ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၄၆ စာ. ၁၁၆-စာ. ၁၁၇ ပိုဒ်. ၉
  • ယေရှုရဲ့ဝတ်လုံကိုတို့လိုက်လို့ ရောဂါပျောက်သွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုရဲ့ဝတ်လုံကိုတို့လိုက်လို့ ရောဂါပျောက်သွား
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော်၏ဝတ်လုံကိုသူမ တို့ခဲ့
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှု အံ့ဩစရာတွေ လုပ်ပြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု လူသေတွေကို ပြန်ရှင်အောင်လုပ်ပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • တို့တစ်တွေ သေခြင်းကနေ ပြန်နိုးလာနိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၄၆ စာ. ၁၁၆-စာ. ၁၁၇ ပိုဒ်. ၉
အမျိုးသမီးတစ်ယောက် ယေရှုရဲ့ဝတ်လုံကိုတို့၊ တစ်ယောက်ယောက် တို့လိုက်မှန်း ယေရှုသိသွား

အခန်း ၄၆

ယေရှုရဲ့ ဝတ်လုံကို တို့လိုက်လို့ ရောဂါပျောက်သွား

မဿဲ ၉:၁၈-၂၂ မာကု ၅:၂၁-၃၄ လုကာ ၈:၄၀-၄၈

  • အမျိုးသမီးတစ်ယောက် ယေရှုရဲ့ ဝတ်လုံကို တို့လိုက်လို့ ရောဂါပျောက်သွား

ဒေကာပေါလိနယ်ကနေ ယေရှုပြန်လာပြီ ဆိုတဲ့သတင်းက ဂါလိလဲအိုင် အနောက်မြောက်ဘက်ကမ်းမှာ နေထိုင်တဲ့ ဂျူးတွေကြားထဲ ပျံ့နှံ့သွားတယ်။ လေမုန်တိုင်းကို ငြိမ်သက်စေတာ၊ နတ်ဆိုးပူးတဲ့သူကို ကုသပေးတာတွေကို သူတို့ကြားထားပုံပဲ။ ဒါကြောင့် ယေရှုကို ကြိုဆိုဖို့ “လူတွေ အုပ်လိုက်ကြီး” အိုင်နားမှာ စုရုံးလာတယ်။ အဲဒါက ကပေရနောင်မြို့နားမှာ ဖြစ်မယ်။ (မာကု ၅:၂၁) ကမ်းပေါ်ကို ယေရှုခြေချလိုက်တာနဲ့ စောင့်နေတဲ့ လူအုပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။

ယေရှုကို သိပ်တွေ့ချင်နေတဲ့ လူတစ်ယောက်ကတော့ တရားဇရပ်မှူး ယာအိရုပဲ။ အဲဒီတရားဇရပ်ဟာ ကပေရနောင်မြို့မှာ ရှိတာ ဖြစ်နိုင်တယ်။ သူက ယေရှုရဲ့ ခြေရင်းမှာ လာဦးညွှတ်ပြီး “ဆရာ၊ ကျွန်တော့်သမီးလေး အသည်းအသန် ဖျားနေပါတယ်။ ဆရာလိုက်လာပြီး သမီးလေးအပေါ် လက်တင်လိုက်ရင် သူ နေကောင်းသွားမှာပါ” လို့ တဖွဖွ တောင်းပန်တယ်။ (မာကု ၅:၂၃) သူသိပ်ချစ်ရတဲ့ ၁၂ အရွယ် တစ်ဦးတည်းသော သမီးလေးကို ကုပေးဖို့ တောင်းပန်နေတာ။—လုကာ ၈:၄၂။

ယာအိရုအိမ်ကို သွားတဲ့လမ်းမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတစ်ခုနဲ့ ယေရှုကြုံလိုက်ရတယ်။ သူ့နောက်ကို လိုက်လာတဲ့လူတွေက ဘာအံ့ဖွယ်အမှုများ မြင်ရဦးမလဲလို့ တွေးပြီး စိတ်လှုပ်ရှားနေကြတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူ့ရောဂါအကြောင်းပဲ တွေးနေတယ်။

အဲဒီ ဂျူးအမျိုးသမီးဟာ ၁၂ နှစ်လုံးလုံး သွေးသွန်နာ စွဲနေတယ်။ သမားတော်လည်း စုံ၊ ဆေးလည်း စုံ၊ စည်းစိမ်လည်း ကုန်သွားပေမဲ့ ရောဂါမသက်သာတဲ့အပြင် “ပိုလို့တောင် ဆိုးလာတယ်။”—မာကု ၅:၂၆။

သူ့ရောဂါကြောင့် အားနည်းနေမယ်၊ နေရထိုင်ရ ခက်နေမယ်၊ ရှက်ရွံ့နေမယ်ဆိုတာ နားလည်နိုင်ပါတယ်။ အဲဒီလို အခြေအနေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလို့လည်း မရဘူး။ ဒါ့အပြင် မောရှေပညတ်အရ သွေးဆင်းနေတဲ့ မိန်းမဟာ မသန့်ရှင်းဘူး။ သူ့ကိုဖြစ်ဖြစ်၊ သွေးပေနေတဲ့ သူ့အဝတ်အစားတွေကိုဖြစ်ဖြစ် ထိမိကိုင်မိသူဟာ ရေချိုးရမယ်၊ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။—ဝတ်ပြုရာ ၁၅:၂၅-၂၇။

သူက “ယေရှုရဲ့သတင်းကို ကြားတဲ့အခါ” တွေ့ချင်လို့ လိုက်ရှာတယ်။ မသန့်မရှင်းဖြစ်နေတာမို့ လူအုပ်ထဲ မသိမသာ တိုးဝင်လာပြီး “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့စိတ်ထဲ တွေးနေတယ်။ ဒီနောက် ယေရှုဝတ်လုံရဲ့ အမြိတ်ကို တို့လိုက်တဲ့အခါ ချက်ချင်းဆိုသလို သွေးဆင်းတာ ရပ်သွားပြီး “ရောဂါ သက်သာသွားတာကို” ခံစားလိုက်ရတယ်။—မာကု ၅:၂၇-၂၉။

ယေရှုက “ကျွန်တော့်ကို ဘယ်သူ တို့သလဲ” လို့မေးတယ်။ ဒါကိုကြားလိုက်တဲ့အခါ အမျိုးသမီး ဘယ်လို ဖြစ်သွားမယ်လို့ သင်ထင်သလဲ။ ပေတရုကတော့ နားမလည်နိုင်လို့ “ဆရာရယ်၊ လူတွေ ဒီလောက် ကြိတ်ကြိတ်တိုးနေတာ” ဆိုပြီး ဝင်ပြောတယ်။ ဒါပေမဲ့ ယေရှုက “တစ်ယောက်ယောက်ကတော့ တို့ ပါတယ်။ ကျွန်တော့်ဆီက တန်ခိုးထွက်သွားတာ သိလိုက်တယ်” လို့ပြောတယ်။—လုကာ ၈:၄၅၊ ၄၆။

အမျိုးသမီးက ပုန်းလို့မရတော့မှန်း သိလိုက်တဲ့အခါ ယေရှုရှေ့မှာ လာဒူးထောက်တယ်။ သူ့ခမျာ ကြောက်လန့်ပြီး တဆတ်ဆတ် တုန်နေရှာတယ်။ ပြီးတော့ သူ့ရောဂါအကြောင်း၊ အခုလေးတင် ရောဂါပျောက်သွားတဲ့အကြောင်း လူအားလုံးရှေ့မှာ ဖွင့်ပြောတယ်။ ဒါနဲ့ ယေရှုက “သမီး၊ သမီးရဲ့ ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ။ စိတ်အေးလက်အေးသာ ပြန်ပါတော့။ ရောဂါနှိပ်စက်တဲ့ဒဏ် ကင်းဝေးပါစေ” လို့ ကြင်ကြင်နာနာ ပြောပြီး နှစ်သိမ့်ပေးလိုက်တယ်။—မာကု ၅:၃၄။

မှန်ပါတယ်၊ ကမ္ဘာမြေကြီးကို အုပ်ချုပ်ဖို့ ဘုရားရွေးချယ်ထားတဲ့ဘုရင်ဟာ အကြင်နာတရား၊ ကရုဏာတရား ကြီးမားတဲ့သူပါ။ လူတွေကို ဂရုစိုက်ပြီး ကူညီပေးချင်ရုံမက ကူညီပေးနိုင်တဲ့ တန်ခိုးလည်းရှိတယ်။

  • ကပေရနောင်မြို့ကို ယေရှုပြန်လာတဲ့အခါ လူတွေစုရုံးပြီး ကြိုဆိုကြတာ ဘာကြောင့်လဲ။

  • အမျိုးသမီးတစ်ယောက် ဘာရောဂါ ခံစားနေရသလဲ။ ယေရှုကို သူဘာဖြစ်လို့ လိုက်ရှာတာလဲ။

  • အမျိုးသမီးရဲ့ရောဂါ ဘယ်လို ပျောက်သွားသလဲ။ သူ့ကို ယေရှု ဘယ်လို နှစ်သိမ့်ပေးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ