ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၁၆
  • ယေရှု ကမ္ဘာပေါ်ရှိချိန် လုပ်ဆောင်ခဲ့ရာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ကမ္ဘာပေါ်ရှိချိန် လုပ်ဆောင်ခဲ့ရာများ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • လူသားတွေကို ယေရှု ချစ်မြတ်နိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေရှုရဲ့ အံ့ဖွယ်အမှုတွေကနေ ဘာသင်ယူနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေရှုဟာ ဘယ်သူလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၁၆
သင်ခန်းစာ ၁၆။ တောင်ကုန်းမှာ ထိုင်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ယေရှု သွန်သင်နေ။

သင်ခန်းစာ ၁၆

ယေရှု ကမ္ဘာပေါ်ရှိချိန် လုပ်ဆောင်ခဲ့ရာများ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေရှုကို ဘာမှမစွမ်းဆောင်နိုင်တဲ့ မွေးကင်းစလေး၊ ပညာရှိ ပရောဖက်၊ သေဆုံးခါနီးလူဆိုပြီး လူအများ ယူဆကြတယ်။ ဒါပေမဲ့ ကမ္ဘာပေါ် ယေရှုရဲ့ အသက်တာအကြောင်း ဆန်းစစ်မယ်ဆိုရင် ပိုသိလာနိုင်တယ်။ ယေရှု လုပ်ခဲ့တဲ့ အရေးကြီးဆုံးအရာတွေ၊ အဲဒါတွေက သင့်အတွက် အကျိုးရှိစေပုံတို့ကို ဒီသင်ခန်းစာမှာ သုံးသပ်ပါမယ်။

၁။ ယေရှုရဲ့ အဓိကအလုပ်က ဘာလဲ။

ယေရှုရဲ့ အဓိကအလုပ်က ‘ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောခြင်း’ ဖြစ်တယ်။ (လုကာ ၄:၄၃ ကို ဖတ်ပါ။) လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ့် နိုင်ငံတော် တစ်နည်းအားဖြင့် အစိုးရကို ဘုရားတည်ထောင်တော့မယ်ဆိုတဲ့ သတင်းကောင်း ဟောခဲ့တယ်။a ဒီသတင်းကောင်းကို သုံးနှစ်ခွဲတိုင်တိုင် ကြိုးစားပမ်းစား ဟောပြောခဲ့တယ်။​—မဿဲ ၉:၃၅။

၂။ ယေရှု ဘာကြောင့် အံ့ဖွယ်အမှုတွေ လုပ်ခဲ့သလဲ။

‘ဘုရားသခင်က ယေရှုကိုသုံးပြီး တန်ခိုးတွေ၊ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ’ လုပ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တမန်တော် ၂:၂၂) ယေရှုက ဘုရားပေးတန်ခိုးနဲ့ လေမုန်တိုင်းကို ငြိမ်သက်စေတယ်။ လူထောင်နဲ့ချီကို ကျွေးမွေးတယ်။ ဖျားနာသူတွေကို ကျန်းမာစေတယ်။ လူသေကိုတောင် အသက်ပြန်ရှင်စေတယ်။ (မဿဲ ၈:​၂၃-၂၇။ ၁၄:​၁၅-၂၁။ မာကု ၆:၅၆။ လုကာ ၇:​၁၁-၁၇) ဒီအံ့ဖွယ်အမှုတွေက ယေရှုဟာ ဘုရား စေလွှတ်လိုက်သူဖြစ်မှန်း သိစေတယ်။ လူ့ပြဿနာအားလုံးကို ယေဟောဝါ ဖြေရှင်းနိုင်စွမ်း ရှိကြောင်းကိုလည်း ဖော်ပြတယ်။

၃။ ယေရှုရဲ့ အသက်ရှင်နေထိုင်ပုံကနေ ဘာသင်ယူနိုင်သလဲ။

ယေရှုဟာ ယေဟောဝါကို အရာရာမှာ နာခံတယ်။ (ယောဟန် ၈:၂၉ ကို ဖတ်ပါ။) ဆန့်ကျင်မှုတွေကြားမှာ ဖခင်လုပ်စေချင်တာကို အသက်သေဆုံးချိန်အထိ သစ္စာရှိရှိ လုပ်ဆောင်တယ်။ ဒါက လူတွေဟာ အခက်အခဲကြားမှာတောင် ဘုရားသခင်ကို အမှုဆောင်နိုင်တယ်ဆိုတာ သိစေတယ်။ ဒီနည်းနဲ့ ယေရှုက “သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။”​—၁ ပေတရု ၂:၂၁။

ရှာဖွေလေ တွေ့ရှိလေ

ယေရှု သတင်းကောင်း ဟောခဲ့ပုံ၊ အံ့ဖွယ်အမှုတွေ လုပ်ခဲ့ပုံအကြောင်း သုံးသပ်ပါ။

၄။ ယေရှု သတင်းကောင်း ဟောခဲ့

ယေရှုဟာ ဖုန်ထူတဲ့လမ်းမှာ မိုင်ရာနဲ့ချီ ခြေကျင်လျှောက်ပြီး လူများနိုင်သမျှ များများကို သတင်းကောင်း ဟောတယ်။ လုကာ ၈:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေရှုက မိမိဆီလာတဲ့ လူအုပ်ကိုပဲ ဟောသလား။

  • လူတွေကို ရှာတွေ့ဖို့ ယေရှု ဘယ်လို ကြိုးစားသလဲ။

မေရှိယ သတင်းကောင်း ဟောမယ်ဆိုပြီး ဘုရား ကြိုဟောထားတယ်။ ဟေရှာယ ၆၁:၁၊ ၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကြိုဟောချက်ကို ယေရှု ဘယ်လို ပြည့်စုံစေသလဲ။

  • ဒီသတင်းကောင်းကို အခုခေတ် လူတွေကြားဖို့ လိုမယ် ထင်ပါသလား။

တပည့်တွေနဲ့အတူ ယေရှု ရွာထဲ ဝင်လာ။

၅။ ယေရှု အဖိုးတန် သင်ခန်းစာတွေ သင်ပေးခဲ့

ယေရှုက ဘုရားနိုင်ငံတော် သတင်းကောင်း ဟောတဲ့အပြင် လက်တွေ့ကျ သင်ခန်းစာတွေလည်း သင်ပေးတယ်။ နာမည်ကျော် တောင်ပေါ် ဒေသနာထဲက နမူနာတချို့အတွက် မဿဲ ၆:၁၄၊ ၃၄ နဲ့ ၇:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေမှာ ယေရှု ဘယ်လက်တွေ့ကျ အကြံဉာဏ် ပေးသလဲ။

  • ဒီအကြံဉာဏ်ဟာ အခုခေတ်မှာ အသုံးဝင်မယ်လို့ ထင်ပါသလား။

အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေပါတဲ့ လူအုပ်ကို ယေရှု တောင်ပေါ်ဒေသနာ သွန်သင်နေ။

၆။ ယေရှု အံ့ဖွယ်အမှုတွေ လုပ်ခဲ့

ယေဟောဝါက ယေရှုကို အံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့တန်ခိုး ပေးခဲ့တယ်။ နမူနာအနေနဲ့ မာကု ၅:၂၅-၃၄ ကို ဖတ်ပါ။ ဒါမှမဟုတ် ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ရောဂါသည်အမျိုးသမီး ပြန်ကျန်းမာလာ (၅:၁၀)

  • ဒီဗီဒီယိုထဲက ရောဂါသည်အမျိုးသမီး ဘာကို ယုံသလဲ။

  • ဒီအံ့ဖွယ်အမှုမှာ ဘယ်အချက်ကို သဘောကျပါသလဲ။

ယောဟန် ၅:၃၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ယေရှုအကြောင်း ဘာသက်သေထူသလဲ။

သွေးသွန်ရောဂါ သက်သာသွားပြီးနောက် ထိတ်လန့်နေတဲ့ အမျိုးသမီးကို ယေရှု ဒူးထောက်ပြီး စကားပြောနေ။

စိတ်ဝင်စားစရာအချက်

ကမ္ဘာပေါ် ယေရှုရဲ့ အသက်တာအကြောင်း မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်း လေးစောင်မှာ မှတ်တမ်း တင်ထားတယ်။ ခရစ်ဝင်ကျမ်းရေးသူတွေက ယေရှုအကြောင်း မတူညီတဲ့ အသေးစိတ်အချက်တွေ ရေးခဲ့တယ်။ ဒါတွေက ယေရှုရဲ့အသက်တာကို ရုပ်လုံးပေါ်စေပြီး စိတ်ဝင်စားစရာ ဖြစ်စေတယ်။

  • မဿဲ

    ပထမခရစ်ဝင်ကျမ်းကို ရေးခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်၊ အထူးသဖြင့် ဘုရားနိုင်ငံတော်အကြောင်း အလေး ပေးတယ်။

  • မာကု

    အတိုဆုံး ခရစ်ဝင်ကျမ်းကို ရေးခဲ့တယ်။ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေ ပါတယ်။

  • လုကာ

    ဆုတောင်းခြင်း အရေးကြီးပုံ၊ အမျိုးသမီးတွေကို ယေရှု ပြုမူဆက်ဆံပုံကို အလေးပေးတယ်။

  • ယောဟန်

    မိတ်ဆွေရင်းတွေ၊ တခြားသူတွေနဲ့ ယေရှု ပြောတဲ့စကားတွေ ပါတဲ့အတွက် ယေရှုရဲ့ ပင်ကိုစရိုက်ကို သိစေတယ်။

လူတချို့ အဆို။ “ယေရှုဟာ သာမန် လူကောင်းတစ်ယောက်ပါပဲ။”

  • သင်ကော ဘယ်လို ထင်ပါသလဲ။

အနှစ်ချုပ်

ယေရှုက ဘုရားနိုင်ငံတော်အကြောင်း ဟောတယ်။ အံ့ဖွယ်အမှုတွေ လုပ်တယ်။ ယေဟောဝါကို အရာရာမှာ နာခံတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကမ္ဘာပေါ်ရှိနေချိန် ယေရှုရဲ့ အဓိကအလုပ်က ဘာလဲ။

  • ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေက ဘာကို သက်သေထူသလဲ။

  • ဘယ်လက်တွေ့ကျ သင်ခန်းစာတွေကို ယေရှု သင်ပေးသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ယေရှု ဘာအကြောင်း အပြောများသလဲ။

‘ဘုရားနိုင်ငံတော်က ယေရှုအတွက် ဘာဖြစ်လို့ အရေးကြီးသလဲ’ (ကင်းမျှော်စင် အောက်တိုဘာ ၁၊ ၂၀၁၄)

ယေရှု အံ့ဖွယ်အမှုတွေ လုပ်ခဲ့ကြောင်း စိတ်ချနိုင်ပုံကို ဖတ်ကြည့်ပါ။

‘ယေရှု၏အံ့ဖွယ်အမှုများ​—အဘယ်အရာ သင်ယူနိုင်သနည်း’ (ကင်းမျှော်စင် ဇူလိုင် ၁၅၊ ၂၀၀၄)

ယေရှုရဲ့ ကိုယ်ကျိုးစွန့်မှုကြောင့် လူတစ်ဦး ပြောင်းလဲသွားပုံကို ဖတ်ကြည့်ပါ။

“ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ခဲ့” (ကင်းမျှော်စင် အောက်တိုဘာ ၁၊ ၂၀၁၄)

ယေရှု အမှုဆောင်ချိန် အဓိက ဖြစ်ရပ်များ သက္ကရာဇ်စဉ်အလိုက် ဖော်ပြချက်ကို ကြည့်ပါ။

“ယေရှုရဲ့ မြေကြီးအသက်တာ အဓိက ဖြစ်ရပ်များ” (ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲ က၇)

a ဘုရားနိုင်ငံတော်အကြောင်း အသေးစိတ်ကို သင်ခန်းစာ ၃၁-၃၃ မှာ ဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ