ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉၉ စာ. ၂၃၀-စာ. ၂၃၁ ပိုဒ်. ၃
  • မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့သင့်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉၉ စာ. ၂၃၀-စာ. ၂၃၁ ပိုဒ်. ၃
သစ်ပင်ပေါ်က ဇက်ခဲ

အခန်း ၉၉

မျက်မမြင်တွေကို ကုသပေး၊ ဇက်ခဲကို ကူညီပေး

မဿဲ ၂၀:၂၉-၃၄ မာကု ၁၀:၄၆-၅၂ လုကာ ၁၈:၃၅–၁၉:၁၀

  • ယေရိခေါမြို့မှာ မျက်မမြင်တွေကို ကုသပေး

  • အခွန်ခံဇက်ခဲ နောင်တရကြောင်းပြ

ယေရှုနဲ့ ခရီးသွားဖော်တွေဟာ ဂျေရုဆလင်မြို့ကနေ တစ်ရက်ခရီးဝေးတဲ့ ယေရိခေါမြို့ကို ရောက်လာကြတယ်။ ယေရိခေါမြို့ဟာ မြို့နှစ်မြို့ကို ပေါင်းထားတာဖြစ်ပြီး မြို့ဟောင်းက ရောမလက်ထက်မှာ တည်ဆောက်တဲ့ မြို့သစ်နဲ့ တစ်မိုင်လောက်ဝေးတယ်။ ယေရှုနဲ့ လူအုပ်ဟာ အဲဒီမြို့တစ်မြို့ကနေထွက်ပြီး နောက်တစ်မြို့နားကို ရောက်လာတဲ့အခါ ရုတ်ရုတ်သဲသဲ အသံတွေကို မျက်မမြင် သူတောင်းစားနှစ်ယောက် ကြားလိုက်ရတယ်။ တစ်ယောက်ရဲ့နာမည်က ဗာတိမဲလို့ ခေါ်တယ်။

မျက်မမြင်တစ်ယောက်ကို ယေရှု ကုသပေး

ယေရှုဖြတ်သွားတာကို ကြားတော့ ဗာတိမဲနဲ့ သူ့အဖော်က “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး” လို့အော်တယ်။ (မဿဲ ၂၀:၃၀) တချို့က တိတ်တိတ်နေဖို့ တားပေမဲ့ သူတို့က ပိုလို့တောင် အော်ကြတယ်။ ဆူဆူညံညံ အသံတွေကို ကြားတဲ့အခါ ယေရှုက ရပ်လိုက်ပြီး အော်နေတဲ့သူတွေကို သူ့ဆီ ခေါ်လာခိုင်းတယ်။ ဒါနဲ့ ဘေးနားမှာ ရပ်နေသူတချို့က သူတောင်းစားတွေဆီ သွားပြီး တစ်ယောက်ကို “မကြောက်နဲ့။ ထတော့။ မင်းကို ခေါ်နေတယ်” လို့ပြောလိုက်တယ်။ (မာကု ၁၀:၄၉) မျက်မမြင်လည်း စိတ်လှုပ်ရှားလွန်းလို့ အပေါ်အင်္ကျီကိုချွတ်၊ ထပြီး ယေရှုဆီ သွားတယ်။

ယေရှုက “ခင်ဗျားတို့ကို ဘာလုပ်ပေးစေချင်သလဲ” လို့ မေးတဲ့အခါ မျက်မမြင်နှစ်ယောက်စလုံးက “သခင်၊ ကျွန်တော်တို့ကို မျက်စိမြင်အောင် လုပ်ပေးပါလား” လို့ အသနားခံတယ်။ (မဿဲ ၂၀:၃၂၊ ၃၃) ယေရှုလည်း သနားသွားပြီး သူတို့ရဲ့မျက်စိကို တို့ထိလိုက်တယ်။ ပြီးတဲ့နောက် သူတို့ထဲကတစ်ယောက်ကို “ပြန်သွားပါ။ ခင်ဗျားရဲ့ ယုံကြည်ခြင်းက မျက်စိပြန်မြင်စေပြီ” လို့ပြောတယ်။ (မာကု ၁၀:၅၂) မျက်မမြင် သူတောင်းစားနှစ်ယောက်စလုံး မျက်စိပြန်မြင်လာပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြတော့တယ်။ ဒီအဖြစ်အပျက်ကို မြင်တဲ့သူတွေလည်း ဘုရားကို ဂုဏ်တင်ချီးမွမ်းကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ အဲဒီအချိန်ကစပြီး ယေရှုနောက်ကို လိုက်ကြတယ်။

ယေရိခေါမြို့ကို ယေရှုဖြတ်လျှောက်သွားတဲ့အခါ လူတွေ အုပ်လိုက်ကြီး ပါလာတယ်။ မျက်မမြင်တွေ ပြန်မြင်လာအောင် ကုသပေးလိုက်တဲ့သူကို လူတိုင်း တွေ့ချင်နေတာ။ ယေရှုပတ်လည်မှာ လူတွေ ဝိုင်းအုံနေလို့ တချို့ဆိုရင် ယေရှုကို အရိပ်အယောင်လေးတောင် မတွေ့ရဘူး။ ယေရိခေါမြို့နဲ့ အနီးတစ်ဝိုက်က အခွန်ခံမှူးဇက်ခဲလည်း အဲဒီလိုပဲ။ သူက အရပ်ပုတော့ ဘာတွေဖြစ်နေတယ်ဆိုတာ မမြင်ရဘူး။ ဒါနဲ့ ယေရှုသွားမယ့်လမ်းအတိုင်း ရှေ့ကနေပြေးပြီး သဖန်းပိုးစာပင်ပေါ် တက်လိုက်တယ်။ သစ်ပင်ပေါ်ကဆိုတော့ ကောင်းကောင်းမြင်နိုင်တာပေါ့။ အဲဒီနေရာကို ယေရှုရောက်လာတဲ့အခါ ဇက်ခဲ သစ်ပင်ပေါ် ရောက်နေတာကိုတွေ့ပြီး “ဇက်ခဲ၊ မြန်မြန်ဆင်းခဲ့။ ဒီနေ့ ခင်ဗျားအိမ်မှာ ကျွန်တော်တည်းမယ်” လို့ပြောတယ်။ (လုကာ ၁၉:၅) ဇက်ခဲလည်း ဆင်းလာပြီး အထူးဧည့်သည်ကို ဧည့်ခံဖို့ အိမ်ကို မြန်မြန်ပြန်သွားတယ်။

ဒါကို လူတွေမြင်တဲ့အခါ မကျေမနပ် ဖြစ်ကြတယ်။ အပြစ်သားတစ်ယောက်ရဲ့ အိမ်မှာ ယေရှု မတည်းခိုသင့်ဘူးလို့ သူတို့ယူဆတယ်။ ဇက်ခဲဟာ မရိုးသားတဲ့နည်းနဲ့ မတရားအခွန်ကောက်ပြီး သူဌေးဖြစ်လာတာ။

ဇက်ခဲရဲ့အိမ်ထဲ ယေရှုဝင်သွားတာကို လူတွေမြင်တဲ့အခါ “အပြစ်သားရဲ့အိမ်မှာ သွားတည်းခိုနေပါလား” ဆိုပြီး မကျေမနပ်ပြောကြတယ်။ ယေရှုကတော့ ဇက်ခဲကို နောင်တရဖို့ အလားအလာရှိသူအဖြစ် ရှုမြင်တဲ့အပြင် စိတ်လည်းမပျက်ဘူး။ ဇက်ခဲက ထပြီး “သခင်၊ ကျွန်တော့်ရဲ့ ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတွေကို ပေးပါ့မယ်။ ဘယ်သူ့ဆီကဖြစ်ဖြစ် မတရားယူခဲ့တာတွေကို လေးဆပြန်ပေးပါ့မယ်” လို့ပြောတယ်။—လုကာ ၁၉:၇၊ ၈။

ဇက်ခဲက နောင်တစစ်ရကြောင်း အကောင်းဆုံး သက်သေပြလိုက်တာပဲ။ ဂျူးတွေဆီကနေ ဘယ်လောက် အခွန်ကောက်ထားမှန်း အခွန်မှတ်တမ်းတွေကို ကြည့်ပြီး သူတွက်ချက်နိုင်တယ်။ ဒါကြောင့် လေးဆပြန်ပေးမယ်လို့ ကျိန်ဆိုလိုက်တာပေါ့။ ဒါက ဘုရားပညတ်မှာ တောင်းဆိုတာထက်တောင် ပိုနေသေးတယ်။ (ထွက်မြောက်ရာ ၂၂:၁။ ဝတ်ပြုရာ ၆:၂-၅) ဒါ့အပြင် သူ့ရဲ့ဥစ္စာပစ္စည်း တစ်ဝက်ကို ဆင်းရဲသားတွေကို ပေးမယ်လို့လည်း ကတိပေးတယ်။

နောင်တရကြောင်း ဇက်ခဲသက်သေပြတာကို ယေရှုမြင်တဲ့အခါ “ဒီနေ့ ဘုရားသခင်က ဒီအိမ်သားတွေကို ကယ်တင်လိုက်ပြီ။ ခင်ဗျားဟာ အာဗြဟံရဲ့သားဖြစ်လို့ပဲ။ တကယ်တော့ လူသားဟာ ပျောက်တဲ့သူတွေကို ရှာပြီး ကယ်တင်ဖို့ ရောက်လာတာ” လို့ ဝမ်းသာအားရပြောတယ်။—လုကာ ၁၉:၉၊ ၁၀။

“ပျောက်တဲ့သူ” ရဲ့အခြေအနေကို ပျောက်တဲ့သား ပုံဥပမာမှာ ယေရှု အလေးပေးပြောခဲ့တာ မကြာသေးဘူး။ (လုကာ ၁၅:၁၁-၂၄) ဒါကတော့ ပျောက်တော့မလို ဖြစ်နေတဲ့သူကို ပြန်တွေ့တဲ့ ဘဝဖြစ်ရပ်မှန်ပဲ။ ဘာသာရေးခေါင်းဆောင်တွေနဲ့ အပေါင်းပါတွေက ဇက်ခဲလိုလူတွေကို ယေရှု အရေးတယူ ဆက်ဆံတဲ့အတွက် ပြစ်တင်ရှုတ်ချကြတယ်။ ယေရှုကတော့ အာဗြဟံရဲ့ ပျောက်တဲ့သားတွေကို ဆက်ရှာပြီး ကယ်တင်ပေးတယ်။

  • မျက်မမြင် သူတောင်းစား နှစ်ယောက်ကို ယေရှု ဘယ်နေရာမှာ တွေ့သလဲ။ သူတို့ကို ဘာလုပ်ပေးသလဲ။

  • ဇက်ခဲက ဘယ်သူလဲ။ နောင်တရကြောင်း သူ ဘယ်လို သက်သေပြသလဲ။

  • ဇက်ခဲကို ယေရှုဆက်ဆံပုံကနေ ဘာသင်ခန်းစာရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ