ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၃၉
  • မာနထောင်လွှားသူနှင့် နှိမ့်ချသူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာနထောင်လွှားသူနှင့် နှိမ့်ချသူ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • တုံ့ပြန်မှုမရှိတဲ့လူမျိုးဆက် အဖြစ်ဆိုးကြုံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • “ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၃၉

အခန်း ၃၉

မာနထောင်လွှားသူနှင့် နှိမ့်ချသူ

နှစ်ခြင်းဆရာယောဟန်ကိုချီးမွမ်းပြီး မိမိဝန်းကျင်ရှိ မာနကြီး၍ စိတ်ပြောင်းလွယ်သူတို့အားယေရှုက ‘ဤခေတ်လူတို့သည် ဈေးကွက်တွင်ထိုင်နေသည့် ကလေးများနှင့်တူသည်။ သူငယ်တစ်စုအား ငါတို့သည်တီးမှုတ်သော်လည်း သင်တို့မကကြ။ ငါတို့သည်ငိုချင်းဆိုသော်လည်း သင်တို့မငိုကြ ဟုပြောတတ်ကြ၏” ဟူ၍ဆိုသည်။

ယေရှုဘာကိုဆိုလိုသနည်း။ ဤသို့ရှင်းပြသည်။ “ယောဟန်သည် မသောက်မစားဘဲလာသောအခါ လူတို့က ‘ဤသူသည်နတ်မိစ္ဆာပူးနေသူဖြစ်သည်’ ဟုဆိုကြ၏။ လူသားသည်စားလျက်သောက်လျက်လာသောအခါ၌မူ လူတို့က ‘ကြည့်လော့။ ဤသူသည်စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့နှင့် အပြစ်သားများ၏မိတ်ဆွေဖြစ်၏’ ဟုဆိုကြပြန်၏။” (ကဘ)

လူတို့စိတ်တိုင်းကျအောင်လုပ်ရန်မလွယ်ပါ။ ကောင်းကင်တမန်ဆိုသည့်အတိုင်း ယောဟန်သည် “စပျစ်ရည်နှင့်ယစ်မျိုးကိုမသောက်ဘဲ နာဇရိသားအဖြစ်ခြိုးခြံနေခဲ့” သည်။ သို့သော် သူ့အားနတ်ပူးသည်ဟုဆိုကြသည်။ ယေရှုမူ ခြိုးခြံမနေဘဲ အခြားသူများကဲ့သို့နေသည့်အတွက် စားကြူးသောက်ကြူးသူဟု ပြောခံရသည်။

လူ့အလိုလိုက်ရန် ခက်ခဲလှသည်။ ကစားဖော်များ တီးမှုတ်သည့်အခါ မကမခုန်၊ ငိုချင်းဆိုသည့်အခါ မငိုမကြွေးသည့်ကလေးများနှင့်တူသည်။ သို့ဖြစ်စေကာမူ “ပညာသည် မိမိအပြုအမူအားဖြင့် မိမိဖြောင့်မတ်သည်ကိုထင်ရှားစေသည်” (သမ္မ) ဟုယေရှုဆိုသည်။ မှန်သည်။ ယောဟန်နှင့်ယေရှုအားစွပ်စွဲချက်များသည် မမှန်ကြောင်းထင်ရှားသည်။

ထိုနောက်ယေရှုတန်ခိုးများစွာပြခဲ့သော ခေါရာဇိန်မြို့၊ ဗက်ဇဲဒမြို့နှင့်ကပေရနောင်မြို့များကို အပြစ်တင်သည်။ ဖိနိတ်ပြည်ရှိ တုရုနှင့်ဇိဒုန်မြို့များတွင် ၄င်းအံ့ဖွယ်ရာများကို ပြတော်မူလျှင် ထိုမြို့များသည် လျှော်တေအဝတ်ကိုဝတ်၍ ပြာနှင့်လူးလျက် နောင်တရကြလိမ့်မည်ဟု ယေရှုဆိုသည်။ ဓမ္မအမှုဆောင်ချိန်တွင် ကိုယ်တော်၏နေမြဲလိပ်စာ ကပေရနောင်မြို့ကိုအပြစ်တင်ကာ “တရားစီရင်တော်မူရာနေ့၌ သင်သည်သောဒုံမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်” ဟုယေရှုမိန့်တော်မူသည်။

၄င်းနောက် ကောင်းကင်ခမည်းတော်သည် ပညာရှင်များအား တန်ဖိုးရှိသမ္မာတရားကိုမဖော်ပြဘဲ သူငယ်များကဲ့သို့သောသာမညလူတို့အား ဖော်ပြတော်မူသဖြင့် ဘုရားသခင်ကိုချီးမွမ်းသည်။

နောက်ဆုံးတွင် “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုလှိုက်လှဲစွာဖိတ်ခေါ်သည်။

ယေရှုမည်သို့သက်သာစေသနည်း။ ဘာသာရေးခေါင်းဆောင်များက လူတို့အားဝန်ပိစေသောထုံးတမ်းစဉ်လာအချုပ်အနှောင်များ၊ ဥပမာ၊ ဥပုသ်စောင့်ရန်တင်းကြပ်သောပညတ်များ စသည်တို့အောက်မှ လွတ်မြောက်စေသည်။ နိုင်ငံရေးအာဏာစက်များ၏အုပ်ချုပ်မှုအောက် ဝန်ပိသူများနှင့်သြတ္တပ္ပစိတ်ဆင်းရဲမှုကိုခံနေရသည့် အပြစ်သားများအား သက်သာရာလမ်းကို ပြသပေးခြင်းအားဖြင့်ဖြစ်သည်။ ဤကဲ့သို့ဆင်းရဲခြင်းခံနေရသူများသည် မိမိတို့အပြစ်လွှတ်ခြင်းကို မည်သို့ရနိုင်၍ ဘုရားသခင်နှင့်ဆက်ဆံမှုကောင်းမွန်လာရန် မည်သို့ပြုလုပ်နိုင်ကြောင်း ကိုယ်တော်ဖေါ်ပြပါသည်။

ယေရှုကမ်းလှမ်းသည့် ထမ်းရလွယ်ကူသောထမ်းပိုးသည် ဘုရားသခင်ထံ လုံးလုံးဆက်ကပ်အပ်နှံခြင်း၊ သနားကြင်နာသော ကောင်းကင်ခမည်းတော်၏အမှုတော်ကို ကျွန်ုပ်တို့ထမ်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်ထံလာရောက်သူတို့အား ယေရှုကမ်းလှမ်းသည့်ပေါ့ပါးသောဝန်ကား အသက်ရခြင်းဆိုင်ရာ ဘုရားသခင်၏မိန့်တော်မူချက်များကို နာခံခြင်းဖြစ်သည်။ ၄င်းတို့သည်လုံးလုံးဝန်လေးခြင်း၊ ပင်ပန်းခြင်းမရှိချေ။ မဿဲ ၁၁:၁၆-၃၀။ လုကာ ၁:၁၅၊ ၇:၃၁-၃၅။ ၁ ယောဟန် ၅:၃။

▪ ယေရှုနှင့် တစ်ခေတ်တည်းသားများသည် အဘယ်နည်းဖြင့် ကလေးသူငယ်များနှင့်တူသနည်း။

▪ ကောင်းကင်ခမည်းတော်ကိုချီးမွမ်းရန် ယေရှုအဘယ်ကြောင့်လှုံ့ဆော်ခံရသနည်း။

▪ အဘယ်နည်းမျိုးစုံဖြင့် လူများဝန်ပိနေသနည်း။ အဘယ်သက်သာရာကို ယေရှုကမ်းလှမ်းသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ