ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၈/၁ စာ. ၃၀
  • ကျွန်ုပ် ငွေမည်မျှ လှူဒါန်းသင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ် ငွေမည်မျှ လှူဒါန်းသင့်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာခေတ်တွင် တောင်းဆိုချက်အရလှူဒါန်းခြင်းနှင့် စိတ်လိုကိုယ်လျောက်လှူဒါန်းခြင်း
  • ခရစ်ယာန်များသည် သတ်မှတ်ထားသည့်ပမာဏအတိုင်း လှူဒါန်းရမည်လော
  • ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ယေဟောဝါရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်းပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စေတနာစိတ်ပါစွာဖြင့်ပေးကမ်းသူများကို ယေဟောဝါချစ်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါကို ဘာလက်ဆောင် ပေးနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၈/၁ စာ. ၃၀

စာရှုသူများအမေး

ကျွန်ုပ် ငွေမည်မျှ လှူဒါန်းသင့်သနည်း

“စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) ထိုကျမ်းစကားကို ကမ္ဘာတစ်ဝန်းရှိလူတို့ သိရှိထားကြသည်။ သို့သော် ဘာသာရေးကိုင်းရှိုင်းသူအချို့က မိမိတို့တတ်နိုင်သည်ထက်ပို၍ လှူဒါန်းသင့်သည်ဟု ယူမှတ်ကြပေမည်။ ထို့ပြင် အချို့ဘာသာများက သတ်မှတ်ထားသောငွေပမာဏအတိုင်း အတိအကျလှူဒါန်းရမည်ဟု ၎င်းတို့၏အသင်းသားများကို တောင်းဆိုကြသည်။ ယင်းကို ဆယ်ဖို့တစ်ဖို့လှူဒါန်းခြင်းဟုခေါ်သည်။ ဆိုလိုသည်မှာ ဘာသာဝင်များသည် မိမိတို့ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ချာ့ချ်တွင် လှူဒါန်းရခြင်းဖြစ်သည်။

သတ်မှတ်ထားသောငွေပမာဏအတိုင်း အတိအကျလှူဒါန်းရမည်ဟု ကျမ်းစာက အမှန်တကယ်တောင်းဆိုပါသလော။ သို့ဆိုလျှင် ကျွန်ုပ်တို့တစ်ဦးစီသည် မည်မျှလှူဒါန်းသင့်သနည်း။

ကျမ်းစာခေတ်တွင် တောင်းဆိုချက်အရလှူဒါန်းခြင်းနှင့် စိတ်လိုကိုယ်လျောက်လှူဒါန်းခြင်း

ကျမ်းစာတွင် အစ္စရေးလူများ ပမာဏမည်မျှလှူဒါန်းရန် ဘုရားသခင်တောင်းဆိုသည်နှင့်ပတ်သက်၍ ရှင်းလင်းသောညွှန်ကြားချက်များပါရှိသည်။ (ဝတ်ပြုရာ ၂၇:၃၀-၃၂; တောလည်ရာ ၁၈:၂၁၊ ၂၄; တရားဟောရာ ၁၂:၄-၇၊ ၁၁၊ ၁၇၊ ၁၈; ၁၄:၂၂-၂၇) ထိုတောင်းဆိုချက်များသည် သူတို့မတတ်နိုင်သောအရာ မဟုတ်ပါ။ အကြောင်းမှာ ထိုပညတ်ကို သူတို့လိုက်နာပါက ယေဟောဝါသည် သူတို့ကို “ကြွယ်ဝစေတော်မူမည်” ဟုကတိပြုထားသောကြောင့်ဖြစ်သည်။—တရားဟောရာ ၂၈:၁၊ ၂၊ ၁၁၊ ၁၂။

ထို့ပြင် အစ္စရေးလူတို့သည် တတ်နိုင်သရွေ့ နည်းများမဆို စေတနာအလျောက် လှူဒါန်းနိုင်သည်။ ဥပမာ၊ ဘုရင်ဒါဝိဒ်သည် ယေဟောဝါအတွက် ဝတ်ပြုရာအိမ်တော်တည်ဆောက်ရန် စီစဉ်သောအခါ တိုင်းသူပြည်သားများက “ရွှေအခွက်ငါးသောင်း” လှူဒါန်းခဲ့သည်။a (၁ ရာဇဝင်ချုပ် ၂၉:၇) သို့သော် ထိုရွှေအခွက်ငါးသောင်း၏ပမာဏကို ယေရှုမြေကြီးပေါ်ရှိစဉ် တွေ့မြင်ခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ်ကြည့်ပါ။ “ဆင်းရဲသောမုဆိုးမတစ်ဦးသည် အလွန်တန်ဖိုးနည်းသော ဒင်္ဂါးငယ်နှစ်ပြား” ကို ဝတ်ပြုရာအိမ်တော်ရှိ အလှူငွေပုံးထဲထည့်နေသည်ကို ကိုယ်တော်တွေ့မြင်ခဲ့သည်။ ထိုမုဆိုးမ၏အလှူငွေသည် တန်ဖိုးမည်မျှရှိသနည်း။ တစ်နေ့လုပ်အားခ၏ ၆၄ ပုံ ၁ ပုံမျှသာဖြစ်၏။ သို့သော် ထိုငွေအနည်းငယ်သည် လက်ခံနိုင်ဖွယ်ဖြစ်ကြောင်း ယေရှု ထုတ်ဖော်ပြောခဲ့သည်။—လုကာ ၂၁:၁-၄။

ခရစ်ယာန်များသည် သတ်မှတ်ထားသည့်ပမာဏအတိုင်း လှူဒါန်းရမည်လော

ခရစ်ယာန်များသည် အစ္စရေးလူတို့ကို ဘုရားသခင်ပေးခဲ့သည့် ပညတ်တရားအောက်တွင် မရှိပါ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ကို သတ်မှတ်ထားသည့်ပမာဏအတိုင်း အတိအကျလှူဒါန်းရန် မလိုအပ်ပေ။ သို့သော် လှူဒါန်းပေးကမ်းခြင်းသည် ခရစ်ယာန်စစ်များ၏အသင်းတော်တွင် ရွှင်လန်းမှုများစွာ ရရှိစေသည်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဟုယေရှုခရစ်ကိုယ်တိုင် မိန့်တော်မူခဲ့သည်။—တမန်တော် ၂၀:၃၅။

ယေဟောဝါသက်သေများသည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကိုထောက်ပံ့ရန် စေတနာအလျောက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ထိုအလှူငွေများကို သင်ယခုဖတ်ရှုနေသည့်မဂ္ဂဇင်းကဲ့သို့သော စာပေစာတမ်းများ ပုံနှိပ်ထုတ်ဝေရန်၊ ဘုရားသခင့်နိုင်ငံတော်ခန်းမများဟုခေါ်သော ဝတ်ပြုရာနေရာများကို ဆောက်လုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန် အသုံးပြုသည်။ ထိုအလှူငွေများကို လစာပေးရန် လုံးဝအသုံးမပြုပါ။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အချိန်ပြည့်ပါဝင်သူအချို့သည် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခြားကိုယ်ပိုင်အသုံးစရိတ်များအတွက် အထောက်အပံ့ရရှိကြပါသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုထောက်ပံ့မှုရရန် မတောင်းဆိုကြပါ။ အမှန်မှာ ယေဟောဝါသက်သေအများစုသည် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်သည့်အတွက် ငွေကြေးအထောက်အပံ့ရနေသူများ မဟုတ်ကြပါ။ တဲရှင်ချုပ်သည့်အလုပ်လုပ်ကာ ကိုယ့်ဝမ်းစာကိုယ်ရှာခဲ့သော ပေါလုနည်းတူ သူတို့လည်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေသူများဖြစ်သည်။—၂ ကောရိန္သု ၁၁:၉; ၁ သက်သာလောနိတ် ၂:၉။

လူတစ်ဦးသည် ယေဟောဝါသက်သေများ၏လုပ်ငန်းကို ကူညီထောက်ပံ့ရန် လှူဒါန်းလိုပါက ငွေမည်မျှထည့်ဝင်သင့်သနည်း။ “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏” ဟုတမန်တော်ပေါလုရေးခဲ့သည်။—၂ ကောရိန္သု ၈:၁၂; ၉:၇။

[အောက်ခြေမှတ်ချက်]

a ၂၀၀၈ ခုနှစ်တွင် ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၈၇၁ ဒေါ်လာရှိခဲ့ရာ ဤပမာဏသည် ဒေါ်လာပေါင်း ၄,၇၉၄,၈၅၅,၀၀၀ တန်ဖိုးနှင့်ညီမျှသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ