-
ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေးယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
“ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်” လို့ယေရှုဆက်ပြောတယ်။ (မဿဲ ၁၉:၃၀) ဘာကိုဆိုလိုသလဲ။
“ရှေ့ဆုံးကလူ” တွေဖြစ်တဲ့ ဂျူးခေါင်းဆောင်တွေထဲမှာ ချမ်းသာတဲ့လူငယ်အရာရှိလည်း ပါတယ်။ ဘုရားပညတ်တွေကို လိုက်လျှောက်သူအနေနဲ့ သူ့မှာ အလားအလာ အများကြီးရှိသလို ပေးဆပ်ရမှာလည်း အများကြီးရှိတယ်။ ဒါပေမဲ့ သူက စည်းစိမ်ဥစ္စာကို တခြားအရာတွေထက် ပိုဦးစားပေးခဲ့တယ်။ သာမန်လူတန်းစားတွေ၊ မြေကြီးသားတွေကျတော့ ယေရှုရဲ့ သွန်သင်ချက်မှာပါတဲ့ အမှန်တရားကို လက်ခံပြီး အသက်လမ်းကို တွေ့ရှိခဲ့ကြတယ်။ တစ်နည်းပြောရရင် သူတို့က “နောက်ဆုံးကလူတွေ” ဖြစ်ခဲ့ပေမဲ့ အခုတော့ “ရှေ့ဆုံးကို” ရောက်လာပြီ။ ကောင်းကင်မှာ ပလ္လင်ပေါ်ထိုင်ပြီး ယေရှုနဲ့အတူ မြေကြီးပရဒိသုကို အုပ်စိုးရမယ့် အခွင့်အရေး ရရှိနိုင်ကြပြီ။
-
-
စပျစ်ခြံလုပ်သားများပုံဥပမာယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
-
-
ပေရိယနယ်မှာ ယေရှုက “ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်” လို့ နားထောင်နေသူတွေကို ပြောခဲ့တယ်။ (မဿဲ ၁၉:၃၀) အဲဒီအချက်ကို ပေါ်လွင်စေဖို့ စပျစ်ခြံလုပ်သားတွေအကြောင်း ပုံဥပမာကို ပြောပြတယ်–
-