-
ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
-
-
၆၊ ၇။ ယေရှုဟာ အလုပ်ကြိုးစားသူဖြစ်မှန်း ဖော်ပြတဲ့ ဘယ်မှတ်တမ်း ရှိသလဲ။
၆ ယေရှုဟာ အလုပ်ကြိုးစားသူဆိုတဲ့ နာမည်ကောင်းကို ရထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ လူသားအဖြစ် မလာခင်၊ “ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ” ကို ဖန်ဆင်းချိန်မှာ ဘုရားသခင်ရဲ့ “ကျွမ်းကျင်လုပ်သားအဖြစ်” အမှုထမ်းခဲ့တယ်။ (ကောလောသဲ ၁:၁၅-၁၇။ ပညာအလိမ္မာ ၈:၂၂-၃၁) မြေကြီးပေါ်မှာလည်း ယေရှုဟာ လုံ့လဝီရိယရှိတဲ့ လုပ်သားတစ်ဦး ဖြစ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆောက်လုပ်ရေးအတတ်ပညာကို သင်ယူပြီး “လက်သမား” ဆိုတဲ့နာမည် ရခဲ့တယ်။a (မာကု ၆:၃) အထူးသဖြင့် သစ်စက်၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ မပေါ်ခင် ခေတ်တုန်းက လက်သမားအလုပ် လုပ်ဖို့ ခွန်အားစိုက်ထုတ်ရရုံမက အဘက်ဘက်မှာ ကျွမ်းကျင်ဖို့လည်း လိုတယ်။ သစ်ပင်ကို ကိုယ်တိုင်ခုတ်လှဲပြီး အလုပ်ခွင်ဆီ သယ်လာရတဲ့ ယေရှုကို မြင်ယောင်ကြည့်နိုင်သလား။ အိမ်ဆောက်တဲ့အခါ ရက်မတွေ တပ်ဆင်တာ၊ တံခါးတွေ တပ်တာ၊ ပရိဘောဂ လုပ်တာတွေကို မြင်ယောင်ကြည့်နိုင်သလား။ ယေရှုဟာ အလုပ်ကို ကြိုးစားပမ်းစား၊ ကျွမ်းကျွမ်းကျင်ကျင် လုပ်ပြီးတဲ့နောက် ပျော်ရွှင်ကျေနပ်မှု ခံစားခဲ့ရမှာ သေချာတယ်။
-
-
ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
-
-
a “လက်သမား” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးဟာ အများအားဖြင့် “သစ်သားနဲ့ အိမ်ဆောက်သူ၊ ပရိဘောဂ ဒါမှမဟုတ် တခြားသစ်သားထည်တွေ ပြုလုပ်သူအတွက် သုံးတဲ့ စကားလုံးဖြစ်တယ်။”
-