ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၅၈
  • မုန့်များနှင့်တဆေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မုန့်များနှင့်တဆေး
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • မုန့်တွေကို ပွားများစေပြီး တဆေးအကြောင်း သတိပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ထောင်နှင့်ချီသောလူအုပ်အား အံ့ဖွယ်နည်းဖြင့်ယေရှုကျွေးမွေး
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ လူထောင်ချီကို ကျွေးမွေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၅၈

အခန်း

မုန့်များနှင့်တဆေး

ဒေကာပေါလိတွင် ယေရှုထံလူအုပ်ကြီး ရောက်ရှိလာသည်။ တစ်ပါးအမျိုးသားများ နေထိုင်သည့်ဤအရပ်သို့ ကိုယ်တော်၏တရားကို လာရောက်နားထောင်ကာ သူတို့၏ချို့တဲ့မှုများ ပျောက်ကင်းရန် ခရီးဝေးနှင်လာကြသည်။ တစ်ပါးအမျိုးသားနယ်ပယ်တွင် ခရီးသွားကြသည့်အခါ စားနပ်ရိက္ခာ သယ်ယူလေ့ရှိ၍ သူတို့နှင့်အတူ ခြင်းတောင်းများ ပါလာကြသည်။

သို့ရာတွင် တပည့်များအားယေရှု ဤသို့မိန့်တော်မူသည်။ “ဤလူများကိုငါသနား၏။ သုံးရက်ပတ်လုံးငါနှင့်အတူရှိကြပြီး စားစရာအလျှင်းမရှိ။ အချို့တို့သည် အဝေးကလာသည်ဖြစ်၍ အစာမစားမီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြလိမ့်မည်။”

တပည့်တို့ကလည်း “ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ဝစွာကျွေးနိုင်ပါမည်နည်း” ဟုမေးသည်။

ယေရှုက “သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်း” ဟုပြန်မေးမြန်းသည်။

“မုန့်ခုနစ်လုံးနှင့် ငါးအနည်းငယ်ရှိသည်” ဟုအဖြေရသည်။

လူအစုအဝေးကို မြေပေါ်မှာလျောင်းစေပြီးနောက် မုန့်နှင့်ငါးများကိုယူ၍ ဘုရားသခင်ထံဆုတောင်းပြီး ၄င်းတို့ကိုဖဲ့၍ တပည့်တော်များအားပေးတော်မူ၏။ သူတို့ကလူအုပ်ကိုတစ်ဆင့်ဝေပေးကြရာ ဝစွာစားကြသည်။ ကြွင်းသည့်အစာကို ကောက်သိမ်းပြီးသော် ခုနစ်တောင်းအပြည့်ရကြသည်။ ယင်းကားအမျိုးသမီးများနှင့် ကလေးများအပြင် အမျိုးသား ၄,၀၀၀ စားသုံးပြီးနောက်ဖြစ်သည်။

လူအုပ်ကိုလွှတ်လိုက်ပြီးနောက် တပည့်များနှင့်အတူလှေစီး၍ ဂါလိလဲပင်လယ်အနောက်ဘက်ကမ်းသို့ ခရီးဆက်၏။ ထိုအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲဘာသာရေးအဖွဲ့ဝင်များထွက်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကိုပြရန်တောင်းဆိုကာ ယေရှုကိုစုံစမ်းကြသည်။

စုံစမ်းလိုကြောင်း ယေရှုသိတော်မူ၍ “သင်တို့သည်ညဦးယံ၌ ပြောဆိုတတ်သည်ကား ‘ယခုမိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်။’ နံနက်ယံ၌ကား ‘ယခုမိုးအုပ်လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့မိုးသက်မုန်တိုင်းလာလိမ့်မည်’ ဟုဆိုတတ်ကြ၏။ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကိုကား ပိုင်းခြား၍ မသိနိုင်ကြ။”

သို့နှင့် သူတို့ကို ဆိုးညစ်၍မျောက်မထားသောအမျိုးဟုခေါ်ပြီး မကြာမီကဖာရိရှဲများအား ပြောသကဲ့သို့ ယောန၏နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ ပြမည်မဟုတ်ကြောင်း ယေရှုပြောသည်။ ထိုအရပ်မှထွက်၍ တပည့်များနှင့်အတူလှေဖြင့် ဂါလိလဲပင်လယ်၏အရှေ့မြောက်ဘက်ရှိ ဗက်ဇဲဒမြို့သို့လွှင့်လေသည်။ မုန့်ယူလာရန်မေ့လျော့၍ တစ်လုံးသာရှိနေကြောင်း လမ်းတွင်တွေ့ရှိကြသည်။

ဟေရုဒ်ကိုထောက်ခံသည့် ဖာရိရှဲနှင့်ဇဒ္ဒုကဲများအား တွေ့ဆုံခဲ့ခြင်းကိစ္စကို သတိရလျက်ယေရှုက “ဖာရိရှဲတို့၏တဆေးကိုလည်းကောင်း၊ ဟေရုဒ်တဆေးကိုလည်းကောင်း၊ သတိနှင့်ကြဉ်ရှောင်ကြ” ဟုသြဝါဒပေးသည်။ တဆေးဟူ၍ဆိုရာ မိမိတို့မုန့်ယူလာရန် မေ့သည့်ကိစ္စကို ယေရှုဆိုနေသည်အထင်နှင့် ယင်းကိုတပည့်များ အငြင်းပွားကြတော့သည်။ သူတို့နားလည်လွဲနေသည်ကို သတိပြုမိလျက် ယေရှုက “သင်တို့၌မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း” ဟုမိန့်တော်မူသည်။

မကြာမီကပင် ယေရှုသည် ထောင်ချီရှိလူများအတွက် အံ့ဖွယ်နည်းဖြင့် မုန့်ပြုလုပ်ပေးခဲ့ရာ ဤနောက်ဆုံးတန်ခိုးပြခြင်းသည် တစ်ရက်နှစ်ရက်သာရှိသေး၍ ပကတိမုန့်များအတွက် ကိုယ်တော်စိုးရိမ်သည်မဟုတ်ကြောင်း သူတို့သိသင့်၏။ ထိုကြောင့် ကိုယ်တော်က “မအောက်မေ့ဘဲနေကြသလော။ မုန့်ငါးလုံးကို လူငါးထောင်အားဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်းကောက်သိမ်းသနည်း” ဟုသတိပေး၏။

“တစ်ဆယ့်နှစ်တောင်း” ဟူ၍သူတို့ဖြေဆိုသည်။

“မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်းကောက်သိမ်းသနည်း။”

“ခုနစ်တောင်း” ဟုသူတို့ဖြေကြသည်။

“မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည်နားမလည်ဘဲ အဘယ်သို့နေကြသနည်း။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကိုကြဉ်ရှောင်ကြ” ဟုမိန့်တော်မူသည်။

နောက်ဆုံးတပည့်များ သဘောပေါက်သွားသည်။ မုန့်ကိုအချဉ်ပေါက်ပြီး ပွစေသည့်တဆေးသည် ပုပ်ပျက်ခြင်းကိုဆိုလိုသောစကားလုံးဖြစ်သည်။ ထိုအခါ ပျက်စီးစေနိုင်သည့် “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သြဝါဒ ကို” ကြဉ်ရှောင်ကြရန် ပုံဆောင်စကားဖြင့် သတိပေးတော်မူကြောင်းနားလည်ကြသည်။ မာကု ၈:၁-၂၁။ မဿဲ ၁၅:၃၂-၁၆:၁၂။

▪ လူအစုအဝေး၌ ခြင်းတောင်းကြီးများ အဘယ်ကြောင့်ပါလာသနည်း။

▪ ဒေကာပေါလိမှထွက်ခွာပြီးနောက် လှေဖြင့် ယေရှုအဘယ်အရပ်များသို့ သွားသနည်း။

▪ တဆေးနှင့်စပ်လျဉ်း၍ ယေရှုပြောရာတွင် တပည့်များ မည်သို့နားလည်လွဲကြသနည်း။

▪ “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေး” ဟူ၍ဆိုရာတွင် ယေရှုအဘယ်အရာကို ဆိုလိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ