-
ဘာကြောင့် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလဲပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၂။ နှစ်ခြင်းခံပြီးသား သက်သေခံတွေအတွက် ဘာကောင်းချီးတွေ ရှိသလဲ။
သင်ဟာ နှစ်ခြင်းခံလိုက်တဲ့အခါ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်လာမယ်။ ယေဟောဝါရဲ့ မေတ္တာကို နည်းအမျိုးမျိုးနဲ့ ခံစားရမယ်။ ဘုရားနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာမယ်။ (မာလခိ ၃:၁၆-၁၈ ကို ဖတ်ပါ။) ယေဟောဝါကို ဖခင်သဖွယ် ရင်းနှီးလာမယ်။ ဘုရားကိုချစ်တဲ့၊ သင့်ကိုချစ်တဲ့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့လည်း မိသားစုသဖွယ် ဖြစ်လာမယ်။ (မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။) နှစ်ခြင်းမခံခင် လုပ်ရမယ့်အရာတွေတော့ ရှိပါတယ်။ ယေဟောဝါအကြောင်း လေ့လာရမယ်။ ယေဟောဝါကို ချစ်လာဖို့၊ သားတော်ကို ယုံကြည်ဖို့ သင်ယူရမယ်။ အဲဒီနောက် အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံရမယ်။ ဒီအချက်တွေကို လုပ်ဆောင်ပြီးတဲ့နောက် နှစ်ခြင်းခံလိုက်ပြီဆိုရင် ပျော်စရာဘဝ ထာဝရ စံစားနိုင်မယ့်လမ်းပေါ် ရောက်နေပါပြီ။ သင့်ကို “ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ” လို့ ကျမ်းစာက ဆိုတယ်။—၁ ပေတရု ၃:၂၁။
-
-
နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိ ခံရပ်နိုင်ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
ယေဟောဝါကို ဝတ်မပြုဖို့ မိသားစုဝင်တချို့ ဆန့်ကျင်မယ်ဆိုတာ ယေရှု ကောင်းကောင်း သိတယ်။ မဿဲ ၁၀:၃၄-၃၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
မိသားစုဝင်တစ်ဦး ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အခါ ဘာကြုံရနိုင်သလဲ။
နမူနာတစ်ခုကို ကြည့်ဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။
ယေဟောဝါကို ဝတ်မပြုဖို့ ဆွေမျိုး၊ မိတ်ဆွေတစ်ယောက် တားဆီးလာရင် သင် ဘယ်လိုလုပ်မလဲ။
ဆာလံ ၂၇:၁၀ နဲ့ မာကု ၁၀:၂၉၊ ၃၀ တို့ကို ဖတ်ပါ။ ကျမ်းချက်တစ်ချက်စီကို ဖတ်ပြီးနောက် ဒီမေးခွန်းကို သုံးသပ်ပါ။
မိသားစု၊ မိတ်ဆွေတွေရဲ့ ဆန့်ကျင်မှု ကြုံရတဲ့အခါ ဒီကျမ်းစာကတိက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။
-