ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၁
  • မာကု ၁:၁၅—“ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာကု ၁:၁၅—“ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာကု ၁:၁၅ ရဲ့ အဓိပ္ပာယ်
  • မာကု ၁:၁၅ အထက်အောက်စကား
  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင့်နိုင်ငံတော်သည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၁

ကျမ်းပိုဒ် ရှင်းပြချက်များ

မာကု ၁:၁၅—“ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ”

“သတ်မှတ်ထားချိန် ရောက်ပြီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ။ နောင်တရကြပါ။ သတင်းကောင်းကို ယုံကြည်ကြပါ။”—မာကု ၁:၁၅၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့။”—မာကု ၁:၁၅၊ ယုဒသန်ကျမ်း။

မာကု ၁:၁၅ ရဲ့ အဓိပ္ပာယ်

ဘုရားသခင်ရဲ့ နိုင်ငံတော်a “တည်လုနီးပြီ၊” “နီးနေပြီ” လို့ ယေရှုခရစ် ပြောခဲ့တယ်။ အကြောင်းကတော့ ဘုရားသခင့် နိုင်ငံတော်ရဲ့ အနာဂတ် ဘုရင်ဖြစ်သူ ယေရှု သူတို့နဲ့အတူ ရှိနေလို့ပဲ။

နိုင်ငံတော် စပြီးအုပ်ချုပ်နေပြီလို့ ယေရှု ဆိုလိုတာ မဟုတ်ဘူး။ နောက်ပိုင်း တပည့်တွေနဲ့ စကားပြောချိန်မှာ ဘုရားနိုင်ငံတော်က အနာဂတ်မှာ တည်ထောင်မှာ ဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ (တမန်တော် ၁:၆၊ ၇) ဒါပေမဲ့ ယေရှုဟာ အနာဂတ် ဘုရင်အနေနဲ့ ကျမ်းစာမှာ ကြိုဟောထားတဲ့ နှစ်မှာ ပေါ်ထွန်းခဲ့တယ်။b ဒါကြောင့် “သတ်မှတ်ထားချိန် ရောက်ပြီ” လို့ ယေရှု ပြောနိုင်ခဲ့တယ်။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ဧဝံဂေလိသတင်း၊ သတင်းကောင်းကို စဟောပြောရမယ့် အချိန် ရောက်ပြီ ဖြစ်လို့ပဲ။—လုကာ ၄:၁၆-၂၁၊ ၄၃။

နိုင်ငံတော် သတင်းကောင်းကနေ အကျိုးရဖို့အတွက် လူသားတွေဟာ နောင်တရဖို့ လိုတယ်။ ဆိုလိုတာက အရင်က လုပ်ခဲ့တဲ့ အပြစ်တွေအတွက် စိတ်မကောင်းဖြစ်ပြီး ဘုရားစံနှုန်းနဲ့အညီ ပြန်နေထိုင်ခြင်း ဖြစ်တယ်။ နောင်တရသူတွေဟာ အနာဂတ် နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို ယုံကြည်ကြောင်း တင်ပြကြတယ်။

မာကု ၁:၁၅ အထက်အောက်စကား

ယေရှုက ဒီစကားတွေကို ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်း စတင်တဲ့ အချိန်မှာ ပြောခဲ့တာ ဖြစ်တယ်။ ကျမ်းပြိုင်မှတ်တမ်း ဖြစ်တဲ့ မဿဲ ၄:၁၇ မှာ “အဲဒီအချိန်ကစပြီး” ယေရှုက ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောတယ်လို့ ဖော်ပြထားတယ်။ ဘုရားနိုင်ငံတော်က ယေရှု အမှုဆောင်လုပ်ငန်းရဲ့ အဓိက အကြောင်းအရာ ဖြစ်တယ်။ ခရစ်ဝင်ကျမ်းc လေးကျမ်းမှာ ဘုရားနိုင်ငံတော်ဆိုတာ အကြိမ် ၁၀၀ ကျော် ပါတယ်။ အများစုက ယေရှု ပြောတဲ့ စကားထဲမှာ ပါတာ ဖြစ်တယ်။ ကျမ်းစာမှတ်တမ်းအရ တခြားအကြောင်းအရာတွေထက် ဘုရားနိုင်ငံတော်အကြောင်းကို ယေရှု ပိုပြောခဲ့တယ်။

မာကု အခန်းကြီး ၁ ကို အောက်ခြေမှတ်ချက်တွေ၊ ပြန်လှန်အညွှန်းတွေ၊ ရုပ်ပုံတွေ၊ မြေပုံနဲ့အတူ ဖတ်ပါ။

a ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘုရားသခင့် အလိုတော်ကို ကမ္ဘာမြေမှာ ပြည့်စုံအောင် လုပ်ဆောင်ပေးမယ့် ကောင်းကင်မှာ တည်ထောင်တဲ့ အစိုးရ ဖြစ်တယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) အသေးစိတ် အချက်အလက်ကို “ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ” ဆောင်းပါးမှာ ကြည့်ပါ။

b ကြိုဟောထားတဲ့ မေရှိယ၊ ဘုရားသခင့် အထူးကိုယ်စားလှယ်အဖြစ် မိမိရဲ့ တာဝန်ကို လုပ်ဆောင်ဖို့ ယေရှု ဘုရင် ဖြစ်လာခဲ့တယ်။ ယေရှုဟာ မေရှိယ ဖြစ်ကြောင်း ညွှန်ပြပေးတဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေအကြောင်း ပိုသိချင်ရင် “ယေရှုဟာ မေရှိယဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား” ကို ကြည့်ပါ။

c ခရစ်ဝင်ကျမ်းတွေဆိုတာ ဓမ္မသစ်ကျမ်းလို့ အများခေါ်ဆိုတဲ့ ခရစ်ယာန် ဂရိကျမ်းစောင်တွေထဲက ပထမကျမ်းလေးကျမ်းကို ခေါ်တာ ဖြစ်တယ်။ လေးကျမ်းစလုံးမှာ ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ