ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၂
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးနေပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးနေပြီ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ကျမ်းစာသက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ​—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၂
သင်ခန်းစာ ၃၂။ ကောင်းကင်ဘုရင် ယေရှုခရစ်က ရာဇလှံတံ ကိုင်ပြီး ကမ္ဘာကို အုပ်ချုပ်နေ။

သင်ခန်းစာ ၃၂

ဘုရားသခင့်နိုင်ငံတော် အုပ်စိုးနေပြီ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

၁၉၁၄ ခုနှစ်ကစပြီး ကောင်းကင်မှာ ဘုရားနိုင်ငံတော် အုပ်စိုးနေပါပြီ။ ဒါဟာ လူ့အုပ်ချုပ်မှု ဆုံးခန်းရဲ့ အစလည်း ဖြစ်တယ်။ ဘယ်လို သိရသလဲ။ ကျမ်းစာကြိုဟောချက်အပြင် ၁၉၁၄ ကစပြီး ကမ္ဘာ့အခြေအနေနဲ့ လူတွေရဲ့ စိတ်သဘောထား ပြောင်းလဲသွားပုံကို သုံးသပ်ကြည့်ပါ။

၁။ ကျမ်းစာမှာ ဘာတွေ ကြိုဟောထားသလဲ။

“ခုနစ်ကာလ” အဆုံးမှာ ဘုရားနိုင်ငံတော် စတင်အုပ်စိုးမယ်လို့ ဒံယေလကျမ်းက ဆိုတယ်။ (ဒံယေလ ၄:​၁၆၊ ၁၇) ရာစုနှစ်တွေကြာပြီးနောက် ယေရှုက “လူမျိုးခြားတွေအတွက် သတ်မှတ်ထားချိန်” လို့ ခေါ်တဲ့ အဲဒီကာလ မကုန်သေးဘူးလို့ ပြောတယ်။ (လုကာ ၂၁:၂၄) ၁၉၁၄ မှာ ခုနစ်ကာလ ကုန်ဆုံးကြောင်း လေ့လာကြပါမယ်။

၂။ ၁၉၁၄ ကစပြီး ကမ္ဘာ့အခြေအနေနဲ့ လူတွေရဲ့ စိတ်သဘောထား ဘယ်လို ရှိသလဲ။

တပည့်တွေက “သခင် ရောက်ရှိနေပြီ၊ လောကစနစ် နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ” လို့ ယေရှုကို မေးကြတယ်။ (မဿဲ ၂၄:၃) ယေရှုရဲ့ အဖြေမှာ ဘုရားနိုင်ငံတော်ဘုရင်အဖြစ် ကောင်းကင်မှာ စတင် အုပ်ချုပ်ပြီးနောက် ဖြစ်လာမယ့်အရာတွေအကြောင်း ကြိုဟောချက်တွေ ပါတယ်။ စစ်ပွဲ၊ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ ပါတယ်။ (မဿဲ ၂၄:၇ ကို ဖတ်ပါ။) “နောက်ဆုံးကာလ” မှာရှိတဲ့ လူတွေရဲ့ သဘောထားကြောင့် ဘဝက “အလွန် ခက်ခဲ” လာမယ်လို့လည်း ကျမ်းစာမှာ ကြိုဟောတယ်။ (၂ တိမောသေ ၃:​၁-၅) ၁၉၁၄ ကစပြီး ဒီအခြေအနေတွေ၊ ဒီသဘောထားတွေကို တွေ့မြင်နေရတယ်။

၃။ ဘုရားနိုင်ငံတော် အုပ်ချုပ်ချိန်ကစပြီး ကမ္ဘာ့အခြေအနေ ဘာလို့ ဆိုးလာသလဲ။

ယေရှုက ဘုရားနိုင်ငံတော်ဘုရင် ဖြစ်လာပြီး မကြာခင် ကောင်းကင်မှာ စာတန်နဲ့ နတ်ဆိုးတွေကို စစ်တိုက်တယ်။ စာတန် စစ်ရှုံးပြီး “မြေကြီးပေါ် ပစ်ချခံရတယ်။ သူနဲ့အတူ သူ့ရဲ့ ကောင်းကင်တမန်တွေလည်း ပစ်ချခံရတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဗျာဒိတ် ၁၂:​၉၊ ၁၀၊ ၁၂) ဖျက်ဆီးခံရတော့မယ်ဆိုတာ သိလို့ စာတန် ဒေါသူပုန်ထတယ်။ ကမ္ဘာပေါ်မှာ စိတ်ဆင်းရဲစရာတွေ၊ ဒုက္ခတွေ ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ကမ္ဘာ့အခြေအနေ ဒီလောက် ဆိုးနေရတာ။ ဘုရားနိုင်ငံတော်က ဒီပြဿနာအားလုံးကို ဖြေရှင်းပေးတော့မယ်။

ရှာဖွေလေ တွေ့ရှိလေ

၁၉၁၄ မှာ နိုင်ငံတော် စတင်အုပ်ချုပ်မှန်း သိနိုင်ပုံ၊ ကျွန်တော်တို့နဲ့ သက်ဆိုင်ပုံကို ဆန်းစစ်ကြည့်ပါ။

၄။ ကျမ်းစာကြိုဟောချက်က ၁၉၁၄ ကို ညွှန်ပြ

ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ၁၉၁၄ မှာ ဘုရားနိုင်ငံတော် စတင်အုပ်ချုပ် (၅:၀၂)

ဘုရားက ရှေးဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို ရှေ့ဖြစ်မယ့်အရာတွေအကြောင်း အိပ်မက်ပေးတယ်။ အိပ်မက်နဲ့ ဒံယေလပြောတဲ့ အိပ်မက်အနက်အရ နေဗုခဒ်နေဇာရဲ့ အုပ်ချုပ်မှုရော ဘုရားရဲ့အုပ်ချုပ်မှုနဲ့ပါ သက်ဆိုင်တယ်။​—ဒံယေလ ၄:၁၇ ကို ဖတ်ပါ။a

ဒံယေလ ၄:၂၀-၂၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ပုံကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ။

  • (က) အိပ်မက်မှာ နေဗုခဒ်နေဇာ ဘာမြင်သလဲ။​—အခန်းငယ် ၂၀ နဲ့ ၂၁ ကို ကြည့်ပါ။

  • (ခ) သစ်ပင် ဘာဖြစ်သွားမလဲ။​—အခန်းငယ် ၂၃ ကို ကြည့်ပါ။

  • (ဂ) “ခုနစ်ကာလ” အဆုံးမှာ ဘာဖြစ်မလဲ။​—အခန်းငယ် ၂၆ ကို ကြည့်ပါ။

သစ်ပင်အိပ်မက်နဲ့ ဘုရားနိုင်ငံတော် သက်ဆိုင်ပုံ

ကြိုဟောချက် (ဒံယေလ ၄:​၂၀-၃၆)

အုပ်ချုပ်မှု

(က) သစ်ပင်ကြီး

အလွန်မြင့်တဲ့ သစ်ပင်။

အုပ်ချုပ်မှု ပြတ်တောက်

(ခ) သစ်ပင်ကို “ခုတ်ပစ်” ပြီး “ခုနစ်ကာလ” ကုန်လွန်စေ

သံနဲ့ ကြေးနီ ပတ်ထားတဲ့ သစ်ငုတ်။

အုပ်ချုပ်မှု ပြန်လည်စတင်

(ဂ) “နိုင်ငံကို ပြန်အုပ်ချုပ်ရမယ်”

အလွန်မြင့်တဲ့ သစ်ပင်။

ကြိုဟောချက်ရဲ့ ကနဦးပြည့်စုံမှု

  • (ဃ) သစ်ပင်က ဘယ်သူ့ကို ဆိုလိုသလဲ။​ —အခန်းငယ် ၂၂ ကို ကြည့်ပါ။

  • (င) သူ့အုပ်ချုပ်မှု ဘယ်လို ပြတ်တောက်ခဲ့သလဲ။ ​—ဒံယေလ ၄:၂၉-၃၃ ကို ဖတ်ပါ။

  • (စ) “ခုနစ်ကာလ” အဆုံးမှာ နေဗုခဒ်နေဇာ ဘာဖြစ်သွားသလဲ။ ​—ဒံယေလ ၄:၃၄-၃၆ ကို ဖတ်ပါ။

ကနဦး ပြည့်စုံမှု

အုပ်ချုပ်မှု

(ဃ) ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ

ဘုရင် နေဗုခဒ်နေဇာ မောက်မာစွာ ရပ်နေ။

အုပ်ချုပ်မှု ပြတ်တောက်

(င) ဘီစီ ၆၀၆ နောက်ပိုင်း နေဗုခဒ်နေဇာ စိတ်ဖောက်သွားပြီး ခုနစ်နှစ် နန်းကျသွား

နေဗုခဒ်နေဇာ နွားလို မြက်စားနေ။

အုပ်ချုပ်မှု ပြန်လည်စတင်

(စ) နေဗုခဒ်နေဇာ စိတ်ပုံမှန် ဖြစ်လာပြီး ပြန်နန်းထိုင်

ဘုရင် နေဗုခဒ်နေဇာ မိုးပေါ် လက်မြှောက်နေ။

ကြိုဟောချက်ရဲ့ ဒုတိယပြည့်စုံမှု

  • (ဆ) သစ်ပင်က ဘယ်သူ့ကို ဆိုလိုသလဲ။ ​—၁ ရာဇဝင်ချုပ် ၂၉:၂၃ ကို ဖတ်ပါ။

  • (ဇ) လူ့အုပ်ချုပ်မှု ဘယ်လို ပြတ်တောက်ခဲ့သလဲ။ ယေရှု ကမ္ဘာပေါ် ရှိစဉ်မှာ မင်းဆက်ပြတ်နေဆဲ ဖြစ်မှန်း ဘယ်လို သိရသလဲ။ ​—လုကာ ၂၁:၂၄ ကို ဖတ်ပါ။

  • (စျ) ဘယ်အချိန်၊ ဘယ်နေရာမှာ အုပ်ချုပ်မှု ပြန်လည် စတင်သလဲ။

ဒုတိယ ပြည့်စုံမှု

အုပ်ချုပ်မှု

(ဆ) ဘုရားအုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့ အစ္စရေးဘုရင်တွေ

နန်းထိုင်နေတဲ့ အစ္စရေးဘုရင်အဆက်ဆက်။ သူတို့အပေါ် အလင်းဖြာကျနေ။

အုပ်ချုပ်မှု ပြတ်တောက်

(ဇ) ဂျေရုဆလင် ဖျက်ဆီးခံရ၊ အစ္စရေးမင်းဆက် နှစ်ပေါင်း ၂,၅၂၀ ပြတ်သွား

ဘီစီ ၆၀၇ မှာ ရှေးဂျေရုဆလင် မီးနဲ့ ဖျက်ဆီးခံရ။ နှစ်ပေါင်း ၂,၅၂၀ ကုန်လွန်သွား။

အုပ်ချုပ်မှု ပြန်လည်စတင်

(ဈ) နိုင်ငံတော်ဘုရင်အဖြစ် ကောင်းကင်မှာ ယေရှု စတင်အုပ်ချုပ်

အေဒီ ၁၉၁၄ မှာ ကောင်းကင်ကနေ ယေရှု အုပ်စိုးနေ။ သူ့ဆီကနေ အလင်းဖြာထွက်နေ။

ခုနစ်ကာလ ဘယ်လောက် ကြာသလဲ။

ကျမ်းပိုဒ်တချို့က တခြားကျမ်းပိုဒ်တွေကို နားလည်စေတယ်။ ဗျာဒိတ်ကျမ်းမှာ သုံးကာလခွဲက ရက်ပေါင်း ၁,၂၆၀ နဲ့ညီတယ်လို့ ဖော်ပြတယ်။ (ဗျာဒိတ် ၁၂:​၆၊ ၁၄) ခုနစ်ကာလက ရက်ပေါင်း ၁,၂၆၀ ရဲ့ နှစ်ဆ၊ ရက်ပေါင်း ၂,၅၂၀ နဲ့ညီတယ်။ တစ်ရက်ကို တစ်နှစ်ဆိုပြီး တွက်ချက်တာလည်း ရှိတယ်။ (ယေဇကျေလ ၄:၆) ဒါကြောင့် ဒံယေလကျမ်းပါ ခုနစ်ကာလက နှစ်ပေါင်း ၂,၅၂၀ နဲ့ ညီတယ်။

၅။ ၁၉၁၄ ကစပြီး ဒီလောက ပြောင်းလဲသွား

ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ ၁၉၁၄ ကစပြီး ဒီလောက ပြောင်းလဲသွား (၁:၁၀)

ယေရှု ဘုရင်ဖြစ်ပြီးတာနဲ့ ကမ္ဘာ့အခြေအနေ ပြောင်းသွားမယ်လို့ ကြိုဟောခဲ့တယ်။ လုကာ ၂၁:၉-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်ထဲက ဘယ်အခြေအနေတွေ မြင်နေ၊ ကြားနေရသလဲ။

နောက်ဆုံးကာလမှာ တွေ့ရမယ့် လူတွေရဲ့အခြေအနေကို တမန်တော် ပေါလု ပြောခဲ့တယ်။ ၂ တိမောသေ ၃:၁-၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အခုခေတ် လူတွေမှာ ဘယ်သဘောထား တွေ့နေရသလဲ။

ပုံ။ နောက်ဆုံးကာလ ကမ္ဘာ့အခြေအနေနဲ့ လူတွေရဲ့ သဘောထား။ ၁။ စစ်ခေါင်းဆောင်တစ်ဦး စင်မြင့်ပေါ် မှာ လက်မောင်းတန်းပြီး အော်နေ။ ၂။ ငလျင်ကြောင့် ပျက်စီးနေတဲ့အဆောက်အအုံများ။ ၃။ စစ်လေယာဉ်များ။ ၄။ နှာခေါင်းစည်းတပ်ပြီး လမ်းလျှောက်နေတဲ့ လူအုပ်။ ၅။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယူးယောက်မြို့၊ အမွှာမျှော်စင် မီးလောင်ပြိုကျ။ ၆။ မူးယစ်ဆေးထိုးနေသူ။ ၇။ ယောက်ျားက မိန်းမကို လက်သီးရွယ်ပြီး အော်ငေါက်နေ။ ၈။ မူးယစ်ဆေးနဲ့ အရက်ပုလင်းများ။ ၉။ မိန်းမနှစ်ယောက် ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ပြီး ဆယ်လ်ဖီ ဆွဲနေ။ ၁၀။ တင်ဆက်သူတစ်ဦး ပွဲမှာ ဦးဆောင်နေ။ ၁၁။ ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်ဖို့ လုပ်နေတဲ့ ဆန္ဒပြနေသူ။

၆။ ဘုရားနိုင်ငံတော် အုပ်ချုပ်နေပြီဆိုတာ ယုံကြည်ကြောင်း ဖော်ပြပါ

မဿဲ ၂၄:၃၊ ၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘယ်အရေးကြီးအလုပ်က ဘုရားနိုင်ငံတော် အုပ်ချုပ်နေကြောင်း ဖော်ပြသလဲ။

  • ဒီအလုပ်မှာ သင် ဘယ်လို ပါဝင်နိုင်သလဲ။

ဘုရားနိုင်ငံတော် အုပ်ချုပ်နေပြီ၊ မကြာခင် ကမ္ဘာမြေကို အုပ်ချုပ်တော့မယ်။ ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • “ဘုရားသခင်ရဲ့နေ့ရက် နီးလာတာကို သိနေတဲ့အတွက်” ဘာလုပ်သင့်သလဲ။

ပုံ။ ၁။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေး တက်နေတဲ့ကျမ်းစာသင်သား။ ၂။ သင်သားက အသိတစ်ယောက်ကို ဟောပြောနေ။

တခြားသူတွေကို အကျိုးပြုတဲ့၊ ကယ်တင်ပေးနိုင်တဲ့ အချက်တွေကို သိထားတယ်ဆိုရင် ဘာလုပ်မလဲ

လူတချို့ အမေး။ “၁၉၁၄ အကြောင်း ယေဟောဝါသက်သေတွေ ဘာကြောင့် ဒီလောက် ပြောကြသလဲ။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ကျမ်းစာကြိုဟောချက်၊ ကမ္ဘာ့အခြေအနေတို့က ဘုရားနိုင်ငံတော် အုပ်ချုပ်နေပြီဆိုတာ သိစေတယ်။ ဒါကို ယုံကြောင်း ဟောပြောခြင်း၊ အစည်းအဝေးတွေ တက်ခြင်းအားဖြင့် ပြကြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ဒံယေလကျမ်းမှာ ကြိုပြောထားတဲ့ ခုနစ်ကာလ အဆုံးမှာ ဘာဖြစ်ခဲ့သလဲ။

  • ၁၉၁၄ မှာ ဘုရားနိုင်ငံတော် စတင်အုပ်ချုပ်ပြီဆိုတာ သင် ဘာကြောင့် လက်ခံသလဲ။

  • ဘုရားနိုင်ငံတော် အုပ်ချုပ်နေပြီဆိုတာ ယုံကြောင်း ဘယ်လို ပြနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

၁၉၁၄ ကစပြီး ကမ္ဘာ့အပြောင်းအလဲအကြောင်း သမိုင်းပညာရှင်နဲ့ တခြားသူတွေရဲ့အဆိုကို သုံးသပ်ပါ။

“ကိုယ်ကျင့်တရား အကြီးအကျယ် ပျက်ပြားခဲ့ချိန်” (နိုးလော့! ဧပြီ ၂၀၀၇)

မဿဲ ၂၄:၁၄ ပါ ကြိုဟောချက်က လူတစ်ဦးကို ပြောင်းလဲစေပုံအကြောင်း ဖတ်ကြည့်ပါ။

“ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်” (ကင်းမျှော်စင် အမှတ် ၃၊ ၂၀၁၇)

ဒံယေလ အခန်းကြီး ၄ ပါ ကြိုဟောချက်က ဘုရားနိုင်ငံတော်နဲ့ သက်ဆိုင်ကြောင်း ဘယ်လို သိနိုင်သလဲ။

‘ဘုရားနိုင်ငံတော် ဘယ်အချိန်မှာ စတင် အုပ်ချုပ်သလဲ (အပိုင်း ၁)’ (ကင်းမျှော်စင် အောက်တိုဘာ ၁၊ ၂၀၁၄)

ဒံယေလ အခန်းကြီး ၄ မှာပါတဲ့ “ခုနစ်ကာလ” က ၁၉၁၄ မှာ ကုန်ဆုံးကြောင်း ဘယ်လို သိရသလဲ။

‘ဘုရားနိုင်ငံတော် ဘယ်အချိန်မှာ စတင် အုပ်ချုပ်သလဲ (အပိုင်း ၂)’ (ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၂၀၁၄)

a ဒီသင်ခန်းစာရဲ့ လေ့လာစရာ ထပ်ဖွေရှာအပိုင်းထဲက နောက်ဆုံးဆောင်းပါး နှစ်ခုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ