ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အာမခံချက်—မည်သည့်နည်းဖြင့်နည်း
“ကျွန်တော်တို့ ရဲ့အတတ်နိုင်ဆုံးကြိုးစားအားထုတ်မှုဟာ စားနပ်ရိက္ခာဖူလုံဖို့ မလုံလောက်ဘူးဆိုတာကို ဒီရာစုအစောပိုင်းကတည်းက သိခဲ့ရတယ်” ဟု ဝါရှင်တန် ဒီ.စီ မှ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့၏ ဥက္ကဋ္ဌလာစ်တာဘရောင်းက ဆိုသည်။ နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းအရ ၁၉၉၅ ခုနှစ်အစောပိုင်းတွင် ကမ္ဘာ့သီးနှံသိုလှောင်မှုသည် ကမ္ဘာ့လူထုကြီးကို ၄၈ ရက်သာ ကျွေးမွေးရန် လုံလောက်သော တန်ချိန်ပေါင်း ၂၅၅ သန်းသို့ ကျဆင်းသွားသည်။ ယင်းမတိုင်ခင်နှစ်များက ရိက္ခာသိုလှောင်မှုသည် ရက်ပေါင်း ၆၀ နားသို့ကျဆင်းသွားသော်လည်း ထောက်ပံ့ပေးကမ်းမှု၌ ပြန်လည်နာလန်ထူနိုင်သည်။ သို့သော် ယခုအခါ ၎င်းဆုံးရှုံးမှုများကို ပြန်လည်ရရှိအောင် မြေကြီးက စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့က တပ်အပ်မပြောနိုင်တော့ချေ။
သုံးနှစ်ဆက်တိုက် သီးနှံအထွက်နှုန်းကျဆင်းသည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားက အသီးအနှံတို့ကို ခြံမွေးတိရစ္ဆာန်များစားသုံးမှုအတွက် အသုံးပြုလာသောကြောင့် ၎င်းကို အဓိကစားကုန်အဖြစ် စားသုံးသောဆင်းရဲသားများအတွက် အသီးအနှံရရှိမှုလျော့နည်းသွားသည်။ ယင်းအခြေအနေကို အရေးယူလုပ်ဆောင်ရန် နှောင့်နှေးခဲ့လျှင် သူတို့ဝင်ငွေ၏အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို အစားအစာအတွက် သုံးစွဲသောလူပေါင်း သန်းတစ်ထောင်သည် ငတ်ပြတ်စပြုလာပေမည်ဟု နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက သတိပေးသည်။
ကျွန်ုပ်တို့ခေတ်ရှိ လူသားများသည် “အစာခေါင်းပါးခြင်း” ကိုတွေ့ ကြုံရမည်ဟု ကျမ်းစာက ကြိုတင်ပြောထားသည်။ (လုကာ ၂၁:၁၁) သို့ရာတွင် ဘုရားသခင်သည် ဤခက်ခဲမှုကို လျစ်လျူရှုမထားချေ။ အမှန်တကယ်အားဖြင့် ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာ့ရေးရာများအပေါ် ထိန်းချုပ်သောအခါ လူသား၏အရေးကိစ္စတို့ကို ကိုယ်တော်အာရုံစိုက်တော်မူကြောင်း နောက်ဆုံးတွင် ထင်ရှားလာလိမ့်မည်။ ထိုအချိန်၌ “မြေသည်မိမိဘဏ္ဍာကိုပေး” တော်မူလိမ့်မည်။ “ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။” (ဆာလံ ၆၇:၆; ၇၂:၁၆) ထိုနောက် ဖန်ဆင်းရှင်နှင့်ပတ်သက်၍ ဤပရောဖက်ပြုချက်စကားများ ပြည့်စုံလိမ့်မည်ဖြစ်သည်– “မြေကြီးကို အကြည့်အရှုကြွလာ၍ . . . အလွန်ကြွယ်ဝစေတော်မူ၏။ လယ်ပြင်တို့လည်း စပါးပင်နှင့်လွှမ်းမိုးလျက်ရှိမည်။”—ဆာလံ ၆၅:၉၊ ၁၃။
ထိုအံ့ချီးဖွယ်ကတိတော်သည် သင့်အတွက် နှစ်သက်စရာမကောင်းပေလော။ ၎င်းကတိတော်တွင် သင်မည်သို့ပါဝင်ခံစားနိုင်ကြောင်း သိချင်ပါသလော။ ယင်းသို့ဆိုလျှင် ယေဟောဝါသက်သေများ သင့်အိမ်သို့ နောက်တစ်ကြိမ်ရောက်လာသောအခါ ကတိထားရာပရဒိသုအကြောင်းနှင့်ပတ်သက်၍ ပြောပြဖို့ တောင်းဆိုပါ။
သင်သည် တစ်ဦးတစ်ယောက်နှင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုလျှင် ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ ၁၁၀၄၁ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။
[Picture Credit Line on page 32]
Inset: Pictorial Archive (Near Eastern History) Est.