ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၄၆
  • ဘာကြောင့် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ အဆင်သင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ငါ့အသက်တာကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၄၆
သင်ခန်းစာ ၄၆။ အမျိုးသားတစ်ဦး ဆုတောင်းနေ။

သင်ခန်းစာ ၄၆

ဘာကြောင့် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

သင်က ယေဟောဝါကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ အလိုတော်ကို ဦးစားထားမယ်လို့ ဆုတောင်း ကတိပေးပြီး ဆက်ကပ်အပ်နှံလိုက်တယ်။ (ဆာလံ ၄၀:၈) အဲဒီနောက် နှစ်ခြင်းခံတယ်။ ဒါဟာ ဆက်ကပ်အပ်နှံပြီးဖြစ်ကြောင်း လူတွေရှေ့ ဖော်ပြလိုက်တာပဲ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ ဆုံးဖြတ်တာဟာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ပါ။ ဘဝကို ပြောင်းလဲစေတဲ့ ဒီအရေးကြီး ဆုံးဖြတ်ချက် ချဖို့ ဘာက လှုံ့ဆော်ပေးနိုင်သလဲ။

၁။ ဆက်ကပ်အပ်နှံဖို့ ဘာက လှုံ့ဆော်ပေးသလဲ။

ယေဟောဝါကိုချစ်တဲ့ မေတ္တာက ဆက်ကပ်အပ်နှံဖို့ လှုံ့ဆော်ပေးတယ်။ (၁ ယောဟန် ၄:​၁၀၊ ၁၉) “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ” လို့ ကျမ်းစာ အားပေးတယ်။ (မာကု ၁၂:၃၀) ဘုရားကို ချစ်ကြောင်း အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ကျွန်တော်တို့ သက်သေပြကြတယ်။ စုံတွဲတစ်တွဲက တကယ်ချစ်တဲ့အတွက် လက်ထပ်ကြသလို ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်တဲ့အတွက် ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံကြတယ်။

၂။ နှစ်ခြင်းခံပြီးသား သက်သေခံတွေအတွက် ဘာကောင်းချီးတွေ ရှိသလဲ။

သင်ဟာ နှစ်ခြင်းခံလိုက်တဲ့အခါ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်လာမယ်။ ယေဟောဝါရဲ့ မေတ္တာကို နည်းအမျိုးမျိုးနဲ့ ခံစားရမယ်။ ဘုရားနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာမယ်။ (မာလခိ ၃:​၁၆-၁၈ ကို ဖတ်ပါ။) ယေဟောဝါကို ဖခင်သဖွယ် ရင်းနှီးလာမယ်။ ဘုရားကိုချစ်တဲ့၊ သင့်ကိုချစ်တဲ့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့လည်း မိသားစုသဖွယ် ဖြစ်လာမယ်။ (မာကု ၁၀:​၂၉၊ ၃၀ ကို ဖတ်ပါ။) နှစ်ခြင်းမခံခင် လုပ်ရမယ့်အရာတွေတော့ ရှိပါတယ်။ ယေဟောဝါအကြောင်း လေ့လာရမယ်။ ယေဟောဝါကို ချစ်လာဖို့၊ သားတော်ကို ယုံကြည်ဖို့ သင်ယူရမယ်။ အဲဒီနောက် အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံရမယ်။ ဒီအချက်တွေကို လုပ်ဆောင်ပြီးတဲ့နောက် နှစ်ခြင်းခံလိုက်ပြီဆိုရင် ပျော်စရာဘဝ ထာဝရ စံစားနိုင်မယ့်လမ်းပေါ် ရောက်နေပါပြီ။ သင့်ကို “ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ” လို့ ကျမ်းစာက ဆိုတယ်။​—၁ ပေတရု ၃:၂၁။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ ဘာကြောင့် အရေးကြီးသလဲ ဆိုတာ ဆန်းစစ်ပါ။

၃။ ဘယ်သူ့ကို ဝတ်ပြုမလဲ ရွေးချယ်ပါ

ရှေးခေတ် အစ္စရေးလူတချို့က ယေဟောဝါကို ဝတ်ပြုနေရင်း မှားယွင်းတဲ့ ဗာလဘုရားကို ဝတ်ပြုလို့ရတယ်ဆိုပြီး ယူဆကြတယ်။ ဒါပေမဲ့ ယေဟောဝါက ဒီအယူအဆမှားကို တည့်မတ်ဖို့ ပရောဖက် ဧလိယကို စေလွှတ်တယ်။ ၁ ဘုရင်များ ၁၈:၂၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အစ္စရေးတွေ ဘာကို ရွေးချယ်ခဲ့ရသလဲ။

အစ္စရေးတွေလိုပဲ ကျွန်တော်တို့လည်း ဘယ်သူ့ကို ဝတ်ပြုမလဲဆိုတာ ရွေးချယ်ရမယ်။ လုကာ ၁၆:၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါကို ဝတ်ပြုနေရင်း တခြားပုဂ္ဂိုလ်၊ တခြားအရာကို ဘာကြောင့် ဝတ်ပြုလို့ မရသလဲ။

  • ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ကြောင်း ကျွန်တော်တို့ ဘယ်လို ပြကြသလဲ။

၄။ ယေဟောဝါပြတဲ့ မေတ္တာကို တွေးတောဆင်ခြင်ပါ

ပုံ။ လူတစ်ယောက် မိမိကို ဘုရားပေးထားတာတွေကို စဉ်းစားနေ။ ၁။ ကလေးအပေါ်ထားတဲ့ မိခင်မေတ္တာနဲ့ တင်စားတဲ့ မေတ္တာ။ ၂။ သစ်သီးဝလံအမျိုးမျိုးနဲ့ ပုံဖော်ထားတဲ့ စားကောင်းသောက်ဖွယ်။ ၃။ ကျမ်းစာ။ ၄။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ။

ယေဟောဝါက ကျွန်တော်တို့ကို အဖိုးတန်လက်ဆောင်အများကြီး ပေးထားတယ်။ ဘုရားကို ဘာပြန်ပေးနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ဘုရားသခင်ဆီ လက်ဆောင်တွေ ဆက်သပါ (၃:၀၄)

သင့်ကို ယေဟောဝါ မေတ္တာပြတဲ့နည်းတချို့က ဘာတွေလဲ။ ဆာလံ ၁၀၄:၁၄၊ ၁၅ နဲ့ ၁ ယောဟန် ၄:၉၊ ၁၀ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါပေးတဲ့ ဘယ်လက်ဆောင်တွေအတွက် အထူး ကျေးဇူးတင်သလဲ။

  • ဒီလက်ဆောင်တွေကြောင့် ယေဟောဝါနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

ကျွန်တော်တို့ သိပ်ကြိုက်တဲ့အရာကို လက်ဆောင်ရရင် ကျေးဇူးတင်ကြောင်း ပြချင်ကြတယ်။ တရားဟောရာ ၁၆:၁၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • သင့်အတွက် ယေဟောဝါ လုပ်ပေးထားသမျှကို စဉ်းစားတဲ့အခါ ဘာပြန်ပေးချင်စိတ် ပေါ်လာသလဲ။

၅။ ဆက်ကပ်အပ်နှံခြင်းက ကောင်းချီးများစွာ ရစေ

နာမည်ကျော်ရင်၊ အလုပ်ကောင်း ရှိရင်၊ ငွေရှိရင် ပျော်မယ်လို့ လူများစွာ ယူဆကြတယ်။ ဒါ အမှန်ပဲလား။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ဘောလုံးကန်တာက ကျွန်တော်အသက်ရှင်ရတဲ့ အကြောင်းရင်းပါ (၅:၄၅)

ပုံ။ ‘ဘောလုံးကန်တာက ကျွန်တော်အသက်ရှင်ရတဲ့ အကြောင်းရင်းပါ’ ဗီဒီယိုထဲက ဇာတ်ကွက်။ ၁။ အန်ဒရေက ကျမ်းစာကို ပြန်လေ့လာ။ ၂။ အန်ဒရေက သမီးနဲ့အတူ ဟောပြောနေ။
  • ဒီဗီဒီယိုထဲက အားကစားသမားဟာ ဘောလုံးကန်တာ သိပ်ကြိုက်ပေမဲ့ ဘာကြောင့် စွန့်လွှတ်ခဲ့သလဲ။

  • ဘောလုံးသမားဖြစ်ဖို့ မဟုတ်ဘဲ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ သူ ဆုံးဖြတ်ခဲ့တယ်။ သူ့ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

တမန်တော် ပေါလုဟာ ခရစ်ယာန်မဖြစ်လာခင်က လူအထင်ကြီးတဲ့အလုပ် ရထားတယ်။ နာမည်ကြီး ဆရာတစ်ဦးဆီမှာ ဂျူးဥပဒေပညာ သင်ယူခဲ့တယ်။ ဒါပေမဲ့ ခရစ်ယာန်ဖြစ်ဖို့ အဲဒီအရာအားလုံးကို စွန့်လွှတ်လိုက်တယ်။ ဒီအတွက် သူနောင်တရသလား။ ဖိလိပ္ပိ ၃:၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ခရစ်ယာန်ဖြစ်ဖို့ စွန့်လွှတ်ခဲ့တာတွေကို “အမှိုက်သရိုက်” လို့ ပေါလု ဘာကြောင့် ပြောသလဲ။

  • သူ ဘာတွေ ပြန်ရရှိသလဲ။

  • ယေဟောဝါအတွက် အမှုဆောင်တာနဲ့ တခြားအလုပ်လုပ်တာ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုနေမယ် ထင်သလဲ။

ပုံ။ ၁။ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ထင်နေတဲ့ ဖာရိရှဲ ရှောလု၊ နောက်ပိုင်း ပေါလုလို့ခေါ်။ ၂။ သစ္စာရှိ တမန်တော် ပေါလု ခရစ်ယာန်တွေဆီ စာရေးနေ။

ပေါလု ခရစ်ယာန်ဖြစ်လာတဲ့အခါ စွန့်လွှတ်ခဲ့တာတွေထက် များစွာပြန်ရ

လူတချို့ အဆို။ “ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံစရာ မလိုပါဘူး။”

  • ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံသင့်တယ်လို့ ဘာကြောင့်ထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါကို ချစ်တဲ့မေတ္တာက ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါကို ဘာကြောင့် စိတ်စွမ်းရှိသမျှ ချစ်ပြီး ဝတ်ပြုထိုက်သလဲ။

  • ယေဟောဝါက နှစ်ခြင်းခံပြီးသား သက်သေခံတွေကို ဘယ်လို ဆုချသလဲ။

  • ယေဟောဝါဆီ ဆက်ကပ်အပ်နှံချင်သလား။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဂီတပညာရှင်တစ်ဦးနဲ့ အားကစားသမားတစ်ဦး ယေဟောဝါဆီ ဘာကြောင့် ဆက်ကပ်အပ်နှံခဲ့သလဲ ကြည့်လိုက်ပါ။

လူငယ်များအမေး၊ ငါ့အသက်တာကို ဘယ်လိုအသုံးပြုမလဲ​ —နောက်ကြောင်း ပြန်တွေးကြည့်တဲ့အခါ (၆:၅၄)

ဆက်ကပ်အပ်နှံသင့်တဲ့ နောက်အကြောင်းရင်းတွေကို သုံးသပ်ပါ။

“အဘယ်ကြောင့် ယေဟောဝါထံ အပ်နှံရ” (ကင်းမျှော်စင် ဇန်နဝါရီ ၁၅၊ ၂၀၁၀)

ယေဟောဝါဆီ ဆက်ကပ်အပ်နှံသူ တွေရဲ့ ပျော်ရွှင်မှုကို ဒီတေးဗီဒီယိုမှာ ရှုစားပါ။

ကိုယ့်ဘဝ နှင်းအပ်ပါတယ် (၄:၃၀)

‘ဘာကြောင့် ကမ္ဘာပေါ် ရှိနေရသလဲဆိုပြီး သိချင်နေတာ ကြာပြီ’ ဆောင်းပါးမှာ ဦးစားထားရာတွေကို ပြန်ဆန်းစစ်တဲ့ အမျိုးသမီးတစ်ဦးအကြောင်း ဖတ်ကြည့်ပါ။

“သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” (ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၂၀၁၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ