-
စာရှုသူများထံမှ မေးခွန်းလွှာကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၈ | နိုဝင်ဘာ
-
-
ယေရှုက မသေဆုံးခင် ညနေမှာ တမန်တော်တွေကို ထင်ပေါ်တဲ့ရာထူး မမက်ဖို့ ဆုံးမတယ်။ “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်တယ်။ အာဏာရှိသူတွေလည်း ကျေးဇူးရှင်လို့ အခေါ်ခံတတ်ကြတယ်။ ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး” လို့ ယေရှု ပြောတယ်။—လု. ၂၂:၂၅၊ ၂၆။
-
-
စာရှုသူများထံမှ မေးခွန်းလွှာကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၁၈ | နိုဝင်ဘာ
-
-
ဒါဆို “ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး” လို့ တပည့်တွေကို ယေရှု ပြောတာ ဘာကြောင့်လဲ။ လူထုအကျိုးဆောင်စိတ် မရှိရဘူး၊ လူတွေကို ဂရုမစိုက်သင့်ဘူးလို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ ရက်ရောရတဲ့ ရည်ရွယ်ချက်ကို ယေရှု အလေးပေးနေပုံရတယ်။
ယေရှုခေတ်မှာ ချမ်းသာသူတွေက အားကစားကွင်းမှာ ပြပွဲတွေ၊ ကစားပွဲတွေကို တာဝန်ယူကျင်းပပေးပြီး ပန်းခြံတွေ၊ ဘုရားကျောင်းတွေ ဆောက်ပေးကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ချီးမွမ်းခံရဖို့၊ နာမည်ကြီးဖို့၊ မဲရဖို့ပဲ။ “စိတ်ရင်းမှန်နဲ့ လှူဒါန်းသူတွေရှိပေမဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်ဆောင်တာ များတယ်” လို့ စာအုပ်တစ်အုပ်က ပြောတယ်။ အဲဒီလို ရည်မှန်းချက်ကြီး၊ ကိုယ်ကျိုးရှာတဲ့သဘောထားကို ရှောင်ဖို့ နောက်လိုက်တွေကို ယေရှု ပြောနေတာ။
နှစ်အနည်းငယ်ကြာပြီးနောက် စိတ်ရင်းမှန်နဲ့ ပေးကမ်းဖို့ အရေးကြီးကြောင်း တမန်တော် ပေါလု အလေးပေး ပြောခဲ့တယ်။ “လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်” လို့ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ရေးခဲ့တယ်။—၂ ကော. ၉:၇။
-