ထဲက အလင်း” ဆောင်းပါးမှာ ဖော်ပြတယ်။ “လူတွေကို သတင်းကောင်း ဟောပြောခြင်း၊ အလင်းရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းအားဖြင့် ထွန်းလင်းရမယ်” လို့ ဆက်ဖော်ပြတယ်။ ကျွန်တော်တို့ အလင်းထွန်းလင်းတဲ့ နည်းတစ်နည်းက သတင်းကောင်း ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်းအားဖြင့်ပါပဲ။ (မ. ၂၈:၁၉၊ ၂၀) ခရစ်ယာန် အမူအကျင့်အားဖြင့်လည်း ယေဟောဝါကို ဘုန်းထင်ရှားစေနိုင်တယ်။ အိမ်ရှင်တွေ၊ လမ်းသွားလမ်းလာတွေက ကျွန်တော်တို့ရဲ့ အမူအကျင့်ကို အကဲခတ်ကြည့်နေကြတယ်။ ဖော်ရွေတဲ့ အပြုံး၊ လှိုက်လှဲတဲ့ နှုတ်ဆက်စကားက ကျွန်တော်တို့ ဘယ်သူဘယ်ဝါဖြစ်မှန်း၊ ဘယ်လို ဘုရားကို ကိုးကွယ်နေမှန်း လူတွေကို သိစေတယ်။

၅ “အိမ်ထဲဝင်တဲ့အခါ အိမ်သားတွေကို . . . နှုတ်ဆက်ပါ” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (မ. ၁၀:၁၂) ယေရှုနဲ့ တမန်တော်တွေ ဟောပြောတဲ့ဒေသမှာ သူစိမ်းတွေကို အိမ်ထဲ ဖိတ်ခေါ်လေ့ရှိတယ်။ ဒီနေ့ခေတ် ဒေသများစွာမှာတော့ အဲဒီလို မဟုတ်ဘူး။ ဒါပေမဲ့ လာရတဲ့အကြောင်းရင်းကို ဖော်ရွေစွာ ရှင်းပြမယ်ဆိုရင် အိမ်ရှင်ရဲ့ စိုးရိမ်စိတ်၊ ဒေါသစိတ်ကို လျော့ပါးစေနိုင်တယ်။ နှစ်လိုဖွယ် အပြုံးက အကောင်းဆုံး မိတ်ဆက်နည်းပါပဲ။ လူထုရှေ့သက်သေခံတဲ့အခါလည်း အလားတူပဲ။ သင့်ရဲ့ အပြုံး၊ နှုတ်ဆက်စကားက တုံ့ပြန်မှုကောင်းတွေ ရရှိစေနိုင်တယ်။ စာပေတွေ လာယူဖို့ လှုံ့ဆော်ပေးနိုင်တယ်။ ယဉ်ကျေးရည်မွန်ခြင်းကလည်း စကားစပြောဖို့ လွယ်ကူစေနိုင်တယ်။

၆။ အမှုဆောင်လုပ်ငန်းကို သက်ကြီးမောင်နှံတစ်စုံ ဘယ်လို တိုးချဲ့ခဲ့သလဲ။

၆ အင်္ဂလန်နိုင်ငံက သက်ကြီးမောင်နှံဟာ ကျန်းမာရေး မကောင်းလို့ တစ်အိမ်တက်ဆင်းသွားဖို့ ခက်တယ်။ ဒါနဲ့ အိမ်ရှေ့မှာ စာပေတွေ တင်ဖို့ စားပွဲတစ်လုံး ချလိုက်တယ်။ အိမ်နားမှာ ကျောင်းရှိတော့ ကျောင်းလာကြိုတဲ့ မိဘတွေ စိတ်ဝင်စားမယ့် စာပေတွေ တင်ထားတယ်။ မိဘများစွာက လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁၊ ၂ အပြင် တခြားဘရိုရှာတွေကို လာယူကြတယ်။ အသင်းတော်က ရှေ့ဆောင်ညီအစ်မတစ်ယောက် လာကူညီပေးတယ်။ သူ့ရဲ့ ဖော်ရွေမှု၊ မောင်နှံစုံရဲ့ ကြိုးစားမှုကြောင့် ဖခင်တစ်ဦး ကျမ်းစာသင်အံမှု လက်ခံခဲ့တယ်။

၇။ သင့်ဒေသက လူသစ်တွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၇ မကြာသေးခင်နှစ်တွေတုန်းက နိုင်ငံများစွာမှာ ဒုက္ခသည်တွေ တိုးများလာတယ်။ ယေဟောဝါနဲ့ ကိုယ်တော့် ရည်ရွယ်ချက်အကြောင်း သိလာအောင် သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ အရင်ဆုံး သူတို့ရဲ့ ဘာသာစကားနဲ့ နှုတ်ဆက်တတ်အောင် သင်ယူနိုင်တယ်။ JW Language app က ကူညီပေးနိုင်တယ်။ သူတို့စိတ်ဝင်စားလာစေမယ့် စကားစုလေးတွေကို သင်ယူနိုင်တယ်။ jw.org ဝက်ဘ်ဆိုက်ကို ဖွင့်ပြီး သူတို့ရဲ့ ဘာသာစကားနဲ့ ဗီဒီယိုတွေ၊ စာပေတွေကို ပြပေးနိုင်တယ်။—တရား. ၁၀:၁၉။

၈၊ ၉။ (က) ကြားရက် အစည်းအဝေးတွေမှာ ဘယ်လက်တွေ့ကျ အကူအညီတွေ ရသလဲ။ (ခ) အစည်းအဝေးမှာ ပါဝင်ဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

၈ အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်နိုင်ဖို့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးကို ယေဟောဝါ မေတ္တာပါစွာ ပြင်ဆင်ပေးထားတယ်။ အစည်းအဝေးမှာ ရတဲ့ လက်တွေ့ကျ ညွှန်ကြားချက်တွေက ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ပိုယုံကြည်စိတ်ချမှု ရှိလာစေတယ်။

၉ လူသစ်များစွာဟာ အစည်းအဝေးမှာ ကလေးတွေ ပါဝင်တာကို သတိထားမိကြတယ်။ မိဘတို့၊ ကိုယ်ပိုင်စကားနဲ့ အဖြေပေးတတ်အောင် ကလေးတွေကို သင်ပေးပါ။ သူတို့ရဲ့ လှိုက်လှဲရိုးရှင်းတဲ့ အဖြေတွေက စိတ်ဝင်စားသူ လူသစ်တွေကို အမှန်တရားထဲ ဆွဲဆောင်နိုင်တယ်။—၁ ကော. ၁၄:၂၅။

စည်းလုံးမှု တိုးများစေပါ

၁၀။ စည်းလုံးမှု တိုးများစေဖို့ မိသားစု ဝတ်ပြုမှုက ဘယ်လို ကူညီပေးသလဲ။

၁၀ အလင်း ထွန်းလင်းနိုင်တဲ့ နောက်တစ်နည်းက မိသားစု၊ အသင်းတော်မှာ စည်းလုံးမှု တိုးများအောင် လုပ်ဆောင်ခြင်းပါပဲ။ ပုံမှန် မိသားစုဝတ်ပြုမှု လုပ်ဖို့ စီစဉ်ပါ။ အများစုက JW ရုပ်သံ ကြည့်ပြီး လက်တွေ့ကျင့်သုံးနိုင်မယ့် အချက်တွေကို ဆွေးနွေးကြတယ်။ ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေ လိုအပ်တဲ့ လမ်းညွှန်မှု ကွဲပြားနိုင်တယ်ဆိုတာ မိဘတွေ အမှတ်ရသင့်တယ်။ မိသားစုဝင်တိုင်း အကျိုးရစေဖို့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးပါ။—ဆာ. ၁၄၈:၁၂၊ ၁၃။

နိုင်ငံတော်ခန်းမမှာ အသက်ကြီး ညီအစ်မကို ညီအစ်မငယ်တစ်ယောက် စကားပြောနေ

အသက်ကြီးသူတွေကို စိတ်ဝင်စားမှု ပြတာက တည်ဆောက်မှု ဖြစ်စေ (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁-၁၃။ အသင်းတော်မှာ စည်းလုံးမှု တိုးများအောင် ယောက်တိုင်း ဘယ်လို လုပ်နိုင်သလဲ။

၁၁ လူငယ်တွေဟာ အသင်းတော်မှာ ဘယ်လိုနည်းနဲ့ စည်းလုံးမှု တိုးများစေနိုင်သလဲ။ အသက်ကြီးသူတွေကို စိတ်ဝင်စားမှုပြဖို့ ပန်းတိုင်ထားပါ။ အမှုဆောင်သက်တမ်းတစ်လျှောက် အတွေ့အကြုံတွေကို မေးမြန်းကြည့်ပါ။ နှစ်ဦးနှစ်ဖက် တည်ဆောက်မှု ဖြစ်စေပြီး အလင်း ပိုထွန်းလင်းဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ နိုင်ငံတော်ခန်းမမှာ အစည်းအဝေး လာတက်သူတွေကို ကြိုဆိုဖို့ ကျွန်တော်တို့အားလုံး ပန်းတိုင်ထားနိုင်တယ်။ ဒါက စည်းလုံးမှု တိုးများစေပြီး အလင်း ထွန်းလင်းဖို့ ဧည့်သည်တွေကို လှုံ့ဆော်ပေးနိုင်တယ်။ ပြုံးပြနှုတ်ဆက်ပါ။ လူသစ်တွေကို နေရာရှာပေးပါ။ တခြားသူတွေနဲ့ မိတ်ဆက်ပေးခြင်းအားဖြင့် သက်သောင့်သက်သာ ဖြစ်စေပါ။

၁၂ သင်ဟာ လယ်ကွင်းစုဆုံမှု ကိုင်ဖို့ တာဝန်ရတယ်ဆိုရင် အသက်ကြီးသူတွေကို အမှုဆောင်မှာ ပါဝင်ဖို့ ကူညီပေးနိုင်ပါတယ်။ သင့်တော်တဲ့ ရပ်ကွက်တွေ ရှာပေးနိုင်တယ်။ ကူညီပေးမယ့် လူငယ်တွေနဲ့ တွဲအမှုဆောင်ဖို့ စီစဉ်ပေးနိုင်တယ်။ ကျန်းမာရေးကြောင့်၊ အခြေအနေကြောင့် နိုင်သလောက်ပဲ ပါဝင်နေသူတွေကိုလည်း စာနာနားလည်ပေးနိုင်တယ်။ ထောက်ထားစာနာမှုနဲ့ ပိုင်းခြားသိမြင်မှုက သတင်းကောင်းကို ဇွဲရှိရှိဟောဖို့ လူကြီးလူငယ်၊ အတွေ့အကြုံ ရှိသူ၊ မရှိသူတွေကို ကူညီပေးနိုင်တယ်။—ဝတ်. ၁၉:၃၂။

၁၃ “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာလံ ၁၃၃:၁၊ ၂ ကိုဖတ်ပါ။) ယေဟောဝါကို ဝတ်ပြုသူတွေနဲ့အတူ ရှိနေခြင်းက အစ္စရေးတွေကို အကျိုးများစွာ ရစေတယ်။ လန်းဆန်းစေတဲ့ ဆီမွှေးလိုပါပဲ။ ညီအစ်ကို/မတွေကြား စည်းလုံးမှု တိုးများအောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ သင် အဲဒီလို လုပ်ဆောင်နေတယ်ဆိုရင် ချီးမွမ်းစရာပါပဲ။ ဒါပေမဲ့ ဒီထက် ပိုတိုးချဲ့လုပ်ဆောင်နိုင်ဦးမလား။—၂ ကော. ၆:၁၁-၁၃၊ အောက်ခြေမှတ်ချက်။

၁၄။ ပတ်ဝန်းကျင်မှာ ဘယ်လို အလင်း ထွန်းလင်းနိုင်သလဲ။

၁၄ ပတ်ဝန်းကျင်မှာလည်း အမှန်တရားအလင်း ပိုထွန်းလင်းဖို့ ကြိုးစားနိုင်တယ်။ ကြင်နာတဲ့ စကားနဲ့ အပြုအမူတွေက အိမ်နီးချင်းတွေကို အမှန်တရားဆီ ဆွဲဆောင်နိုင်တယ်။ ‘အိမ်နီးချင်းတွေ ငါ့ကို ဘယ်လို မြင်ကြသလဲ။ ငါ့အိမ်နဲ့ ခြံဝင်းကို သန့်သန့်ရှင်းရှင်း ထားသလား။ တခြားသူတွေကို အစပြုကူညီပေးသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ တခြားသက်သေခံတွေနဲ့ စကားပြောတဲ့အခါ သူတို့ရဲ့ ကြင်နာမှုနဲ့ အမူအကျင့်ကောင်းက ဆွေမျိုး၊ အိမ်နီးချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့ကြောင်း မေးမြန်းကြည့်ပါ။ အားရှိစရာ တွေ့ကြုံမှုတွေ ကြားရပါလိမ့်မယ်။—ဧ. ၅:၉။

သတိနဲ့ စောင့်နေပါ

၁၅။ သတိနဲ့ စောင့်နေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၅ အလင်း ပိုထွန်းလင်းခြင်းမှာ ကျွန်တော်တို့ရဲ့ သဘောထား ပါဝင်ပတ်သက်တယ်။ “သတိနဲ့ စောင့်နေကြပါ” လို့ တပည့်တွေကို ယေရှု အကြိမ်ကြိမ် တိုက်တွန်းတယ်။ (မ. ၂၄:၄၂။ ၂၅:၁၃။ ၂၆:၄၁) “ကြီးစွာသောဒုက္ခ” အဝေးကြီး လိုပါသေးတယ်၊ ကိုယ်အသက်ရှင်နေတုန်းမှာ လာဦးမှာ မဟုတ်ပါဘူးလို့ ထင်နေရင် ဟောပြောခြင်းနဲ့ပတ်သက်တဲ့ အရေးကြီးသဘောထား ပျောက်ဆုံးသွားလိမ့်မယ်။ (မ. ၂၄:၂၁) တောက်ပစွာ အလင်းထွန်းလင်းမယ့်အစား မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီး လုံးဝတောင် ငြိမ်းသွားနိုင်တယ်။

၁၆၊ ၁၇။ သတိနဲ့ စောင့်နေဖို့ ဘာလုပ်နိုင်သလဲ။

၁၆ ဒီကာလ ပိုခက်ခဲကျပ်တည်းလာတာနဲ့အမျှ ကျွန်တော်တို့အားလုံး သတိနဲ့စောင့်နေဖို့လိုတယ်။ ယေဟောဝါက အချိန်အတိအကျမှာ အရေးယူလုပ်ဆောင်ပါလိမ့်မယ်။ ဒါကို သံသယဖြစ်စရာ မလိုဘူး။ (မ. ၂၄:၄၂-၄၄) ဒီအတောအတွင်း စိတ်ရှည်ပါ။ သတိနဲ့ ဆက်စောင့်နေပါ။ နေ့တိုင်း ကျမ်းစာဖတ်ပါ။ ဆုတောင်းဖို့ အမြဲ အသင့်ရှိနေပါ။ (၁ ပေ. ၄:၇) နှစ်ပေါင်းများစွာ အလင်းထွန်းလင်းပြီး သတိနဲ့ စောင့်ခဲ့တဲ့ ညီအစ်ကို/မတွေဆီကနေ သင်ယူပါ။ ၂၀၁၂၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၈-၂၁ မှာပါတဲ့ “ဂျူးလူမျိုးတစ်ယောက်ရဲ့ အဝတ်ကို အနှစ်ခုနစ်ဆယ်ကျော် ဆွဲကိုင်ခဲ့” ဆိုတဲ့ တွေ့ကြုံမှုကောင်းကို ဖတ်ကြည့်ပါ။

၁၇ တည်ဆောက်မှု ဖြစ်စေတဲ့ လုပ်ဆောင်မှု၊ ပေါင်းသင်းမှုတွေနဲ့ အလုပ်များနေပါ။ သင် အကြီးအကျယ် ပျော်ရွှင်ရပါလိမ့်မယ်။ အချိန် ကုန်မှန်းမသိ ကုန်သွားပါလိမ့်မယ်။ (ဧ. ၅:၁၆) လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ညီအစ်ကို/မတွေ သိပ်အလုပ်များပြီး များစွာ ပြီးမြောက်အောင်မြင်ခဲ့ကြတယ်။ ဒီနေ့အချိန်မှာ ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ပိုပြီးမြောက်အောင်မြင်နေပါတယ်။ ဒီလောက်အထိ အလင်းထွန်းလင်းနိုင်မယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး။

မောင်နှံတစ်စုံကို အကြီးအကဲနှစ်ယောက် သိုးထိန်းလည်ပတ်မှု လုပ်နေ

သိုးထိန်းလည်ပတ်မှုက ဘုရားသခင့် ဉာဏ်ပညာကနေ အကျိုးရဖို့ အခွင့်အရေး ရရှိစေ (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

၁၈၊ ၁၉။ သတိနဲ့ ဆက်စောင့်နေဖို့ အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

၁၈ မစုံလင်ပေမဲ့ ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုနိုင်လို့ အားရှိစရာပါပဲ။ ယေဟောဝါပေးတဲ့ “လက်ဆောင်၊” အသင်းတော် အကြီးအကဲတွေကို ကျေးဇူးတင်လေးမြတ်ပါ။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂ ကိုဖတ်ပါ။) နောက်တစ်ကြိမ် အကြီးအကဲတစ်ယောက် လာလည်ပတ်တဲ့အခါ သူ့ရဲ့ ဉာဏ်ပညာနဲ့ အကြံဉာဏ်ကနေ အကျိုးရယူပါ။

၁၉ အင်္ဂလန်နိုင်ငံက အိမ်ထောင်ရေးပြဿနာ ကြုံနေတဲ့ မောင်နှံစုံဟာ အကြီးအကဲ နှစ်ယောက်ဆီမှာ အကူအညီ တောင်းတယ်။ ဘုရားရေးရာမှာ ယောက်ျားဖြစ်သူ ဦးမဆောင်ဘူးလို့ ဇနီး ခံစားနေရတယ်။ ယောက်ျားကလည်း သွန်သင်ခြင်း စွမ်းရည် မရှိမှန်း၊ မိသားစုဝတ်ပြုမှု မှန်မှန် မလုပ်မှန်း ဝန်ခံတယ်။ အကြီးအကဲတွေက ယေရှုရဲ့ ပုံသက်သေအကြောင်း စဉ်းစားခိုင်းတယ်။ တပည့်တွေရဲ့ လိုအပ်ရာကို ဂရုစိုက်ပေးတဲ့ ယေရှုကို တုပဖို့ ယောက်ျားကို တိုက်တွန်းတယ်။ စိတ်ရှည်ဖို့ ဇနီးကို အားပေးတယ်။ သားသမီးနှစ်ယောက်နဲ့အတူ မိသားစုဝတ်ပြုမှု ဘယ်လို လုပ်နိုင်ကြောင်း လက်တွေ့ကျ အကြံဉာဏ်တွေ ပေးတယ်။ (ဧ. ၅:၂၁-၂၉) ဒါနဲ့ ယောက်ျားလည်း ဦးစီးကောင်းဖြစ်ဖို့ ကြိုးစားတယ်။ အကြီးအကဲတွေက လက်မလျှော့ဖို့၊ သန့်ရှင်းသော စွမ်းအားတော်ကို ဆက်အားကိုးနေဖို့ အားပေးကြတယ်။ သူတို့ရဲ့ မေတ္တာပါ စိတ်ဝင်စားမှုနဲ့ ကူညီထောက်မမှုက အလင်း ထွန်းလင်းနိုင်ဖို့ မိသားစုကို ကူညီပေးခဲ့တယ်။

၂၀။ အလင်း ထွန်းလင်းတဲ့အခါ ဘာအကျိုးရမလဲ။

၂၀ “ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး ကိုယ်တော်ရဲ့ လမ်းစဉ်တွေအတိုင်း လျှောက်လှမ်းသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဆာလံဆရာ ရေးတယ်။ (ဆာ. ၁၂၈:၁) ဘုရားကို ကိုးကွယ်ဖို့ တခြားသူတွေကို ဖိတ်ခေါ်ခြင်း၊ စည်းလုံးမှု တိုးများအောင် လုပ်ဆောင်ခြင်း၊ သတိနဲ့ စောင့်နေခြင်းအားဖြင့် အလင်း ထွန်းလင်းနေမယ်ဆိုရင် ကျွန်တော်တို့ ပိုပျော်ရွှင်ပါလိမ့်မယ်။ သင့်ရဲ့ အကျင့်ကောင်းကို တခြားသူတွေ မြင်ပြီး အဖဘုရားရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါလိမ့်မယ်။—မ. ၅:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ