ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၁၅
  • အငြင်းအခုံတစ်ခုပေါ်ပေါက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အငြင်းအခုံတစ်ခုပေါ်ပေါက်ခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားကြ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကလေးလေးတွေကို သူချစ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကိုယ်တော်၏ခွဲခွာမှုအတွက် တမန်တော်များအားပြင်ဆင်ပေးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေဟောဝါသည် ကျွန်ုပ်တို့ထံမှယနေ့အဘယ်အရာတောင်းဆိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၁၅

အခန်း ၁၁၅

အငြင်းအခုံတစ်ခုပေါ်ပေါက်ခြင်း

ညနေခင်းတွင် တမန်တော်များ၏ခြေကိုယေရှုဆေးကြောပေးခြင်းဖြင့် နှိမ့်ချမှုအကြောင်း သင်ခန်းစာတစ်ခုပေးသည်။ ထိုနောက်၊ နီးလာသောမိမိသေခြင်း၏အောက်မေ့ရာပွဲကို အစပြုသည်။ ဖြစ်ပြီးခါစအဖြစ်ကိုထောက်ရှု၍ အံ့အားသင့်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပျက်လာသည်။ မည်သူပို၍ကြီးမြတ်ကြောင်းကို တမန်တော်များတစ်ဖန်ငြင်းခုံကြပြန်သည်။

တောင်ပေါ်တွင်ယေရှု ကိုယ်ရောင်ပြောင်းပြီးနောက် မည်သူကြီးမြတ်ကြောင်းတမန်တော်များငြင်းခုံခဲ့ကြပြီး ဘုရားရှင့်နိုင်ငံတော်တွင်ထင်ပေါ်သောအဆင့်ကို ယာကုပ်နှင့်ယောဟန်တို့တောင်းဆိုခဲ့သည့်အတွက် နောင်တစ်ကြိမ်ငြင်းခုံခဲ့သေးသည်။ ယခုတစ်ဖန် မိမိ၏နောက်ဆုံးညတွင်တမန်တော်များငြင်းခုံကြပြန်ဖြစ်ရာ ယေရှုအလွန်ဝမ်းနည်းပေမည်။ သို့နှင့်ကိုယ်တော်ဘာလုပ်သနည်း။

ယင်းကြောင့်သူတို့ကိုယေရှုဆူမည့်အစား စိတ်ရှည်စွာဖြင့်ကျိုးကြောင်းဆင်ခြင်လေသည်။ “လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟုခေါ်ဝေါ်ကြ၏။ သင်တို့မူကားထိုသို့မပြုနှင့်။ . . . အဘယ်သူသည်သာ၍ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူသည်ကြီးမြတ်သလော။ လုပ်ကျွေးသောသူကြီးမြတ်သလော။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။” ထိုနောက် မိမိ၏ပုံသက်သေကိုသတိရစေပြီး “ငါသည်သင်တို့တွင်လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏” ဟုမိန့်ဆိုသည်။

တမန်တော်တို့သည်မစုံလင်ကြသော်လည်း ယေရှုကိုသစ္စာရှိကြသည်။ ထိုကြောင့်ယေရှုက “ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံတော်ကိုပေးတော်မူသည်နှင့်အညီ သင်တို့သည်ငါ၏နိုင်ငံတွင် . . . အုပ်စိုးရသောအခွင့်ကို . . . ငါသည်သင်တို့အားပေးမည်” ဟုမိန့်ဆို၏။ ဤပဋိညာဉ်သည် ယေရှု၏သစ္စာရှိနောက်လိုက်များအား ကိုယ်တော်နှင့်အတူအုပ်စိုးခွင့်ရရှိစေသည်။ နောက်ဆုံးတွင် နိုင်ငံတော်အတွက်ဤပဋိညာဉ်အတွင်းခေါ်ဆောင်ခံရသူ ၁၄၄၀၀၀ သာရှိသည်။

နိုင်ငံတော်တွင်ခရစ်တော်နှင့်အတူအုပ်ချုပ်ရန်ဤမျှော်လင့်ချက်ကို တမန်တော်တို့ရရှိကြသော်လည်း ယခုအချိန်တွင်ဝိညာဉ်ရေးအားနည်းလျက်နေသည်။ “ယနေ့ညတွင်သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ပေတရုအတွက်မိမိဆုတောင်းပေးသည်ဟု သူ့အားယေရှုပြောပြီး “သင်သည်သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကိုတည်ကြည်စေလော့” ဟုတိုက်တွန်းလေသည်။

“ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏသာနေရ၏။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ‘ငါသွားရာအရပ်သို့သင်တို့မရောက်နိုင်ကြ’ ဟုယုဒလူတို့အားငါပြောသကဲ့သို့ ယခုသင်တို့အားငါပြော၏။ သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည်သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည်အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” ဟုယေရှုရှင်းပြ၏။

ပေတရုက “သခင်၊ ကိုယ်တော်သည်အဘယ်အရပ်သို့ကြွတော်မူမည်နည်း” ဟုမေးလျှောက်၏။

ယေရှုက “ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်” ဟုဆို၏။

“သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့်ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်” ဟုပေတရုလျှောက်၏။

ယေရှုက “ငါ့အဖို့သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင်ငါ့ကိုငြင်းပယ်လိမ့်မည်” ဟုမိန့်တော်မူ၏။

ပေတရုက “ကိုယ်တော်နှင့်တကွသေရသော်လည်း၊ ကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းပယ်ပါ” ဟုကန့်ကွက်၏။ အခြားတမန်တော်တို့သည်လည်း အလားတူပြောသောအခါ ပေတရုက “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည်စိတ်အလျှင်းမပျက်ပါ” ဟုဝါကြွားလေသည်။

ငွေအိတ်၊ အစာအိတ်မပါဘဲလျက် ဂလာတိနယ်သို့ဟောပြောရန် တမန်တော်များကိုမိမိစေလွှတ်လိုက်သည့်အချိန်ကိုညွှန်းလျက်ယေရှုက “တစ်စုံတစ်ခုလိုသလော” ဟုမေးတော်မူ၏။

“တစ်စုံတစ်ခုမျှမလို” ဟုသူတို့ပြန်ဖြေ၏။

“သို့သော်၊ ယခုငွေအိတ်ရှိသောသူသည်ယူစေ။ လွယ်အိတ်ရှိသောသူသည်ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။ အကြောင်းမူကား၊ ‘ထိုသူသည် မတရားသောသူတို့နှင့်ရေတွက်ဝင်ခြင်းသို့ရောက်၏’ ဟူသောကျမ်းစာချက်သည် ငါ၌ယခုပင်ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ရောက်ကြပြီ” ဟုမိန့်တော်မူ၏။

အဓမ္မလူဆိုးများနှင့်အတူ မိမိအသတ်ခံရမည့်အချိန်ကို ယေရှုညွှန်ပြနေခြင်းဖြစ်သည်။ မိမိ၏တပည့်များသည် နောင်တွင်ပြင်းထန်သောညှဉ်းပန်းမှုများကြုံရမည်အကြောင်း ဖော်ပြနေခြင်းလည်းဖြစ်သည်။ ထိုသူတို့က “သခင်၊ ဓားနှစ်စင်းရှိပါ၏” ဟုလျှောက်၏။

“တန်ပြီ” ဟုယေရှုပြန်ဖြေ၏။ ကျွန်ုပ်တို့မြင်တွေ့ရမည့်အတိုင်း သူတို့တွင်ဓားရှိခြင်းက၊ အခြားအရေးပါသောသင်ခန်းစာ သင်ပေးရန်ယေရှုအားအခွင့်ရစေသည်။ မဿဲ ၂၆:၃၁-၃၅။ မာကု ၁၄:၂၇-၃၁။ လုကာ ၂၂:၂၄-၃၈။ ယောဟန် ၁၃:၃၁-၃၈။ ဗျာဒိတ် ၁၄:၁-၃။

▪ တမန်တော်များ၏ငြင်းခုံမှုသည် အဘယ်ကြောင့်အထူးအံ့သြဖွယ်ဖြစ်သနည်း။

▪ ငြင်းခုံမှုကိုယေရှုမည်သို့ကိုင်တွယ်သနည်း။

▪ တမန်တော်များနှင့်ယေရှုပြုလုပ်သောပဋိညာဉ်အားဖြင့် မည်သည့်အရာပြီးမြောက်မည်နည်း။

▪ ယေရှုမည်သည့်ပညတ်သစ်ကိုပေးပြီး၊ ၄င်းသည်အဘယ်မျှအရေးကြီးသနည်း။

▪ ပေတရုသည် စိတ်ချလွန်းခြင်းကိုမည်သို့ပြခဲ့ပြီး၊ ယေရှုဘာပြောသနည်း။

▪ ယခင်ကနှင့်ခြားနား၍ ယေရှုအဘယ်ကြောင့်ငွေအိတ်၊ လွယ်အိတ်များသယ်ဆောင်ရန်ညွှန်ကြားသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ