ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၃၁ စာ. ၂၉၈-စာ. ၂၉၉ ပိုဒ်. ၃
  • အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာဝေဒနာခံစားရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာဝေဒနာခံစားရ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှက်တိုင်ပေါ်မှ ပြင်းပြသည့်ဝေဒနာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နှက်တိုင်ပေါ်၌ ခံစားရသော ပြင်းပြသည့်ဝေဒနာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဂေါလဂေါသအရပ်မှာ ယေရှု သေဆုံး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၃၁ စာ. ၂၉၈-စာ. ၂၉၉ ပိုဒ်. ၃
ယေရှုက သစ်တိုင်တင်ခံရတဲ့ရာဇ၀တ်သားကို “ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာရှိလိမ့်မယ်” လို့ကတိပေး

အခန်း ၁၃၁

အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာ ဝေဒနာခံစားရ

မဿဲ ၂၇:၃၃-၄၄ မာကု ၁၅:၂၂-၃၂ လုကာ ၂၃:၃၂-၄၃ ယောဟန် ၁၉:၁၇-၂၄

  • ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်

  • ခေါင်းအပေါ်နားမှာ တပ်ထားတဲ့ စာတန်းကြောင့် ဝိုင်းလှောင်ကြ

  • မြေကြီးပရဒိသုမှာ အသက်ရှင်ရမယ့် မျှော်လင့်ချက်အကြောင်းပြော

ယေရှုနဲ့ ဓားပြနှစ်ယောက်ကို မြို့နဲ့ သိပ်မဝေးတဲ့ နေရာဆီ ခေါ်သွားတယ်။ အဲဒီနေရာကို ဂေါလဂေါသ၊ တစ်နည်းအားဖြင့် ဦးခေါင်းခွံအရပ်လို့ခေါ်တယ်။ အဲဒီနေရာကို “အဝေးကနေ” လှမ်းမြင်နိုင်တယ်။—မာကု ၁၅:၄၀။

အဲဒီကိုရောက်တော့ ရာဇ၀တ်သားသုံးယောက်ကို ဝတ်လုံတွေချွတ်ပြီး မုရန်နဲ့ ဆေးခါး ရောစပ်ထားတဲ့ မူးယစ်စေတဲ့ဝိုင် တိုက်ကြတယ်။ ဒီဝိုင်ကို ဂျေရုဆလင်မြို့သူတွေ ဖော်စပ်ပေးတာဖြစ်နိုင်ပြီး ရောမတွေက အသတ်ခံရမယ့်သူတွေ နာကျင်မှု သက်သာစေဖို့ ဒီဆေးရည် တိုက်ခွင့်ပြုတယ်။ ယေရှုကတော့ မြည်းစမ်းပြီးနောက် မသောက်ဘဲနေတယ်။ ဘာလို့လဲ။ အပြင်းထန်ဆုံး စမ်းသပ်ခံနေရချိန်မှာ အသိစိတ်ရှိရှိ၊ သစ္စာသမာဓိရှိရှိ သေချင်လို့ပဲ။

ဒီနောက် ယေရှုကို သစ်တိုင်ပေါ်မှာ လဲလျောင်းခိုင်းတယ်။ (မာကု ၁၅:၂၅) စစ်သည်တွေက ယေရှုရဲ့လက်တွေ၊ ခြေတွေကို သံနဲ့ရိုက်တဲ့အခါ သံချောင်းကြီးတွေက အသားနဲ့ အရွတ်ထဲကို ဖောက်ဝင်သွားတဲ့အတွက် မချိမဆံ့ဝေဒနာ ခံစားရတယ်။ ဒါ့အပြင် သစ်တိုင်ကို ထောင်လိုက်တဲ့အခါ ခန္ဓာကိုယ် အလေးချိန်ကြောင့် သံရိုက်ထားတဲ့နေရာက စုတ်ပြဲလာပြီး နာကျင်မှုဒဏ်ကို အလူးအလဲ ခံစားရတယ်။ ဒါပေမဲ့ ယေရှုက စစ်သည်တွေကို အပြစ်ပြောမယ့်အစား “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ဘာလုပ်နေမှန်း သူတို့မသိကြဘူး” လို့ ဆုတောင်းပေးတယ်။—လုကာ ၂၃:၃၄။

ရောမတွေက ရာဇဝတ်သားတွေ ဘာပြစ်မှု ကျူးလွန်တယ်ဆိုတာ စာတန်း တပ်ပေးလေ့ရှိတယ်။ အခု ပိလတ်မင်းက “ဂျူးတို့ရဲ့ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဆိုတဲ့ ဘွဲ့နာမည်ကိုရေးပြီး သစ်တိုင်ပေါ်မှာ တပ်လိုက်တယ်။ ဒါကို ဟီဘရူးစကား၊ လက်တင်စကား၊ ဂရိစကားနဲ့ ရေးထားလို့ လူတိုင်းနီးပါး ဖတ်နိုင်ကြတယ်။ ယေရှုကိုသတ်ဖို့ မရမက တောင်းဆိုနေတဲ့ ဂျူးတွေကို အရွဲ့တိုက်တဲ့အနေနဲ့ ပိလတ်မင်း ဒီလိုရေးလိုက်တာ။ ပုရောဟိတ်ကြီးတွေက မကျေမနပ်ဖြစ်ပြီး “‘ဂျူးတို့ရဲ့ဘုရင်’ လို့မရေးပါနဲ့။ ‘ကိုယ့်ကိုယ်ကိုယ် ဂျူးတို့ရဲ့ဘုရင်လို့ ပြောတဲ့သူ’ ဆိုပြီး ရေးပါ” လို့ ကန့်ကွက်ကြတယ်။ ဒါပေမဲ့ ပိလတ်မင်းက သူတို့ကြိုးကိုင်တာကို ထပ်မခံချင်တာနဲ့ “ငါရေးပြီးပြီ။ ဒါအတည်ပဲ” လို့ပြန်ပြောတယ်။—ယောဟန် ၁၉:၁၉-၂၂။

ဒေါသထွက်နေတဲ့ ပုရောဟိတ်တွေက ဂျူးတရားရုံးချုပ်မှာ စစ်ဆေးတုန်းက စွပ်စွဲခဲ့တဲ့ မဟုတ်မမှန်စွဲချက်ကို ထပ်ပြောနေကြတယ်။ ဒါကြောင့် ဖြတ်သန်းသွားလာသူတွေလည်း ခေါင်းတခါခါလုပ်ပြီး “ဗိမာန်တော်ကို ဖြိုဖျက်ပြီး သုံးရက်အတွင်း ပြန်ဆောက်မယ့်လူ၊ သစ်တိုင်ပေါ်ကနေ ဆင်းခဲ့လေ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်လေ” လို့ ဝိုင်းလှောင်ကြတယ်။ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေကလည်း “အစ္စရေးဘုရင် ခရစ်တော်၊ သစ်တိုင်ပေါ်ကနေ အခု ဆင်းလာလေ။ ဆင်းလာတာကို မြင်ရရင် ကျုပ်တို့ ယုံမှာပေါ့” ဆိုပြီး ပြောသေးတယ်။ (မာကု ၁၅:၂၉-၃၂) ယေရှုရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ သစ်တိုင်တင်ခံရတဲ့ ဓားပြတွေတောင် ကဲ့ရဲ့ကြတယ်။ တကယ်တော့ ယေရှုဟာ လုံးဝ အပြစ်မရှိသူပါ။

အချဉ်ပေါက်နေတဲ့ဝိုင်ကို သောက်ထားပုံရတဲ့ ရောမစစ်သည် လေးယောက်ကလည်း ယေရှုကို လှောင်ပြောင်တယ်။ ယေရှုပါးစပ်နဲ့ မထိတထိဖြစ်အောင် ဝိုင်ကမ်းပေးပြီး ပြောင်ချော်ချော် လုပ်နေကြတယ်။ ခေါင်းအပေါ်နားက စာတန်းကိုကြည့်ပြီး “မင်းဟာ ဂျူးတွေရဲ့ ဘုရင်ဆို။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါလား” လို့လှောင်ပြောင်ကြတယ်။ (လုကာ ၂၃:၃၆၊ ၃၇) စဉ်းစားကြည့်ပါ။ လမ်းခရီး၊ အမှန်တရား၊ အသက်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ အခုတော့ စော်ကားခံရ၊ လှောင်ပြောင်ခံနေရတယ်။ ဒါပေမဲ့ ယေရှုက အဲဒါတွေအားလုံးကို ကြံ့ကြံ့ခံခဲ့တယ်။ ရပ်ကြည့်နေတဲ့ ဂျူးတွေ၊ ဝိုင်းလှောင်နေတဲ့ ရောမစစ်သားတွေ၊ သူနဲ့အတူ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သားတွေကို အပြစ်မပြောခဲ့ဘူး။

ယေရှုရဲ့အတွင်းအင်္ကျီကို စစ်သည်တွေမဲချပြီးယူနေ

စစ်သည်လေးယောက်က ယေရှုရဲ့ ဝတ်လုံတွေကို ယူ၊ လေးပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်းစီ မဲချ ခွဲယူကြတယ်။ အတွင်းအင်္ကျီကတော့ “ချုပ်ရိုးမပါဘဲ အထက်အောက် တစ်ဆက်တည်း ရက်ထားတဲ့အထည်” ဖြစ်လို့ အရည်အသွေး ကောင်းလွန်းတာကြောင့် “ဒီတစ်ထည်ကိုတော့ မပိုင်းတော့ဘဲ မဲချပြီး ယူလိုက်ရအောင်” လို့ အချင်းချင်းပြောတယ်။ ဒါက “ကျွန်တော့်ရဲ့ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီး အင်္ကျီကိုလည်း မဲချယူကြတယ်” ဆိုတဲ့ ကျမ်းစကားကို ပြည့်စုံစေတယ်။—ယောဟန် ၁၉:၂၃၊ ၂၄။ ဆာလံ ၂၂:၁၈။

ခဏကြာတော့ ရာဇဝတ်သားတစ်ယောက်က ယေရှုဟာ တကယ်ပဲ ဘုရင်ဖြစ်ရမယ်လို့ စဉ်းစားမိပြီး နောက်တစ်ယောက်ကို အခုလို ပြစ်တင်ဆုံးမတယ်– “မင်း ဘုရားသခင်ကို မကြောက်ဘူးလား။ မင်းလည်း သူ့လို ပြစ်ဒဏ်စီရင် ခံနေရတာပဲ။ ငါတို့က ကိုယ်လုပ်တဲ့အပြစ်ကြောင့် ပြစ်ဒဏ်ခံထိုက်လို့ ခံနေရတာ။ သူကတော့ ဘာပြစ်မှုမှ မကျူးလွန်ဘူး။” ပြီးတော့ “သခင်ယေရှု၊ ဘုရင်ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” ဆိုပြီး အသနားခံတယ်။—လုကာ ၂၃:၄၀-၄၂။

ဒါနဲ့ ယေရှုက “ဒီနေ့ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” လို့ပြောတယ်။ (လုကာ ၂၃:၄၃) ဒီကတိက တမန်တော်တွေကိုပေးတဲ့ ကတိနဲ့ ကွာခြားတယ်။ သူတို့က နိုင်ငံတော်မှာ ယေရှုနဲ့အတူ ပလ္လင်တွေပေါ် ထိုင်ခွင့်ရမှာ ဖြစ်တယ်။ (မဿဲ ၁၉:၂၈။ လုကာ ၂၂:၂၉၊ ၃၀) ဒီဂျူးရာဇဝတ်သားကတော့ မြေကြီးပရဒိသုမှာ အသက်ရှင်ရမယ့် မျှော်လင့်ချက်ကို ရရှိခဲ့တယ်။ အစအဦးတုန်းက အာဒံ၊ ဧဝနဲ့ သူတို့သားမြေးတွေအတွက် ဘုရားသခင် ပြင်ဆင်ပေးတဲ့ မြေကြီးပရဒိသုအကြောင်း သူကြားဖူးမှာပဲ။ အခုတော့ အဲဒီမျှော်လင့်ချက်ကြောင့် သူသေပျော်ပြီ။

  • ယေရှုကို ဝိုင်တိုက်တဲ့အခါ ဘာကြောင့် မသောက်တာလဲ။

  • ယေရှုရဲ့ ခေါင်းအပေါ်နားမှာ ဘာစာတန်း တပ်ထားသလဲ။ ဂျူးတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

  • ယေရှုရဲ့ ၀တ်လုံတွေနဲ့ ပတ်သက်ပြီး ဘယ်ပရောဖက်ပြုချက် ပြည့်စုံလာသလဲ။

  • ရာဇ၀တ်သားတစ်ယောက်ကို ယေရှု ဘယ်မျှော်လင့်ချက် ပေးခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ