ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉၆ စာ. ၂၂၄-စာ. ၂၂၅ ပိုဒ်. ၇
  • ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ချမ်းသာကြွယ်ဝတဲ့အရာရှိ ပညာမဲ့စွာ ရွေးချယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကမ္ဘာမြေပေါ်ထာဝရအသက် —ခရစ်ယာန်မျှော်လင့်ချက်တစ်ခုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉၆ စာ. ၂၂၄-စာ. ၂၂၅ ပိုဒ်. ၇
ချမ်းသာတဲ့လူငယ်အရာရှိက ဒူးထောက်ပြီး ယေရှုကို စကားပြောနေ

အခန်း ၉၆

ချမ်းသာတဲ့ လူငယ်အရာရှိကို ယေရှု အဖြေပေး

မဿဲ ၁၉:၁၆-၃၀ မာကု ၁၀:၁၇-၃၁ လုကာ ၁၈:၁၈-၃၀

  • ထာဝရအသက်အကြောင်း ချမ်းသာတဲ့လူငယ် မေး

ယေရှုက ပေရိယနယ်ကနေ ဂျေရုဆလင်ဘက်ကို သွားနေတုန်း ချမ်းသာတဲ့ လူငယ်တစ်ယောက် ပြေးလာပြီး ရှေ့မှာ ဒူးထောက်တယ်။ သူဟာ “အရာရှိတစ်ယောက်” ဖြစ်တယ်လို့ပြောတဲ့အတွက် တရားဇရပ်မှူး ဒါမှမဟုတ် ဂျူးတရားရုံးချုပ်အဖွဲ့ဝင် ဖြစ်နိုင်တယ်။ သူက “ကောင်းမြတ်တဲ့ဆရာ၊ ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့မေးတယ်။—လုကာ ၈:၄၁။ ၁၈:၁၈။ ၂၄:၂၀။

ယေရှုက “ကျွန်တော့်ကို ကောင်းမြတ်တဲ့ဆရာလို့ ဘာလို့ ခေါ်တာလဲ။ ဘုရားသခင်ကလွဲလို့ ကောင်းမြတ်တဲ့သူ ဘယ်သူမှ မရှိဘူး” လို့ ပြန်ပြောတယ်။ လူငယ်က ရဗ္ဗိတွေလုပ်သလို “ကောင်းမြတ်” တယ်ဆိုတဲ့ အသုံးအနှုန်းကို ဘွဲ့ထူးဂုဏ်ထူးအဖြစ် သုံးတာဖြစ်မယ်။ ယေရှုဟာ ကောင်းကောင်း သွန်သင်နိုင်သူဖြစ်ပေမဲ့ “ကောင်းမြတ်” တယ်ဆိုတဲ့ ဘွဲ့ထူးကို ဘုရားသခင်တစ်ပါးတည်းသာ ရထိုက်ကြောင်း သူသိအောင် ပြောပြတယ်။

ပြီးတော့ “အသက်ရချင်ရင် ပညတ်တွေကို အမြဲလိုက်နာပါ” လို့ ယေရှုအကြံပေးတယ်။ အဲဒီလူက “ဘယ်ပညတ်တွေလဲ” လို့မေးတော့ လူ့အသက် မသတ်နဲ့၊ အိမ်ထောင်ရေး မဖောက်ပြန်နဲ့၊ မခိုးနဲ့၊ မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့၊ မိဘကို ရိုသေပါဆိုတဲ့ ပညတ်တော်ဆယ်ပါးထဲက အချက်ငါးချက်ကို ပြောပြတယ်။ ဒီနောက် “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ပိုအရေးကြီးတဲ့ ပညတ်ကို ဆက်ပြောတယ်။—မဿဲ ၁၉:၁၇-၁၉။

အဲဒီလူက “အဲဒါတွေအားလုံးကို ကျွန်တော် လိုက်နာနေပါတယ်။ နောက်ထပ် ဘာလိုသေးလဲ” လို့မေးတယ်။ (မဿဲ ၁၉:၂၀) ထာဝရအသက်ရဖို့ ကောင်းမွန်တဲ့၊ ရဲရင့်တဲ့ လုပ်ရပ်တစ်ခုခုလုပ်ဖို့ လိုနေသေးတယ်လို့ သူထင်နေပုံပဲ။ သူ့ဘက်က ထက်ထက်သန်သန် တောင်းဆိုနေမှန်း ယေရှုသိတဲ့အခါ သူ့ကို “ချစ်” သွားတယ်။ (မာကု ၁၀:၂၁) ဒါပေမဲ့ သူ့မှာ အတားအဆီးတစ်ခု ရှိနေတယ်။

အဲဒီလူက ပစ္စည်းဥစ္စာတွေကို တွယ်တာနေလို့ ယေရှုက “လုပ်စရာတစ်ခု ရှိသေးတယ်။ ခင်ဗျားရဲ့ ပစ္စည်းတွေကို သွားရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ဒါဆိုရင် ကောင်းကင်ဘဏ္ဍာကို ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ပြောတယ်။ သူ့ကို ဘာမှပြန်မပေးနိုင်တဲ့ ဆင်းရဲသားတွေကို ပေးကမ်းပြီး ယေရှုရဲ့တပည့်ဖြစ်အောင် သူလုပ်နိုင်ပါတယ်။ ဒါပေမဲ့ မလုပ်နိုင်လို့ စိတ်ပျက်ဝမ်းနည်းပြီး ထွက်သွားတဲ့အခါ ယေရှု သူ့ကို သနားတဲ့အကြည့်နဲ့ ကြည့်နေမှာပဲ။ “အလွန်ချမ်းသာတဲ့” အဲဒီလူဟာ စည်းစိမ်ဥစ္စာကို တွယ်တာနေလို့ ဘဏ္ဍာအစစ်ကို မမြင်နိုင်တော့ဘူး။ (မာကု ၁၀:၂၁၊ ၂၂) ဒါကြောင့် ယေရှုက “ချမ်းသာတဲ့သူတွေ ဘုရားသခင့် နိုင်ငံတော်ကို ဝင်ဖို့ သိပ်ခက်တယ်” လို့ပြောတယ်။—လုကာ ၁၈:၂၄။

ဒီစကားတွေကြောင့် တပည့်တွေ အံ့သြသွားတယ်။ ယေရှုက “ဘုရားသခင့်နိုင်ငံတော်ကို ချမ်းသာတဲ့သူတွေ ဝင်တာထက် အပ်ပေါက်ထဲ ကုလားအုတ် လျှိုဝင်တာကမှ လွယ်ဦးမယ်” လို့ဆက်ပြောတဲ့အခါ ပိုလို့တောင် အံ့သြကြတယ်။ ဒါကြောင့် တပည့်တွေက “ဒါဆိုရင် ကယ်တင်ခံရမယ့်သူ ရှိနိုင်ပါဦးမလား” လို့မေးကြတယ်။ ကယ်တင်ခံရဖို့ဆိုတာ လူတွေ ဘယ်လိုမှ မတတ်နိုင်တဲ့အထိ ခက်ခဲလွန်းတဲ့ အရာလား။ ယေရှုက သူတို့ကို ကြည့်ပြီး “လူတွေအတွက် မဖြစ်နိုင်တဲ့အရာတွေဟာ ဘုရားသခင်အတွက်တော့ ဖြစ်နိုင်တယ်” လို့ပြောတယ်။—လုကာ ၁၈:၂၅-၂၇။

ဒီအခါ ပေတရုက “ကျွန်တော်တို့ ရှိသမျှကိုစွန့်ပြီး သခင့်နောက်ကို လိုက်လာပါပြီ။ ကျွန်တော်တို့ ဘာများရမှာလဲ” လို့ပြောပြီး သူတို့ရဲ့ ရွေးချယ်မှုဟာ ချမ်းသာတဲ့လူငယ်နဲ့ မတူကြောင်း ထောက်ပြတယ်။ သူတို့ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကြောင့် ရရှိမယ့်အကျိုးကို ယေရှု အခုလို ဖော်ပြတယ်– “ဘုရားသခင်က အရာအားလုံး အသစ်ဖြစ်အောင်လုပ်တဲ့အချိန်မှာ လူသားဟာ ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်လိမ့်မယ်။ အဲဒီအခါ ကျွန်တော့်နောက်လိုက်တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခုပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။”—မဿဲ ၁၉:၂၇၊ ၂၈။

ကမ္ဘာပေါ်မှာ အရာအားလုံး အသစ်ဖြစ်လာမယ်၊ ဧဒင်ဥယျာဉ်မှာရှိခဲ့တဲ့ အခြေအနေမျိုး အနာဂတ်မှာ ပြန်ဖြစ်လာမယ်ဆိုပြီး ယေရှုပြောနေတာ။ ပေတရုနဲ့ တခြားတပည့်တွေဟာ မြေကြီးပရဒိသုကို ယေရှုနဲ့အတူ အုပ်ချုပ်ခွင့် ဆုကျေးဇူး ရရှိကြမယ်။ အဲဒီဆုကျေးဇူး ရဖို့ဆိုရင် ဘာမဆို စွန့်လွှတ်ရကျိုးနပ်ပါတယ်။

ဒါပေမဲ့ အနာဂတ်မှာပဲ ဆုကျေးဇူးခံစားရမှာ မဟုတ်ဘူး။ တပည့်တွေဟာ အခုကတည်းက ဆုကျေးဇူးတချို့ ခံစားနေရပြီ။ ယေရှုက “ဘုရားသခင့်နိုင်ငံတော်ကြောင့် မိဘ၊ ဇနီး၊ ညီအစ်ကို၊ သားသမီး၊ အိမ် တစ်ခုခုကို စွန့်လွှတ်သူတိုင်း အခုအချိန်မှာ အဆပေါင်းများစွာ ပြန်ရမယ့်အပြင် နောင်လာမယ့် လောကစနစ်မှာလည်း ထာဝရအသက်ကို ရဦးမယ်” လို့ပြောတယ်။—လုကာ ၁၈:၂၉၊ ၃၀။

မှန်ပါတယ်၊ တပည့်တွေ ဘယ်ကိုသွားသွား သွေးသားရင်းချာတွေထက် ပိုရင်းနှီးတဲ့ ယုံကြည်သူချင်းတွေနဲ့ တွေ့ဆုံပေါင်းသင်းခွင့် ရတယ်။ ဒီလိုညီအစ်ကိုအသင်းအပင်းဝင် ဖြစ်ရတာ အဖိုးတန် ဆုကျေးဇူးတစ်ခုပါ။ ချမ်းသာတဲ့ လူငယ်အရာရှိဟာ အဲဒီဆုကျေးဇူးအပြင် ကောင်းကင်နိုင်ငံတော်မှာ ရရှိမယ့် အသက်ဆုကျေးဇူးကိုလည်း လက်လွတ်သွားတာ ဝမ်းနည်းစရာပဲ။

“ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်” လို့ယေရှုဆက်ပြောတယ်။ (မဿဲ ၁၉:၃၀) ဘာကိုဆိုလိုသလဲ။

“ရှေ့ဆုံးကလူ” တွေဖြစ်တဲ့ ဂျူးခေါင်းဆောင်တွေထဲမှာ ချမ်းသာတဲ့လူငယ်အရာရှိလည်း ပါတယ်။ ဘုရားပညတ်တွေကို လိုက်လျှောက်သူအနေနဲ့ သူ့မှာ အလားအလာ အများကြီးရှိသလို ပေးဆပ်ရမှာလည်း အများကြီးရှိတယ်။ ဒါပေမဲ့ သူက စည်းစိမ်ဥစ္စာကို တခြားအရာတွေထက် ပိုဦးစားပေးခဲ့တယ်။ သာမန်လူတန်းစားတွေ၊ မြေကြီးသားတွေကျတော့ ယေရှုရဲ့ သွန်သင်ချက်မှာပါတဲ့ အမှန်တရားကို လက်ခံပြီး အသက်လမ်းကို တွေ့ရှိခဲ့ကြတယ်။ တစ်နည်းပြောရရင် သူတို့က “နောက်ဆုံးကလူတွေ” ဖြစ်ခဲ့ပေမဲ့ အခုတော့ “ရှေ့ဆုံးကို” ရောက်လာပြီ။ ကောင်းကင်မှာ ပလ္လင်ပေါ်ထိုင်ပြီး ယေရှုနဲ့အတူ မြေကြီးပရဒိသုကို အုပ်စိုးရမယ့် အခွင့်အရေး ရရှိနိုင်ကြပြီ။

  • ယေရှုဆီလာတဲ့လူဟာ ဘယ်လို အခြေအနေရှိသလဲ။

  • “ကောင်းမြတ်တယ်” လို့အခေါ်ခံရတာကို ယေရှု ဘာကြောင့် လက်မခံသလဲ။

  • နောက်လိုက်တွေ ဘယ်ဆုကျေးဇူးတွေ ရမယ်လို့ ယေရှု ကတိပေးသလဲ။

  • ဘယ်လိုနည်းနဲ့ “ရှေ့ဆုံးက” လူတွေ “နောက်ဆုံးကို” ရောက်မလဲ၊ “နောက်ဆုံးကလူတွေ” “ရှေ့ဆုံးကို” ရောက်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ