ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၅/၁ စာ. ၃၁
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရိခေါ—တစ်မြို့တည်းရှိသလော သို့မဟုတ် နှစ်မြို့ရှိသလော။
  • ဗေသနိရွာက ရှိမုန်ရဲ့အိမ်မှာ ညစာစား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခေတ်များတစ်လျှောက် အမွှေးနံ့သာ
    နိုးလော့!—၂၀၀၃
  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၅/၁ စာ. ၃၁

သင်သိပါသလော

မာရိသုံးသောဆီမွှေးသည် အဘယ်ကြောင့်တန်ဖိုးကြီးသနည်း။

လာဇရု၏အစ်မမာရိသည် ယေရှုမသေဆုံးမီ ရက်အနည်းငယ်တွင် “အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တစ်လုံးကိုယူခဲ့၍” ကိုယ်တော်အပေါ် သွန်းလောင်းလေ၏။ (မာကု ၁၄:၃-၅; မဿဲ ၂၆:၆၊ ၇; ယောဟန် ၁၂:၃-၅) မာကုနှင့်ယောဟန်တို့၏မှတ်တမ်းက ၎င်းဆီမွှေးသည် သာမန်အလုပ်သမားတစ်ဦး၏ တစ်နှစ်လုပ်အားခနှင့်ညီသော ဒေနာရိ ၃၀၀ အဖိုးထိုက်သည်ဟုဆိုသည်။

ဤတန်ဖိုးကြီးလှသောဆီမွှေးသည် အဘယ်ဒေသမှထွက်ရှိသနည်း။ ကျမ်းစာတွင်ဖော်ပြထားသော နာဒုဆီမွှေးသည် ဟိမဝန္တာတောင်တန်းတွင်တွေ့ရသော မွှေးကြိုင်သည့်အပင်ငယ်တစ်မျိုး (Nardostachys jatamansi) မှထွက်ရှိသည်ဟု ယူဆရသည်။ ဈေးကြီးသောနာဒုဆီကို အခြားဈေးပေါသည့်ပစ္စည်းများနှင့် ရောနှောပြီး အတုလုပ်ကြသည်။ သို့သော် မာကုနှင့်ယောဟန်နှစ်ဦးစလုံးက “နာဒုဆီမွှေးစစ်” ဟုသုံးနှုန်းထားသည်။ အလွန်တန်ဖိုးကြီးသော ဆီမွှေးဖြစ်သည်ဟူသည့်အချက်က ယင်းသည် ဝေးလံသောအိန္ဒိယမှဖြစ်နိုင်ကြောင်း ဖော်ပြသည်။

မာကုမှတ်တမ်းက မာရိသည် ‘ကျောက်ဖြူခွက်ကိုဖွင့်’ သည်ဟု အဘယ်ကြောင့်ဖော်ပြသနည်း။ ကျောက်ဖြူခွက်ကို အများအားဖြင့် အဝကျဉ်းသည့်ပုံစံဖြင့် ပြုလုပ်ထားသောကြောင့် တန်ဖိုးကြီးသည့်ဆီမွှေးရနံ့များ မထွက်စေရန် အဖုံးကို အလုံပိတ်ထားနိုင်သည်။ ယေရှုလက်ထက်မှရှာဖွေတွေ့ ရှိချက်များဟူသော စာအုပ်တွင် အေလဲန်မေးလတ်က ဤသို့ဆိုသည်– “စိတ်လှုပ်ရှားနေသော ထိုအမျိုးသမီးသည် ဆီမွှေးအားလုံး တစ်ခါတည်းထွက်လာစေရန် အလုံပိတ်ထားသော ကျောက်ဖြူခွက်အဖုံးအား တုံ့ဆိုင်းမနေဘဲ ဆွဲဖွင့်လိုက်ပုံကို မြင်ယောင်နိုင်ပါသည်။” ယင်းကြောင့် “ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံ့ပြား” သွားရခြင်းဖြစ်သည်။ (ယောဟန် ၁၂:၃) အလွန်တန်ဖိုးကြီးသော်လည်း သင့်တော်လှသည့် လက်ဆောင်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူ၏မောင်လာဇရုကို မကြာသေးမီက ယေရှုထမြောက်ပေးခဲ့သောကြောင့် မာရိသည် သူ၏ကျေးဇူးတင်လေးမြတ်မှုကို ဤလက်ဆောင်ဖြင့် ဖော်ပြနေခြင်းဖြစ်သည်။—ယောဟန် ၁၁:၃၂-၄၅။

ယေရိခေါ—တစ်မြို့တည်းရှိသလော သို့မဟုတ် နှစ်မြို့ရှိသလော။

မဿဲ၊ မာကုနှင့်လုကာ သုံးဦးစလုံးသည် ယေရိခေါမြို့အနီးတွင် အံ့ဖွယ်ကုသမှုတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ (မဿဲ ၂၀:၂၉-၃၄; မာကု ၁၀:၄၆-၅၂; လုကာ ၁၈:၃၅-၄၃) မဿဲနှင့်မာကုနှစ်ဦးစလုံးက ထိုအံ့ဖွယ်အမှုကို ယေရိခေါမြို့မှ ယေရှု ‘ထွက်သွား’ စဉ်တွင်ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် လုကာကမူ ယေရိခေါမြို့ “အနီး၌” ယေရှုရှိတော်မူစဉ် ဖြစ်ပျက်ခဲ့သည်ဟုဆိုသည်။

ယေရှုခေတ်တွင် ယေရိခေါအမည်ရှိသောမြို့သည် တစ်မြို့တည်းလော သို့မဟုတ် နှစ်မြို့ရှိသလော။ ယခင်နှင့်ယခုကျမ်းစာဟူသောစာအုပ်တွင် ဤသို့ဆိုသည်– “ယေရှုအသက်ရှင်ခဲ့သည့်ခေတ်တွင် ယေရိခေါမြို့ဟောင်း၏တောင်ဘက် တစ်မိုင် (၁.၆ ကီလိုမီတာ) ခန့်အကွာ၌ ယေရိခေါမြို့သစ်ကို ပြန်လည်ဆောက်လုပ်ခဲ့သည်။ ဟေရုဒ်မင်းကြီးသည် ဆောင်းရာသီစံနန်းတော်ကို ထိုနေရာ၌ တည်ဆောက်ခဲ့သည်။” ယင်းကို ရှေးဟောင်းသုတေသနပညာနှင့် ကျမ်းစာသမိုင်းစာအုပ်တွင် ဤသို့အတည်ပြုသည်– “ယေရှုခေတ်ရှိ ယေရိခေါမြို့သည် မြို့နှစ်မြို့ပေါင်းထားခြင်း ဖြစ်သည်။ . . . ဂျူးတို့၏ယေရိခေါမြို့ဟောင်းနှင့် ရောမတို့၏ယေရိခေါမြို့သစ်သည် တစ်မိုင်ခန့်ကွာဝေးသည်။”

ထို့ကြောင့် ယေရှုသည် မြို့ဟောင်းမှအထွက်၊ မြို့သစ်သို့အဝင် သို့မဟုတ် မြို့သစ်မှအထွက်၊ မြို့ဟောင်းသို့အဝင်တွင် အံ့ဖွယ်အမှုပြုခဲ့ခြင်းဖြစ်နိုင်သည်။ ကျမ်းရေးစဉ်က အခြေအနေများကို သိရှိခြင်းသည် ရှေ့နောက်မညီဟန်ရှိသောအရာကို ရှင်းလင်းစေနိုင်သည်။

[စာမျက်နှာ ၃၁ ပါပုံ]

ကျောက်ဖြူဆီမွှေးခွက်

[အသိအမှတ်ပြုစာ]

© Réunion des Musées Nationaux/Art Resource, Ny

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ