ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၂၀ | အမှတ် ၂
    • “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။” (လုကာ ၂၁:၁၀၊ ၁၁) လက်ဗွေရာက သတ်သတ်မှတ်မှတ် လူတစ်ယောက်ကို ဖော်ပြသလိုပဲ အဲဒီအဖြစ်အပျက်တွေကလည်း “ဘုရားသခင့်နိုင်ငံတော် နီးနေပြီ” ဆိုတာ အတိအကျ ဖော်ပြတယ်။ အဲဒီအဖြစ်အပျက်တွေကို ကမ္ဘာအနှံ့မှာ မြင်တွေ့နေရပြီလား။ အထောက်အထားတွေကို လေ့လာကြည့်ပါ။

  • ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၂၀ | အမှတ် ၂
    • ၂။ မြေငလျင်

      မြေငလျင်ကြောင့် အဆောက်အဦတွေ အက်သွား။

      နှစ်စဉ်နှစ်တိုင်း “ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်စေတဲ့” ငလျင် အကြိမ် ၁၀၀ လောက်လှုပ်တယ်လို့ ဗြိတိန်နီကာအကယ်ဒမစ်က ဆိုတယ်။ ၁၉၀၀ ပြည့်နှစ်ကစတဲ့ “မှတ်တမ်းတွေအရ နှစ်တိုင်းလိုလို အင်အားပြင်းငလျင် ၁၆ ကြိမ်လောက် လှုပ်ခဲ့တယ်” လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းတွေက ဖော်ပြတယ်။ ငလျင်တွေ ပိုများလာတာဟာ တိုင်းတာရေး ကိရိယာတွေ ပိုကောင်းလာလို့ ဖြစ်ပုံရတယ်ဆိုပြီး ပညာရှင်တချို့ ယူဆကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကမ္ဘာတစ်ဝန်းမှာ ငလျင်ကြီးတွေကြောင့် ဘေးဒုက္ခနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်။

      ၃။ အစာခေါင်းပါးမှု

      ကောက်ပဲသီးနှံတွေ အထွက်နည်းသွားတာကို ဖော်ပြတဲ့ ဂရပ်မျဉ်းကို တွေ့ရစဉ်။

      စစ်၊ အကျင့်ပျက်ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးရေးမှာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ရာသီဥတုဖောက်ပြန်တာကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းမှာ အစာခေါင်းပါးမှုတွေ ဖြစ်နေတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ “၂၀၁၈ ခုနှစ် မှတ်တမ်း” အရ “ကမ္ဘာတစ်ဝန်းမှာ ဝဝလင်လင် မစားရသူ ၈၂၁ သန်းရှိပြီး အဲဒီအထဲက ၁၂၄ သန်းကတော့ အလွန်ဆာလောင်နေကြတယ်” လို့ သိရတယ်။ နှစ်စဉ် ကလေး ၃.၁ သန်းဟာ အာဟာရချို့တဲ့လို့ သေဆုံးကြရတယ်။ ၂၀၁၁ ခုနှစ်အတွက်ဆိုရင် အဲဒါက ကမ္ဘာတစ်ဝန်း ကလေးသေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းပဲ။

      ၄။ ကပ်ရောဂါများ

      ဇီဝဓာတု အန္တရာယ်နဲ့ ဗက်တီးရီးယားပိုး အမှတ်အသား။

      ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ် စာစောင်တစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “၂၁ ရာစုမှာ ကပ်ရောဂါဆိုးတွေ ဖြစ်ပွားနေတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါနဲ့ ငန်းဝါအဖျားရောဂါတွေ တစ်ကျော့ပြန်ဖြစ်လာတယ်။ ဆားစ်ရောဂါ၊ ကူးစက်မြန် တုပ်ကွေးရောဂါ၊ မားစ်ရောဂါ၊ အီဘိုလာ၊ ဇီကာ စတဲ့ ရောဂါအသစ်အဆန်းတွေလည်း ပေါ်လာတယ်။” လောလောလတ်လတ် ကြုံထားရတာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါပါ။ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေဟာ ဖျားနာမှုတွေအကြောင်း အများကြီးသိကြပေမဲ့ ရောဂါအားလုံးကို ကုသနိုင်တဲ့နည်း ရှာမတွေ့နိုင်ကြသေးဘူး။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ