-
အန္နထံ၊ ထိုနောက်ကယာဖထံခေါ်ဆောင်သွားအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
-
-
ယေရှုက “ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ။ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်း” ဟုပြန်ပြော၏။ ဤသို့အပြန်အလှန်ပြောပြီးနောက်၊ အန္နသည်ယေရှုကိုချည်နှောင်ကာ ကယာဖထံသို့ပို့လိုက်သည်။
ယခုယဇ်ပုရောဟိတ်အကြီးများ၊ အသက်ကြီးသူ၊ ကျမ်းတတ်များနှင့်လွှတ်တော်တစ်ခုလုံးသည် ကယာဖ၏အိမ်တွင်စုဝေးစပြုနေသည်။ ပသခါညတွင် ဤသို့အမှုစစ်ဆေးခြင်းသည် ဂျူးဥပဒေနှင့်လုံးဝဆန့်ကျင်ပါသည်။ သို့သော်ယင်းသည် ဘာသာရေးခေါင်းဆောင်တို့အား သူတို့၏ဆိုးသွမ်းသောလုပ်ရပ်မှမတားဆီးနိုင်ခဲ့ချေ။
လွန်ခဲ့သောအပတ်အနည်းငယ်က လာဇရုကိုယေရှုရှင်ပြန်ထမြောက်ပေးခဲ့စဉ် ကိုယ်တော်သေရမည်ဟု လွှတ်တော်ကဆုံးဖြတ်ထားပြီးပြီဖြစ်သည်။ လွန်ခဲ့သောနှစ်ရက်၊ ဗုဒ္ဓဟူးနေ့ကပင် ဘာသာရေးအာဏာပိုင်များသည် ယေရှုကိုသတ်ရန်စဉ်းလဲသောပရိယာယ်ဖြင့်ဖမ်းဖို့ကြံစည်ခဲ့ကြသည်။ စဉ်းစားကြည့်ပါ။ ကိုယ်တော်အားအမှုမစစ်ဆေးမီ အပြစ်စီရင်ပြီးဖြစ်နေပါသည်တကား။
-
-
တံတိုင်းအတွင်း၌ငြင်းဆိုခြင်းအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
-
-
ယေရှုကိုဂေသရှေမန်ဥယျာဉ်တွင် စွန့်သွားပြီးနောက်၊ အခြားတမန်တော်များနှင့်အတူ ကြောက်ရွံ့စွာထွက်ပြေးခဲ့သောပေတရုနှင့်ယောဟန်တို့သည် ပြန်လှည့်လာပြီး အန္နအိမ်သို့ယေရှုနောက်လိုက်လာကြသည်။ အန္နသည် ကိုယ်တော်ကိုယဇ်ပုရောဟိတ်မင်းကြီးကယာဖထံပို့လိုက်သည့်အခါ ပေတရုနှင့်ယောဟန်လည်း မိမိတို့အသက်အတွက်နှင့်မိမိတို့သခင်အတွက်စိုးရိမ်စွာဖြင့် မလှမ်းမကမ်းမှလိုက်သွားကြသည်။
-