ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ဆက်ဟောပြောနိုင်ဖို့ ပြင်ဆင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
    • ယေရှုက တမန်တော်တွေကို နှစ်ယောက်တစ်တွဲစီ စေလွှတ်ချိန်မှာ ဘယ်လို ဟောပြောရမယ်ဆိုတာ အကောင်းဆုံးညွှန်ကြားချက်တွေ ပေးတယ်။ ဒါတင်မကသေးဘူး။ အတိုက်အခံလုပ်သူတွေနဲ့ ပတ်သက်ပြီး အခုလို သတိပေးတယ်– “ဝံပုလွေအုပ်ထဲ သိုးတွေ လွှတ်လိုက်သလို ခင်ဗျားတို့ကို လွှတ်လိုက်ပြီ။ . . . လူတွေကို သတိထားပါ။ ခင်ဗျားတို့ကို တရားရုံးပို့ပြီး တရားဇရပ်တွေမှာ ရိုက်နှက်ကြလိမ့်မယ်။ ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်ကြလိမ့်မယ်။”—မဿဲ ၁၀:၁၆-၁၈။

  • နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ဆက်ဟောပြောနိုင်ဖို့ ပြင်ဆင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
    • တမန်တော် ၁၂ ယောက်ကို ပေးခဲ့တဲ့ ညွှန်ကြားချက်တွေ၊ သတိပေးချက်တွေ၊ အားပေးချက်တွေက ဘယ်လောက် ကောင်းလိုက်သလဲ။ အဲဒီစကားတွေက ယေရှုသေဆုံးပြီး ထမြောက်ပြီးနောက် ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်မယ့်သူ အားလုံးနဲ့လည်း သက်ဆိုင်တယ်။ ဘယ်လိုသိနိုင်သလဲ။ တပည့်တွေကို “လူတွေ မုန်းကြလိမ့်မယ်” လို့ယေရှုပြောတယ်။ အဲဒါက တမန်တော်တွေ သွားဟောပြောတဲ့ လူတွေကိုပဲ ရည်ညွှန်းနေတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက လူတွေကို ရည်ညွှန်းနေတာ။ ဒါ့အပြင် ဂါလိလဲပြည်မှာ ဟောပြောတဲ့ အချိန်တိုလေးအတွင်း တမန်တော်တွေဟာ ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်မခံခဲ့ရဘူး။ မိသားစုဝင်တွေကလည်း တမန်တော်တွေ အသတ်ခံရအောင် အပ်နှံတာမျိုး မရှိခဲ့ဘူး။

      ဒါကြောင့် တမန်တော်တွေကို ယေရှု အဲဒီစကားတွေ ပြောနေချိန်မှာ အနာဂတ်အကြောင်း စဉ်းစားနေမှန်း ရှင်းနေပါတယ်။ တပည့်တွေ “လှည့်လည်ဟောပြောလို့မပြီးခင် လူသား ရောက်လာလိမ့်မယ်” ဆိုတဲ့စကားကို သုံးသပ်ကြည့်ပါ။ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောလို့မပြီးခင် ဘုရားသခင်ခန့်အပ်တဲ့ တရားသူကြီးအဖြစ် ဘုရင်ယေရှုခရစ် ရောက်လာမယ်ဆိုတဲ့အကြောင်း တပည့်တွေကို ရှင်းပြနေတာဖြစ်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ