ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၉ စာ. ၉၈-စာ. ၉၉ ပိုဒ်. ၇
  • တုံ့ပြန်မှုမရှိတဲ့လူမျိုးဆက် အဖြစ်ဆိုးကြုံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တုံ့ပြန်မှုမရှိတဲ့လူမျိုးဆက် အဖြစ်ဆိုးကြုံရ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာနထောင်လွှားသူနှင့် နှိမ့်ချသူ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၉ စာ. ၉၈-စာ. ၉၉ ပိုဒ်. ၇
ကောင်လေးတစ်ယောက် ဈေးမှာ ပလွေမှုတ်နေပေမဲ့ တခြားကလေးတွေ မကကြ

အခန်း ၃၉

တုံ့ပြန်မှုမရှိတဲ့ လူမျိုးဆက် အဖြစ်ဆိုးကြုံရ

မဿဲ ၁၁:၁၆-၃၀ လုကာ ၇:၃၁-၃၅

  • တချို့မြို့တွေကို ပြစ်တင်ရှုတ်ချ

  • သက်သာမှုနဲ့ လန်းဆန်းမှုပေးမယ်လို့ ကမ်းလှမ်း

ယေရှုက နှစ်ခြင်းပေးသူ ယောဟန်ကို အထင်ကြီး လေးစားပေမဲ့ လူအများစုကတော့ ယောဟန်ကို ဘယ်လို သဘောထားကြသလဲ။ ယေရှု ဒီလိုပြောတယ်– ‘ဒီလူမျိုးဆက်ကို ဘယ်သူနဲ့ နှိုင်းရမလဲ။ သူတို့ဟာ စျေးထဲမှာထိုင်ပြီး “ငါတို့ ပလွေမှုတ်တော့လည်း နင်တို့မကကြဘူး။ ငါတို့ငိုချင်းချတော့လည်း နင်တို့ ရင်ဘတ်ကိုထုပြီး မငိုကြဘူး” လို့ ကစားဖော်တွေကို အော်ပြောနေတဲ့ ကလေးတွေနဲ့တူတယ်။’—မဿဲ ၁၁:၁၆၊ ၁၇။

ယေရှု ဘာပြောချင်တာလဲ။ သူ အခုလို ရှင်းပြတယ်– “အများတကာလို မသောက်မစားတတ်တဲ့ ယောဟန် ရောက်လာတော့ ‘ဒီလူဟာ နတ်ဆိုးပူးနေတာပဲ’ လို့ ပြောကြတယ်။ အများတကာလို စားသောက်တဲ့ လူသား ရောက်လာတော့ ‘အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ မိတ်ဖွဲ့သူ၊ စားကြူးသောက်ကြူးသူ’ လို့ ပြောကြပြန်တယ်။” (မဿဲ ၁၁:၁၈၊ ၁၉) နာဇရိလူတစ်ယောက်လို ရိုးရိုးရှင်းရှင်း နေထိုင်ပြီး ဝိုင်တောင် မသောက်တဲ့ ယောဟန်ကို ဒီလူမျိုးဆက်က နတ်ဆိုးပူးနေတယ်လို့ ပြောကြတယ်။ (တောလည်ရာ ၆:၂၊ ၃။ လုကာ ၁:၁၅) အများတကာလို နေထိုင်ပြီး တော်သင့်ရုံစားသောက်တဲ့ ယေရှုကိုတော့ စားကြူးသောက်ကြူးတယ်လို့ စွပ်စွဲကြပြန်တယ်။ ဒီလူတွေ အလိုကျအောင်လုပ်ဖို့ မလွယ်ပါလား။

စျေးထဲမှာ ကစားဖော်တွေ ပလွေမှုတ်တော့လည်း မက၊ ငိုချင်းချတော့လည်း မငိုတဲ့ ကလေးတွေနဲ့ ဒီလူမျိုးဆက်ကို ယေရှုခိုင်းနှိုင်းတယ်။ ဒီနောက် “ဘာပဲပြောပြော၊ ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်” လို့ပြောတယ်။ (မဿဲ ၁၁:၁၆၊ ၁၉) မှန်ပါတယ်၊ “လုပ်ရပ်တွေ၊” တစ်နည်းအားဖြင့် ယောဟန်နဲ့ ယေရှုပြခဲ့တဲ့ အထောက်အထားတွေက ဒီလူမျိုးဆက်ရဲ့ စွပ်စွဲချက်တွေမှားကြောင်း သက်သေပြတယ်။

အဲဒီလူမျိုးဆက်ဟာ တုံ့ပြန်မှုမရှိသူတွေ ဖြစ်တယ်လို့ ယေရှုပြောပြီးနောက် ခေါရာဇိန်မြို့၊ ဗက်ဇဲဒမြို့နဲ့ ကပေရနောင်မြို့တို့ကို ပြစ်တင်ရှုတ်ချတယ်။ အဲဒီမြို့တွေမှာ သူလုပ်ပြခဲ့တဲ့ အံ့ဖွယ်အမှုတွေကို ဖိုနီးရှားမြို့တွေဖြစ်တဲ့ တိုင်ရာနဲ့ဆိုင်ဒုန်မှာသာ လုပ်ပြခဲ့ရင် ဒီမြို့သားတွေ နောင်တရနေလောက်ပြီလို့ ပြောတယ်။ အချိန်အတော်ကြာ နေထိုင်ခဲ့တဲ့ ကပေရနောင်မြို့အကြောင်းလည်း ပြောတယ်။ အဲဒီမှာလည်း လူအများစုက လက်မခံကြဘူး။ ဒါကြောင့် “တရားစီရင်ရာနေ့မှာ ခင်ဗျားတို့ဟာ သောဒုံနယ်ထက် ပိုခံရလိမ့်မယ်” လို့ယေရှုပြောတယ်။—မဿဲ ၁၁:၂၄။

ဒီနောက် တန်ဖိုးရှိတဲ့ အမှန်တရားတွေကို “ဉာဏ်ကြီးရှင်တွေ၊ ပညာတတ်တွေကို မဖော်ပြဘဲ ကလေးလို နှိမ့်ချသူတွေကို ဖော်ပြပေးတဲ့” အဖဘုရားကို ချီးမွမ်းတယ်။ (မဿဲ ၁၁:၂၅) ပြီးတော့ အခုလို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်တယ်– “ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ ကျွန်တော့်ထမ်းပိုးကိုထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။ ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။”—မဿဲ ၁၁:၂၈-၃၀။

ယေရှုက လူတွေကို ဘယ်လို လန်းဆန်းစေသလဲ။ ဘာသာရေးခေါင်းဆောင်တွေဟာ တင်းကျပ်လွန်းတဲ့ ဥပုသ်ပညတ်လိုမျိုး ထုံးတမ်းစဉ်လာတွေပြဋ္ဌာန်းပြီး လူတွေကို ဝန်ပိစေကြတယ်။ ယေရှုကတော့ လူတွေကို ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားသင်ပေးပြီး လန်းဆန်းစေတယ်၊ ထုံးတမ်းစဉ်လာတွေအောက်ကနေ လွတ်မြောက်စေတယ်။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် ဖိနှိပ်ခံနေရသူတွေ၊ အပြစ်လုပ်မိလို့ စိတ်ဆင်းရဲနေသူတွေအတွက် သက်သာရာလမ်းကိုလည်း ပြပေးတယ်။ မှန်ပါတယ်၊ သူတို့ရဲ့အပြစ်တွေ ဘယ်လို ခွင့်လွှတ်ခံရမယ်၊ ဘုရားနဲ့ ဘယ်လို ပြန်သင့်မြတ်နိုင်မယ်ဆိုတာ သင်ပေးတယ်။

ယေရှုရဲ့ ထမ်းလွယ်တဲ့ ထမ်းပိုးကို လက်ခံသူအားလုံးဟာ သူတို့ကိုယ်ကို ဘုရားဆီ ဆက်ကပ်အပ်နှံနိုင်ကြတယ်။ စာနာသနားတတ်ပြီး ကရုဏာတရားကြီးမားတဲ့ ကောင်းကင်ဖခင်ကို ဝတ်ပြုနိုင်ကြတယ်။ အဲဒီလိုလုပ်တဲ့အခါ ဝန်ပိတယ်လို့ မခံစားရဘူး။ အကြောင်းကတော့ ဘုရားပညတ်တွေဟာ ဝန်ထုပ်ဝန်ပိုးမဖြစ်လို့ပါပဲ။—၁ ယောဟန် ၅:၃။

  • ယေရှုခေတ်က လူမျိုးဆက်ဟာ ကလေးတွေနဲ့ တူတယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။

  • ကောင်းကင်ဖခင်ကို ယေရှု ဘာဖြစ်လို့ ချီးမွမ်းခဲ့တာလဲ။

  • လူတွေဟာ ဘယ်လိုနည်းတွေနဲ့ ဝန်ပိနေကြသလဲ။ ယေရှုက ဘယ်လို လန်းဆန်းစေသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ