ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၂၀
  • တံတိုင်းအတွင်း၌ငြင်းဆိုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တံတိုင်းအတွင်း၌ငြင်းဆိုခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုကို ပေတရုငြင်းပယ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကြောက်စိတ်ကို အောင်နိုင်ဖို့ အကူအညီ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၂၀

အခန်း ၁၂၀

တံတိုင်းအတွင်း၌ငြင်းဆိုခြင်း

ယေရှုကိုဂေသရှေမန်ဥယျာဉ်တွင် စွန့်သွားပြီးနောက်၊ အခြားတမန်တော်များနှင့်အတူ ကြောက်ရွံ့စွာထွက်ပြေးခဲ့သောပေတရုနှင့်ယောဟန်တို့သည် ပြန်လှည့်လာပြီး အန္နအိမ်သို့ယေရှုနောက်လိုက်လာကြသည်။ အန္နသည် ကိုယ်တော်ကိုယဇ်ပုရောဟိတ်မင်းကြီးကယာဖထံပို့လိုက်သည့်အခါ ပေတရုနှင့်ယောဟန်လည်း မိမိတို့အသက်အတွက်နှင့်မိမိတို့သခင်အတွက်စိုးရိမ်စွာဖြင့် မလှမ်းမကမ်းမှလိုက်သွားကြသည်။

ကယာဖ၏ကျယ်ဝန်းသောနေအိမ်သို့ရောက်သောအခါ ယောဟန်သည် ယဇ်ပုရောဟိတ်မင်းကြီးနှင့်သိထားသောကြောင့် အိမ်ဝင်းအတွင်းသို့ဝင်ခွင့်ရလေသည်။ သို့သော်ပေတရုမူကား တံခါးအပြင်ဘက်တွင်ရပ်ကျန်ရစ်ခဲ့သည်။ မကြာမီယောဟန်သည်ပြန်လှည့်လာကာ တံခါးစောင့်မလေးကိုပြောပြီးနောက် ပေတရုပါဝင်ခွင့်ရလေသည်။

ဤအချိန်တွင်ချမ်းလာပြီဖြစ်သောကြောင့် အိမ်မှုလုပ်ဆောင်သူများနှင့် ယဇ်ပုရောဟိတ်မင်း၏လုလင်တို့သည် မီးသွေးမီးဖိုမွှေးထားရာ ယေရှုအမှုစစ်ပြီးချိန်ကိုစောင့်နေစဉ် ပေတရုသည်သူတို့နှင့်အတူမီးဝင်လှုံလေသည်။ ထိုတွင်မီးအလင်း၌ ပေတရုအားဝင်ခွင့်ပြုသောတံခါးစောင့်သည် သူကိုစေ့စေ့ကြည့်၍ “သင်သည်ဂါလိလဲလူယေရှုနှင့်ပေါင်းဖော်သောသူဖြစ်သည်” ဟုဆို၏။

ဖော်ထုတ်ခံရသည်ကိုအထိတ်တလန့်ဖြင့် ပေတရုသည်သူတို့အားလုံးရှေ့တွင် “သူ့ကိုလည်းမသိ။ သင်ပြောသောအရာကိုငါမသိ” ဟုယေရှုကိုမသိကြောင်းငြင်းဆိုလေ၏။

သို့နှင့်ပေတရုသည်တံခါးပေါက်အနီးသို့ထွက်သွား၏။ ထိုနေရာ၌အခြားသောမိန်းကလေးတစ်ယောက်သည် သူ့ကိုသတိပြုမိပြီး အနားတွင်ရပ်နေသူများအား “ဤသူလည်းနာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော်သောသူဖြစ်သည်” ဟုဆို၏။ ပေတရုသည်ထပ်၍ငြင်းဆိုကာ “ထိုသူကိုငါမသိ” ဟုကျိန်ဆိုလေသည်။

ပေတရုသည် အိမ်ဝင်းအတွင်းဆက်နေကာ မထင်ပေါ်အောင်အတတ်နိုင်ဆုံးကြိုးစားလေသည်။ ဤအချိန်၌ နံနက်စောစောအမှောင်ထဲတွင် ကြက်တွန်သံကြား၍ သူထိတ်လန့်သွားနိုင်သည်။ ထိုအချိန်အတွင်း ခြံဝင်းအထက်အိမ်ခန်းတွင် ယေရှု၏အမှုကိုစစ်ဆေးနေကြောင်းထင်ရှားသည်။ ပေတရုနှင့်အောက်တွင်စောင့်နေသောအခြားသူများသည် သက်သေထွက်ဆိုရန်ဝင်ထွက်နေသူများကို မြင်တွေ့ရမည်မှာအမှန်။

ပေတရုသည် ယေရှု၏အပေါင်းအဖော်အဖြစ်နောက်ဆုံးဖော်ထုတ်ခံပြီးသည်မှာ တစ်နာရီခန့်ကြာသွားပေပြီ။ ယခုသူ့အနီးအပါးတွင်ရပ်နေသူများက “အကယ်စင်စစ်သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင်၏စကားသည်သင့်အကြောင်းကိုထင်ရှားစေ၏” ဟုဆိုကြသည်။ လူအုပ်အဝင်တစ်ဦးသည် ပေတရုကနားရွက်ဖြတ်ခဲ့သောမာလခု၏အမျိုးဖြစ်သည်။ “သင်သည်ဥယျာဉ်၌ယေရှုနှင့်အတူရှိသည်ကိုငါမြင်ခဲ့ပြီ” ဟုသူကဆိုသည်။

“ဤသူကိုငါမသိ” ဟုပေတရုသည်အခိုင်အမာဆိုသည်။ ထိုကိစ္စကိုကျိန်ဆိုအဓိဌာန်ပြုပြီး သူတို့အားလုံးမှားနေကြောင်း၊ အကယ်၍မိမိသည် အမှန်ကိုမပြောလျှင် မိမိအပေါ်ဆိုးကျိုးသက်ရောက်ပါစေဟုဆို၍ပင် သူတို့အားယုံကြည်ရန်အာမခံပြောဆိုနေသည်။

ပေတရုသည်တတိယအကြိမ်ငြင်းပယ်နေစဉ် ကြက်တွန်လေသည်။ ထိုအချိန်တွင်ပင် အိမ်ဝင်းအထက်လသာဆောင်သို့ယေရှုထွက်လာပြီး ပေတရုအားကြည့်လေသည်။ နာရီအနည်းငယ်ပိုင်းက အထက်ခန်းတွင်ယေရှုပြောခဲ့သည့် “ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင်ငါ့ကိုငြင်းပယ်လိမ့်မည်” ဟူသောစကားကို ပေတရုပြန်သတိရသည်။ ထိုအခါမိမိအပြစ်ကြောင့်စိတ်နှလုံးကြေကွဲကာ အပြင်သို့ထွက်ပြီး ပြင်းထန်စွာငိုကြွေးလေသည်။

ယင်းအမှုမည်သို့ဖြစ်နိုင်သနည်း။ ပေတရုသည် မိမိ၏ဝိညာဏခွန်အားကိုအလွန်စိတ်ချလျက်နှင့် မိမိသခင်ကိုသုံးကြိမ်တိုင်တိုင်ဆက်တိုက် မည်သို့ငြင်းပယ်နိုင်သနည်း။ အခြေအနေများကြောင့် ပေတရုသည်သတိလစ်သွားသည်မှာထင်ရှားသည်။ အမှန်တရားကိုတလွဲဖြစ်စေ၍ ယေရှုကိုဆိုးသွမ်းသူအဖြစ်ဖော်ပြနေကြရာ အမှန်ကိုအမှား၊ အပြစ်မဲ့သူကိုအပြစ်ရှိသူဟုမြင်လာစေကြသည်။ သို့ဖြင့် အခြေအနေတို့၏ဖိအားပေးမှုကြောင့် ပေတရုသည် ချင့်ချိန်နှိုင်းဆမှုလက်လွတ်သွားသည်။ သူ၏သစ္စာသမာဓိသည် ရုတ်တရက်ကမောက်ကမဖြစ်သွားသည်။ လူကိုကြောက်ရွံ့ခြင်းကြောင့် သူပူဆွေးရသည်။ ယင်းသို့ ကျွန်ုပ်တို့တွင်ဘယ်တော့မျှမဖြစ်ပါစေနှင့်။ မဿဲ ၂၆:၅၇၊ ၅၈၊ ၆၉-၇၅။ မာကု ၁၄:၃၀၊ ၅၃၊ ၅၄၊ ၆၆-၇၂။ လုကာ ၂၂:၅၄-၆၂။ ယောဟန် ၁၈:၁၅-၁၈၊ ၂၅-၂၇။

▪ ယဇ်ပုရောဟိတ်မင်းကြီး၏တံတိုင်းတွင်းသို့ ပေတရုနှင့်ယောဟန်တို့သည် မည်ကဲ့သို့ဝင်ခွင့်ရသနည်း။

▪ တံတိုင်းအတွင်း ပေတရုနှင့်ယောဟန်တို့ရှိစဉ် အိမ်ထဲတွင်ဘာဖြစ်နေသနည်း။

▪ ကြက်ဘယ်နှစ်ကြိမ်တွန်၍ ပေတရုသည်ယေရှုကိုမသိဟုဘယ်နှစ်ကြိမ်ငြင်းသနည်း။

▪ ပေတရုကျိန်ဆိုအဓိဌာန်ပြုခြင်းသည် မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။

▪ မည်သည့်အကြောင်းကြောင့် ပေတရုသည်ယေရှုကိုမသိဟုငြင်းဆိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ