ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၄
  • ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင်ဟာ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၄
လူငယ်တစ်ဦး မှန်ကြည့်နေစဉ်

ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကိုယ် ချစ်သင့်သလို ချစ်ဖို့လည်း လိုအပ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားခြင်းတို့ ပါဝင်တယ်။ (မဿဲ ၁၀:၃၁) ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဟာ သူ့နေရာနဲ့သူ ရှိရမှာ မှန်ပေမဲ့ တစ်ကိုယ်ကောင်းဆန်တာကိုတော့ ကျမ်းစာက အကောင်းမပြောဘူး။

ဘယ်သူ့ကို အရင်ဦးဆုံး ချစ်ရမလဲ။

  1. ဘုရားသခင်ကို အရင်ဦးဆုံး ချစ်ရမယ်။ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ ... နဲ့ ချစ်ပါ” ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပဲလို့ ကျမ်းစာ သွန်သင်တယ်။​—မာကု ၁၂:၂၈-၃၀။ တရားဟောရာ ၆:၅။

  2. ဒုတိယကတော့ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ပညတ်ပဲ။​—မာကု ၁၂:၃၁။ ဝတ်ပြုရာ ၁၉:၁၈။

  3. ကိုယ့်ကိုယ်ကိုယ် ချစ်ပါလို့ ကျမ်းစာ အတိအကျ မဖော်ပြပေမဲ့ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ပညတ်က ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း၊ လေးစားမှုရှိခြင်း အတော်အသင့် ရှိသင့်ရှိထိုက်ကြောင်း၊ အကျိုးပြုကြောင်း ဖော်ပြတယ်။

ယေရှု ဘယ်သူ့ကို ဦးဆုံး ချစ်ခဲ့သလဲ။

ဘုရားသခင်၊ လူလူချင်း၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ချစ်နိုင်ပုံကို ယေရှု ဖော်ပြတဲ့အပြင် သူ့စံနမူနာကို လိုက်ဖို့ တပည့်တွေကို မှာကြားခဲ့တယ်။​—ယောဟန် ၁၃:၃၄၊ ၃၅။

  1. ယေဟောဝါဘုရားကို အရင်ဦးဆုံး ချစ်တဲ့အတွက် ဘုရားခိုင်းတဲ့အလုပ် ပြီးမြောက်ဖို့ ဘဝကို မြှုပ်နှံထားတယ်။ “ကျွန်တော် အဖဘုရားကို ချစ်တယ်ဆိုတာ ဒီလောကသိအောင် အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်” လို့ပြောခဲ့တယ်။​—ယောဟန် ၁၄:၃၁။

  2. ယေရှုက လူလူချင်းကိုလည်း ချစ်တယ်။ ဒါကြောင့် ကိုယ့်အသက်ကို ပေးတဲ့အထိ သူတစ်ပါး လိုအပ်ရာကို ဖြည့်ဆည်းပေးခဲ့တယ်။​—မဿဲ ၂၀:၂၈။

  3. ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အတွက် အနားယူဖို့၊ အစာစားဖို့ အချိန်ပေးတယ်။ တပည့်နောက်လိုက် ဖြစ်လာမယ့်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့တယ်။​—မာကု ၆:၃၁၊ ၃၂။ လုကာ ၅:၂၉။ ယောဟန် ၂:၁၊ ၂။ ၁၂:၂။

ကိုယ့်ကိုယ်ကိုယ်ထက် သူတစ်ပါးကို ပိုချစ်ရင် ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့သွားမလား။

လျော့မသွားပါဘူး။ ကျွန်တော်တို့ဟာ ဘုရားရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရလို့ပါ။ ကိုယ်ကျိုးစွန့်မေတ္တာဆိုတာ ဘုရားရဲ့ အဓိကအရည်အသွေး ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၇။ ၁ ယောဟန် ၄:၈) အချင်းချင်းကို ချစ်ဖို့ ကျွန်တော်တို့ကို ပုံစံပြုထားတယ်ဆိုတဲ့ သဘောပဲ။ ကိုယ့်ကိုယ်ကိုယ် အတော်အသင့် ချစ်ရမှာ မှန်ပေမဲ့ အရာရာထက် ဘုရားကို ပိုချစ်ပြီး သူတစ်ပါးကို ကောင်းမှုပြုတဲ့အခါ ပိုပျော်ရွှင်ကြတယ်။ ‘ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်’ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။​—တမန်တော် ၂၀:၃၅။

ငါသာပဓာန စိတ်ထားရှိရင် ပျော်နိုင်တယ်လို့ ဒီနေ့ လူအတော်များများ ပြောကြတယ်။ ‘လူလူချင်း ချစ်’ မယ့်အစား ‘ကိုယ့်ကိုယ်ကိုယ် ချစ်’ နေကြတယ်။ ဒါပေမဲ့ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ” ဆိုတဲ့ ကျမ်းစကားကို လိုက်နာသူတွေဟာ ပိုပြီး ကျန်းမာရွှင်လန်းကြတာကို အတွေ့အကြုံတွေက ဖော်ပြတယ်။​— ၁ ကောရိန္သု ၁၀:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ