ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၆၀
  • ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိုးခေါင်ရေရှားမှုနဲ့ပတ်သက်ပြီး ကျမ်းစာ ကြိုဟောချက်
  • မိုးခေါင်ရေရှားမှု ဘာကြောင့် ပိုဆိုးလာသလဲ
  • အနာဂတ်အတွက် မျှော်လင့်ချက် ရှိပါသလား
  • ၂၀၂၂၊ ကသောင်းကနင်းနိုင်လှတဲ့ နှစ်—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာတစ်ဝန်း စံချိန်သစ်တင်လာတဲ့ အပူချိန်တိုးမြင့်မှု– ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာမြေ ဖျက်ဆီးခံနေရ—သမ္မာကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၆၀
ပက်ကြားအက်နေတဲ့ မြေပေါ်မှာ အပင်လေးတစ်ပင်ပဲ ရှင်သန်နေ။
Brais Seara/Moment via Getty Images

သတိနဲ့ စောင့်နေကြပါ

ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု—ကျမ်းစာအဆိုက ဘာလဲ

  • “တရုတ်ပြည်မှာ ‘အဆိုးဝါးဆုံး’ အပူလှိုင်း ဖြတ်ခဲ့ပြီး ပူပြင်းခြောက်သွေ့ဆုံး နွေရာသီအဖြစ် စံချိန်တင်တာ သုံးကြိမ်ရှိပြီလို့ သတင်းရရှိတယ်။”—၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်ထုတ် The Guardian သတင်းစာ။

  • “အာဖရိက ဒေသတချို့မှာ ဆိုးဝါးတဲ့ မိုးခေါင်ရေရှားမှုဖြစ်တာ ငါးနှစ်ဆက်တိုက် ရှိတော့မယ်။”—၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆ ရက်ထုတ် ယူအန် သတင်း။

  • “ဥရောပရဲ့ သုံးပုံနှစ်ပုံဟာ မိုးခေါင်ရေရှား အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ အနှစ် ၅၀၀ အတွင်းမှာ အဆိုးဝါးဆုံး ဖြစ်နိုင်တယ်။”— ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃ ရက်ထုတ် ဘီဘီစီ သတင်း။

မိုးခေါင်ရေရှားမှု အန္တရာယ် ဆက်ရှိနေပြီး ပိုဆိုးလာမယ်လို့ ပညာရှင်များစွာ ခန့်မှန်းကြတယ်။ အနာဂတ်အတွက် ပိုကောင်းတဲ့ မျှော်လင့်ချက် ရှိပါသလား။ ကျမ်းစာအဆိုက ဘာလဲ။

မိုးခေါင်ရေရှားမှုနဲ့ပတ်သက်ပြီး ကျမ်းစာ ကြိုဟောချက်

ဒီနေ့ခေတ်ကာလနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အခုလို ကြိုဟောထားပါတယ်–

  • “အစာခေါင်းပါးမှုတွေ . . . တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—လုကာ ၂၁:၁၁။

မိုးခေါင်ရေရှားမှုကြောင့် အစာခေါင်းပါးမှုတွေ ဖြစ်လာတယ်။ အစာခေါင်းပါးမှုကြောင့် လူတွေ ဒုက္ခတွေရောက်ကြပြီး အသက်ဆုံးပါးကြတယ်။ အဲဒါတွေဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံမှုပါပဲ။—ဗျာဒိတ် ၆:၆၊ ၈။

မိုးခေါင်ရေရှားမှု ဘာကြောင့် ပိုဆိုးလာသလဲ

မိုးခေါင်ရေရှားမှု ပိုဆိုးလာရတဲ့ အခြေခံအကြောင်းရင်းကို ကျမ်းစာမှာ အခုလို ဖော်ပြထားတယ်–

  • ‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိပါဘူး။’—ယေရမိ ၁၀:၂၃။

ဆိုလိုတာက လူလူချင်းကို အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်စွမ်း လူတွေမှာ မရှိကြဘူး။ မကြာခဏဆိုသလို အုပ်ချုပ်သူတွေရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် မိုးခေါင်မှု၊ ရေရှားပါးမှုတွေ ဖြစ်ရတယ်။

  • လူတွေရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာချီပူနွေးမှု၊ ကမ္ဘာတစ်ဝန်း မိုးခေါင်ရေရှားမှုတွေ ဖြစ်ရတယ်လို့ သိပ္ပံပညာရှင်များစွာ လက်ခံထားကြတယ်။

  • လောဘဇောကပ်ပြီး ရေရှည်အကျိုးကို ထည့်မစဉ်းစားဘဲ မူဝါဒတွေ ချမှတ်လို့ သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ သဘာဝသယံဇာတတွေ တလွဲသုံးမှု ဖြစ်လာပြီး အဖိုးတန် ရေအရင်းအမြစ်တွေ ထိခိုက်ပျက်စီးလာတယ်။

ဒါပေမဲ့ ကျမ်းစာက မျှော်လင့်ချက် ပေးထားပါတယ်။

အနာဂတ်အတွက် မျှော်လင့်ချက် ရှိပါသလား

ဘုရားသခင်က လက်ရှိဖြစ်ပျက်နေတဲ့ ရေရှားပါးမှု ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ကျမ်းစာထဲမှာ ကတိပေးထားတယ်။ ဘယ်လို ဖြေရှင်းပေးမှာလဲ။

  1. ၁။ ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” ပါလိမ့်မယ်။ (ဗျာဒိတ် ၁၁:၁၈) ရေရှားပါးမှုကို ဖြစ်စေတဲ့၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ လောဘသမားတွေကို ပယ်ရှင်းပါလိမ့်မယ်။—၂ တိမောသေ ၃:၁၊ ၂။

  2. ၂။ “ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ကျူပင်ပေါတဲ့ရေအိုင် ဖြစ်လာမယ်။” (ဟေရှာယ ၃၅:၁၊ ၆၊ ၇) မိုးခေါင်ရေရှားမှုကြောင့် ပျက်စီးနေတဲ့ ဒီကမ္ဘာမြေကို ရေပေါများပြီး စိမ်းစိုလန်းဆန်းတဲ့ ဥယျာဉ်အဖြစ် ဘုရားသခင် ပြောင်းလဲပေးပါမယ်။

  3. ၃။ “ဘုရားသခင်က ကမ္ဘာမြေကို ဂရုစိုက်တယ်။ မြေဆီမြေနှစ်တွေ ပြည့်စေပြီး အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းစေတယ်။” (ဆာလံ ၆၅:၉) ဘုရားသခင့်ကောင်းချီးကြောင့် ကမ္ဘာမြေမှာ လူအားလုံးအတွက် အာဟာရရှိတဲ့ အစားအစာတွေ၊ သန့်ရှင်းတဲ့ရေတွေ ပေါကြွယ်ဝနေပါလိမ့်မယ်။

ရာသီဥတုပြောင်းလဲခြင်းဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံနေတာဖြစ်တယ်။ ဒီအကြောင်း ထပ်သိချင်ရင် “ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ” ဆောင်းပါးကို ဖတ်ပါ။

အနာဂတ်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ကျမ်းစာကတိကို ထပ်သိချင်ရင် “ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။

ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံအကြောင်း ထပ်သိချင်ရင် “ရာသီဥတု ဆိုးရွားမှုဒဏ်ခံရခြင်း—ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်သလား” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ