ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဩဂုတ် စာ. ၃၂
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မြင့်မြတ်သောလမ်းညွှန်မှုကို သူလက်ခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သူ “ဆင်ခြင်တွေးတော” ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဩဂုတ် စာ. ၃၂

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှုရဲ့ အစောပိုင်း အသက်တာအကြောင်း မဿဲနဲ့ လုကာ မှတ်တမ်း ဘာကြောင့် ကွဲပြားနေသလဲ။

ယေရှု မွေးဖွားခြင်းနဲ့ အစောပိုင်း အသက်တာအကြောင်း မဿဲနဲ့ လုကာ မှတ်တမ်း ကွဲပြားရတာက ဖြစ်ရပ်တွေကို မတူညီတဲ့ရှုထောင့်ကနေ ခရစ်ဝင်ကျမ်း ရေးသူတွေ ရေးကြလို့ပါပဲ။

မဿဲမှတ်တမ်းက ယောသပ်ပါဝင်တဲ့ ဖြစ်ရပ်တွေကို အလေးပေးထားတယ်။ မာရိ ကိုယ်ဝန်ရှိကြောင်း ကြားချိန်မှာ ယောသပ် တုံ့ပြန်ပုံ၊ အိပ်မက်မှာ ကောင်းကင်တမန် ရှင်းပြပုံ၊ ရှင်းပြချက်ကို ယောသပ် လက်ခံပုံတို့ကို ဖော်ပြထားတယ်။ (မ. ၁:၁၉-၂၅) အီဂျစ်ပြည်ကို ထွက်ပြေးဖို့ အိပ်မက်မှာ ကောင်းကင်တမန် တိုက်တွန်းတာ၊ မိသားစုလိုက် ထွက်ပြေးတာ၊ အစ္စရေးကို ပြန်ဖို့ အိပ်မက်မှာ ကောင်းကင်တမန် ပြောတာ၊ ပြန်လာတာ၊ နာဇရက်မြို့မှာ အခြေချဖို့ ဆုံးဖြတ်တာတွေအကြောင်း မဿဲ ဆက်ဖော်ပြတယ်။ (မ. ၂:၁၃၊ ၁၄၊ ၁၉-၂၃) မဿဲခရစ်ဝင်ကျမ်း အစပိုင်း အခန်းကြီးတွေမှာ ယောသပ်ရဲ့ နာမည် ရှစ်ကြိမ် ဖော်ပြထားပြီး မာရိနာမည်ကိုတော့ လေးကြိမ်ပဲ ဖော်ပြထားတယ်။

လုကာရဲ့ မှတ်တမ်းကတော့ မာရိအကြောင်း အလေးပေးထားတယ်။ မာရိဆီ ကောင်းကင်တမန် ဂါဗြေလ လည်ပတ်တာ၊ ဆွေမျိုး ဧလိရှဗက်ဆီ မာရိ လည်ပတ်တာ၊ ယေဟောဝါကို ချီးမွမ်းတာတွေ ပါဝင်တယ်။ (လု. ၁:၂၆-၅၆) အနာဂတ်မှာ ယေရှု ကြုံရမယ့် ဝေဒနာအကြောင်း ရှိမောင် ပြောတာကိုလည်း လုကာ ရေးထားတယ်။ ယေရှု အသက် ၁၂ နှစ်မှာ ဗိမာန်တော်ကို မိသားစုလိုက် လည်ပတ်တဲ့အကြောင်း ဖော်ပြချိန်မှာ ယောသပ်ရဲ့စကားကို မဟုတ်ဘဲ မာရိရဲ့စကားကို လုကာ မှတ်တမ်းတင်ခဲ့တယ်။ ဒီဖြစ်ရပ်တွေက မာရိအပေါ် အလွန်သက်ရောက်ခဲ့ကြောင်း ဆက်ဖော်ပြတယ်။ (လု. ၂:၁၉၊ ၃၄၊ ၃၅၊ ၄၈၊ ၅၁) လုကာခရစ်ဝင်ကျမ်း ပထမအခန်းကြီး နှစ်ခုမှာ မာရိနာမည် ၁၂ ကြိမ် ဖော်ပြထားပြီး ယောသပ်နာမည်ကိုတော့ ၃ ကြိမ်ပဲ ဖော်ပြထားတယ်။ ဒါကြောင့် မဿဲက ယောသပ်အကြောင်း ပိုဖော်ပြပြီး လုကာကတော့ မာရိအကြောင်း ပိုဖော်ပြတယ်။

ခရစ်ဝင်ကျမ်းရေးသူ နှစ်ယောက် ဖော်ပြတဲ့ ဆွေစဉ်မျိုးဆက်စာရင်းလည်း ကွဲပြားတယ်။ မဿဲက ယောသပ်ရဲ့ ဆွေစဉ်မျိုးဆက်အကြောင်း ဖော်ပြပြီး ယောသပ်ရဲ့ မွေးစားသား ယေရှုကို ဒါဝိဒ်မင်းဆက် တရားဝင်ဆက်ခံသူအဖြစ် ဖော်ပြတယ်။ ဘာကြောင့်လဲဆိုတော့ ယောသပ်ဟာ ဒါဝိဒ်ရဲ့ သား ရှောလမုန်ကနေ ဆင်းသက်လို့ပဲ။ (မ. ၁:၆၊ ၁၆) လုကာကတော့ မာရိရဲ့ ဆွေစဉ်မျိုးဆက်အကြောင်း ဖော်ပြပြီး ယေရှုကို “မျိုးနွယ်” အရ ဒါဝိဒ်မင်းဆက် ဆက်ခံသူအဖြစ် ဖော်ပြတယ်။ (ရော. ၁:၃) ဘာကြောင့်လဲဆိုတော့ မာရိဟာ ဒါဝိဒ်ရဲ့ သား နာသန်ကနေ ဆင်းသက်လို့ပဲ။ (လု. ၃:၃၁) မာရိကို ဟေလိရဲ့ သမီးအဖြစ် လုကာ ဘာကြောင့် မဖော်ပြသလဲ။ တရားဝင်မျိုးရိုးကို ယောက်ျားတွေပဲ ဆက်ခံရလို့ပါ။ ဒါကြောင့် ယောသပ်ကို ဟေလိရဲ့ သားအဖြစ် လုကာ ဖော်ပြပေမဲ့ ဟေလိရဲ့ သားမက်လို့ နားလည်ရတယ်။—လု. ၃:၂၃။

မဿဲနဲ့ လုကာတို့ရဲ့ ဆွေစဉ်မျိုးဆက်စာရင်းက ယေရှုဟာ ကြိုဟောထားတဲ့ မေရှိယဖြစ်မှန်း အတိအလင်း ဖော်ပြတယ်။ ယေရှုရဲ့ ဆွေစဉ်မျိုးဆက်စာရင်း မှန်ကန်လွန်းလို့ ဖာရိရှဲတွေ၊ ဇဒ္ဒုကဲတွေ မငြင်းနိုင်ခဲ့ဘူး။ ဒီနေ့ မဿဲနဲ့ လုကာရဲ့ ဆွေစဉ်မျိုးဆက်မှတ်တမ်းတွေက ယုံကြည်ခြင်းရဲ့ အခြေခံ၊ ဘုရားသခင့် ကတိတွေ ပြည့်စုံမယ့် အထောက်အထားအဖြစ် ရှိနေတုန်းပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ