ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၃/၁ စာ. ၁၂
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှောလုကို ပေါလုအဖြစ် မည်သည့်အချိန်တွင် လူသိများလာခဲ့သနည်း။
  • သမ္မာကျမ်းစာခေတ်က နေထိုင်မှုဘဝပုံစံ—ငွေကြေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ရှောလု—သခင် ရွေးကောက်ရာ တန်ဆာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားသူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ဘုရားသခင့်နာမတော်အား သိရှိခဲ့ကြပုံ
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၃/၁ စာ. ၁၂

သင်သိပါသလော

မုဆိုးမ၏ဒင်္ဂါးနှစ်ပြားသည် မည်မျှ တန်ဖိုးရှိခဲ့သနည်း။

အေဒီ ပထမရာစုတွင် ဂျူးတို့သည် ဝတ်ပြုရာအိမ်တော်အတွက် နှစ်စဉ်အခွန်ငွေ “ဒိဒြမ္မ” ပေးဆောင်ရသည်၊ ယင်းသည် နှစ်ရက်လုပ်ခနီးပါးရှိသည်။ (မဿဲ ၁၇:၂၄) ယေရှုက စာငှက်နှစ်ကောင်ကိုမူ “အဿရိတစ်ပြားဖိုးနှင့်” ရောင်းသည်ဟုပြောခဲ့သည်၊ ယင်းသည် ၄၅ မိနစ်လုပ်ခနှင့်ညီမျှသည်။ ယင်းငွေနှစ်ဆဖြင့် စာငှက်ငါးကောင်ကိုရနိုင်သည်၊ သို့မဟုတ် မိနစ် ၉၀ ခန့်အလုပ်လုပ်ခဖြစ်သည်။—မဿဲ ၁၀:၂၉; လုကာ ၁၂:၆။

ယေရှုမြင်တွေ့ ခဲ့သော ဝတ်ပြုရာအိမ်တော်အတွက်အလှူငွေသွင်းချနေသည့် ဆင်းရဲသောမုဆိုးမ၏ငွေသည် ယင်းထက်ပင်တန်ဖိုးနည်း၏။ ယင်းဒင်္ဂါးနှစ်ပြား သို့မဟုတ် လက်ပ်တာနှစ်ပြားသည် ထိုအချိန်က ဣသရေလနိုင်ငံတွင်အသုံးပြုသော အသေးဆုံးကြေးနီငွေပြားဖြစ်သည်။ ယင်းသည် တစ်နေ့လုပ်ခ၏ ၁/၆၄ နှင့်ညီမျှသည်၊ သို့မဟုတ် ပျမ်းမျှတစ်နေ့ ၁၂ နာရီပေါ်အခြေခံပါက ၁၂ မိနစ်လုပ်ခထက်ပင်နည်းသေးသည်။

“မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲက နုတ်၍” လှူဒါန်းကြသူအားလုံးထက် မုဆိုးမ၏အလှူငွေကို သာ၍မြတ်သောငွေအဖြစ် ယေရှုခရစ်တန်ဖိုးထားခဲ့သည်။ အဘယ်ကြောင့်နည်း။ မှတ်တမ်းဖော်ပြချက်အရ မုဆိုးမ၌ “ဒင်္ဂါးနှစ်ပြား” သာရှိသည်ဖြစ်ရာ တစ်ပြားကိုလှူပြီး တစ်ပြားကိုသူ့အတွက် ချန်ထားနိုင်သည်။ သို့သော် သူသည် “မိမိအသက်မွေးစရာဥစ္စာရှိသမျှကို” သွန်းချခဲ့သည်။—မာကု ၁၂:၄၁-၄၄; လုကာ ၂၁:၂-၄။

ရှောလုကို ပေါလုအဖြစ် မည်သည့်အချိန်တွင် လူသိများလာခဲ့သနည်း။

တမန်တော်ပေါလုသည် ဟေဗြဲလူမျိုး၊ ရောမနိုင်ငံသားတစ်ဦးအဖြစ် မွေးဖွားခဲ့သည်။ (တမန်တော် ၂၂:၂၇၊ ၂၈; ဖိလိပ္ပိ ၃:၅) ထို့ကြောင့် ငယ်စဉ်မှစ၍ သူ့တွင် ဟေဗြဲအမည်ရှောလုနှင့် ရောမအမည်ပေါလုဟူ၍ နှစ်မျိုးစလုံးရှိခဲ့ဖွယ်ဖြစ်သည်။ ပေါလု၏ဆွေမျိုးတချို့တွင်လည်း ယင်းကဲ့သို့ ရောမနာမည်နှင့် ဂရိနာမည်ရှိခဲ့ကြသည်။ (ရောမ ၁၆:၇၊ ၂၁) ယင်းသည် ထိုအချိန်က ဂျူးတို့အတွက် အထူးအဆန်းမဟုတ်ချေ၊ အထူးသဖြင့် ဣသရေလနိုင်ငံပြင်ပတွင်နေထိုင်သူတို့အလယ်တွင် နာမည်နှစ်မျိုးရှိကြသည်။—တမန်တော် ၁၂:၁၂; ၁၃:၁။

ဤတမန်တော်သည် ခရစ်ယာန်ဖြစ်လာပြီးနောက် ဆယ်နှစ်ကျော်အထိ သူ၏ဟေဗြဲနာမည်ဖြစ်သောရှောလုကို ပို၍လူသိများဖွယ်ရှိသည်။ (တမန်တော် ၁၃:၁၊ ၂) သို့သော် အေဒီ ၄၇/၄၈ ခန့်၊ သူ၏ပထမခရစ်ယာန်သာသနာပြုခရီးစဉ်တွင် သူသည် ရောမနာမည်ပေါလုကို အသုံးပြုရန် ပိုလိုလားပေမည်။ သူသည် ဂျူးမဟုတ်သူများထံ သတင်းကောင်းဟောပြောရန် တာဝန်ရရှိခဲ့သောကြောင့် ရောမနာမည်ကို ပို၍လက်ခံလိမ့်မည်ဟု သူခံစားခဲ့ပေမည်။ (တမန်တော် ၉:၁၅; ၁၃:၉; ဂလာတိ ၂:၇၊ ၈) သူ၏ဟေဗြဲနာမည်ဖြစ်သော ရှောလု၏ဂရိအသံထွက်မှာ ဂရိစကားတွင် မကောင်းသောအဓိပ္ပာယ်သက်ဝင်သောကြောင့် ပေါလုဟူသောအမည်ကို အသုံးပြုခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ အပြောင်းအလဲပြုလုပ်ရသည့်အကြောင်းရင်းမှာ ပေါလုသည် “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလို့ငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” လိုကြောင်းပြလို၍ဖြစ်သည်။—၁ ကောရိန္သု ၉:၂၂။

[စာမျက်နှာ ၁၂ ပါပုံစာ]

လက်ပ်တာ၏ မူလအရွယ်အစား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ