-
အကောင်းမြင်သဘောထား ဆက်ရှိနေနိုင်ပုံကင်းမျှော်စင်—၂၀၁၄ | မတ် ၁၅
-
-
၈၊ ၉။ (က) ဆင်းရဲတဲ့မုဆိုးမရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ (ခ) မုဆိုးမမှာ ဘယ်လို အပျက်သဘောထားတွေ ရှိနေနိုင်သလဲ။
၈ ဂျေရုဆလင်ဗိမာန်တော်မှာ ယေရှုဟာ ဆင်းရဲတဲ့မုဆိုးမတစ်ယောက်ကို ကြည့်နေတယ်။ ကိုယ်လုပ်ချင်သလောက် မလုပ်နိုင်ဘူးဆိုရင်တောင် အကောင်းမြင်သဘောထား ဆက်ရှိနိုင်အောင် အဲဒီမုဆိုးမရဲ့ပုံနမူနာက ကူညီပေးနိုင်ပါတယ်။ (လုကာ ၂၁:၁–၄ ကိုဖတ်ပါ။) သူ့ရဲ့အခြေအနေကို စဉ်းစားကြည့်ပါ။ သူဟာ ခင်ပွန်းသေဆုံးသွားလို့ ဝမ်းနည်းကြေကွဲခဲ့ရတယ်။ တစ်ချိန်တည်းမှာ ဘာသာရေးခေါင်းဆောင်တွေက လောဘကြီးပြီး သူ့လိုမုဆိုးမတွေကို ကူညီပေးမယ့်အစား ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတယ်။ (လု. ၂၀:၄၇) မုဆိုးမဟာ ဆင်းရဲလွန်းလို့ ဗိမာန်တော်မှာထည့်နိုင်တဲ့ သူ့ရဲ့အလှူငွေပမာဏက အလုပ်သမားတစ်ယောက်ရဲ့ မိနစ်ပိုင်း လုပ်အားခလောက်ပဲရှိတယ်။
၉ ဒ င်္ဂါးပြားလေးနှစ်ပြားကို လက်မှာကိုင်ပြီး ဗိမာန်တော်ဝင်းထဲ ဝင်သွားတဲ့အချိန်မှာ အဲဒီမုဆိုးမ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သူ့ခင်ပွန်းအသက်ရှင်တုန်းက သူထည့်ခဲ့တဲ့ အလှူငွေပမာဏနဲ့ နှိုင်းယှဉ်လိုက်ရင် အခုထည့်မယ့်အလှူငွေက နည်းတယ်လို့ ခံစားနေရမလား။ တခြားသူတွေထည့်တဲ့ အလှူငွေအများကြီးကို မြင်တဲ့အခါ အားငယ်ပြီး သူ့အလှူငွေက တန်ဖိုးမရှိဘူးလို့ ခံစားနေရမလား။ သူ့မှာ အဲဒီလိုခံစားချက်တွေ ရှိခဲ့ရင်တောင် စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ဖို့ သူ့မှာရှိတာကို ဆက်ပေးနေတုန်းပဲ။
-
-
အကောင်းမြင်သဘောထား ဆက်ရှိနေနိုင်ပုံကင်းမျှော်စင်—၂၀၁၄ | မတ် ၁၅
-
-
၁၁။ မုဆိုးမအကြောင်း မှတ်တမ်းကနေ သင် ဘာသင်ယူနိုင်သလဲ။
၁၁ သင့်အခြေအနေတွေက သင် ယေဟောဝါကို ပေးနိုင်တဲ့ပမာဏအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ တချို့သူတွေဟာ အသက်အရွယ် ဒါမှမဟုတ် ကျန်းမာရေးကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ သူတို့လုပ်ချင်သလောက် မလုပ်နိုင်ဘူး။ အမှုဆောင်လုပ်ငန်းမှာ သူတို့ပါဝင်တဲ့အချိန်ကို မှတ်တမ်းသွင်းဖို့ မသင့်လျော်ဘူးလို့ ခံစားရသင့်သလား။ သင်က အသက်ငယ်ရွယ်တယ်၊ ဒါမှမဟုတ် ကျန်းမာရေးကောင်းတယ်ဆိုရင်တောင် သင့်ရဲ့ ကြိုးစားအားထုတ်မှုက ဘုရားသခင့်လူတွေ နှစ်စဉ် ဝတ်ပြုရေးမှာအသုံးပြုတဲ့အချိန်နဲ့ နှိုင်းယှဉ်လိုက်ရင် သိပ်နည်းတယ်လို့ ခံစားရနိုင်ပါတယ်။ မုဆိုးမအကြောင်းမှတ်တမ်းက ယေဟောဝါဟာ ကိုယ်တော့်အတွက် ကျွန်ုပ်တို့လုပ်ဆောင်တဲ့ သေးငယ်တဲ့အရာတိုင်းကို သတိပြုမိပြီး တန်ဖိုးထားတယ်၊ အထူးသဖြင့် ခက်ခဲတဲ့အခြေအနေမှာ လုပ်ဆောင်တဲ့အရာတွေကို တန်ဖိုးထားတယ်ဆိုတာ သင်ပေးတယ်။ လွန်ခဲ့တဲ့နှစ်က ယေဟောဝါရဲ့ဝတ်ပြုရေးမှာ သင်လုပ်ဆောင်ခဲ့တာကို ပြန်စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့အထဲက အချိန်တစ်နာရီက သင် အကြီးအကျယ်ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ခဲ့ရတာလား။ ဟုတ်တယ်ဆိုရင် အဲဒီတစ်နာရီအတွင်း သင်လုပ်ဆောင်ခဲ့တာကို ကိုယ်တော် တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ သင်ဟာ ဆင်းရဲတဲ့မုဆိုးမကို တုပပြီး ယေဟောဝါအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်တဲ့အခါ “ယုံကြည်ခြင်း၌တည်” နေတယ်ဆိုတာ သက်သေပြတာဖြစ်တယ်။
ယေဟောဝါအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်တဲ့အခါ သင် “ယုံကြည်ခြင်း၌တည်” နေတယ် ဆိုတာ သက်သေပြတာဖြစ်
-