ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၅၃
  • အပျိုစင် မာရိအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပျိုစင် မာရိအကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • အပျိုစင်က ဘယ်လို ကလေးမွေးနိုင်သလဲ
  • အပျိုစင်ကို ကလေးမွေးစေရတဲ့ ရည်ရွယ်ချက်က ဘာလဲ
  • မာရိဟာ အမြဲ အပျိုစင်ပဲလား
  • အပျိုစင်ကနေ ယေရှု မွေးဖွားခြင်းက “လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်း” လား
  • မာရိကို ဘယ်လို ရှုမြင်သင့်သလဲ
  • မာရိ (ယေရှု၏ မိခင်)
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၅၃
မာရိ

အပျိုစင် မာရိအကြောင်း ကျမ်းစာ ဘာပြောသလဲ

  • ကျမ်းစာအဖြေ

  • အပျိုစင်က ဘယ်လို ကလေးမွေးနိုင်သလဲ

  • အပျိုစင်ကို ကလေးမွေးစေရတဲ့ ရည်ရွယ်ချက်က ဘာလဲ

  • မာရိဟာ အမြဲ အပျိုစင်ပဲလား

  • အပျိုစင်ကနေ ယေရှု မွေးဖွားခြင်းက “လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်း” လား

  • မာရိကို ဘယ်လို ရှုမြင်သင့်သလဲ

ကျမ်းစာအဖြေ

မာရိဟာ အပျိုစင်ဘဝမှာ ယေရှုကို မွေးဖွားရတဲ့ အခွင့်ထူး ရရှိခဲ့တယ်လို့ ကျမ်းစာက ဆိုတယ်။ ဒီအံ့ဖွယ်အမှုအကြောင်းကို ဟေရှာယကျမ်းမှာ ကြိုဟောထားတယ်။ ပြည့်စုံချက်ကို မဿဲနဲ့ လုကာခရစ်ဝင်ကျမ်းတို့မှာ မှတ်တမ်းတင်ထားတယ်။

မေရှိယ ပေါ်ထွန်းခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် တစ်ချက်မှာ “မိန်းမပျိုတစ်ယောက် ကိုယ်ဝန် ရှိပြီး သားလေး မွေးလာမယ်” လို့ ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာယ ၇:၁၄) ဟေရှာယ ကြိုဟောချက်ဟာ ယေရှုကို မာရိ ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်စုံတယ်လို့ ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ခရစ်ဝင်ကျမ်းရေးသူ မဿဲက ဖော်ပြတယ်။ မာရိ အံ့ဖွယ်နည်းနဲ့ ကိုယ်ဝန်ဆောင်တဲ့အကြောင်း မှတ်တမ်းတင်ပြီးနောက် မဿဲ ဒီလို ဖော်ပြတယ်– “ဒါတွေ ဖြစ်ပျက်လာတဲ့အတွက် ပရောဖက်ကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။ ‘အပျိုစင်aဟာ ကိုယ်ဝန် ရှိလာပြီး သားလေး မွေးလိမ့်မယ်။ အဲဒီသားကို ဧမာနွေလလို့ နာမည်ပေးလိမ့်မယ်’ ဆိုတဲ့စကားပဲ။ ဧမာနွေလဆိုတာ ‘ငါတို့နဲ့အတူ ဘုရားသခင် ရှိတယ်’ လို့ အဓိပ္ပာယ်ရတယ်။”—မဿဲ ၁:၂၂၊ ၂၃။

ခရစ်ဝင်ကျမ်းရေးသူ လုကာကလည်း မာရိ အံ့ဖွယ်နည်းနဲ့ ကိုယ်ဝန်ရှိခြင်းအကြောင်း မှတ်တမ်းတင်ခဲ့တယ်။ ဘုရားသခင်က ကောင်းကင်တမန် ဂါဗြေလကို “ဂါလိလဲပြည်၊ နာဇရက်မြို့မှာရှိတဲ့၊ မာရိလို့ခေါ်တဲ့ အပျိုစင်တစ်ယောက်ဆီ စေလွှတ်တယ်။ မာရိဟာ ဒါဝိဒ်အမျိုးထဲက ယောသပ်လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ စေ့စပ်ထားတယ်” လို့ ရေးခဲ့တယ်။ (လုကာ ၁:၂၆၊ ၂၇) မာရိကိုယ်တိုင်လည်း မိမိဟာ အပျိုစင်ဖြစ်ကြောင်း ပြောခဲ့တယ်။ မေရှိယ ယေရှုရဲ့ မိခင် ဖြစ်လာမယ်လို့ ကြားတဲ့အခါ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မဟာ အပျိုစင်ပါ” လို့ မာရိ ပြောခဲ့တယ်။—လုကာ ၁:၃၄။

အပျိုစင်က ဘယ်လို ကလေးမွေးနိုင်သလဲ

မာရိဟာ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် တန်ခိုးကြောင့် ကိုယ်ဝန် ရှိလာတယ်။ (မဿဲ ၁:၁၈) “ခင်ဗျားအပေါ် သန့်ရှင်းသော စွမ်းအားတော် သက်ရောက်ပြီး အမြင့်ဆုံးအရှင်ရဲ့ တန်ခိုးတော် လွှမ်းမိုးလိမ့်မယ်။ ဒါကြောင့် မွေးလာမယ့် ကလေးဟာ သန့်ရှင်းတဲ့သူ၊ ဘုရားသခင်ရဲ့ သားb လို့ အခေါ်ခံရလိမ့်မယ်။” (လုကာ ၁:၃၅) ဘုရားသခင်က သားတော်ရဲ့ အသက်ကို မာရိရဲ့ သားအိမ်ထဲ အံ့ဖွယ်ရွှေ့ပြောင်းပေးပြီး ကိုယ်ဝန် ရှိစေခဲ့တယ်။

အပျိုစင်ကို ကလေးမွေးစေရတဲ့ ရည်ရွယ်ချက်က ဘာလဲ

အပျိုစင်ကို ဘုရားသခင် အသုံးပြုရတာက စုံလင်တဲ့ လူသားတစ်ယောက်အဖြစ် ယေရှု မွေးဖွားလာပြီး လူသားတွေကို အပြစ်နဲ့ သေခြင်းကနေ ကယ်နုတ်ဖို့ ဖြစ်တယ်။ (ယောဟန် ၃:၁၆။ ဟီဘရူး ၁၀:၅) ဘုရားသခင်က ယေရှုရဲ့ အသက်ကို မာရိရဲ့ သားအိမ်ထဲ ပြောင်းရွှေ့ပေးခဲ့တယ်။ ဘုရားရဲ့ သန့်ရှင်းသော စွမ်းအားတော်က မစုံလင်မှု လုံးဝ မပါတဲ့ သန္ဓေသားအနေနဲ့ ကြီးထွားလာစေဖို့ ကာကွယ်ပေးခဲ့တယ်။—လုကာ ၁:၃၅။

ဒါကြောင့် ယေရှုဟာ အာဒံ အပြစ် မလုပ်မီကလိုမျိုး စုံလင်တဲ့ လူသားအနေနဲ့ မွေးဖွားလာတယ်။ ယေရှု “အပြစ် မကျူးလွန်ခဲ့ဘူး” လို့ ကျမ်းစာက ဆိုတယ်။ (၁ ပေတရု ၂:၂၂) စုံလင်တဲ့ လူသားအနေနဲ့ ယေရှုဟာ လူသားတွေကို အပြစ်နဲ့ သေခြင်းကနေ ပြန်ရွေးဖို့ ရွေးဖိုး ပေးနိုင်ခဲ့တယ်။—၁ ကောရိန္သု ၁၅:၂၁၊ ၂၂။ ၁ တိမောသေ ၂:၅၊ ၆။

မာရိဟာ အမြဲ အပျိုစင်ပဲလား

မာရိဟာ အပျိုစင် အမြဲဖြစ်တယ်လို့ ကျမ်းစာ မသွန်သင်ဘူး။ မာရိမှာ တခြားကလေးတွေ ရှိတယ်လို့ ဖော်ပြထားတယ်။—မဿဲ ၁၂:၄၆။ မာကု ၆:၃။ လုကာ ၂:၇။ ယောဟန် ၇:၅။

ယေရှုအပါအဝင် တခြားသားသမီးတွေနဲ့အတူ မာရိနဲ့ ယောသပ် ရှိနေစဉ်

ယေရှုမှာ မောင်နှမတွေ ရှိတယ်လို့ ကျမ်းစာ ဖော်ပြ

အပျိုစင်ကနေ ယေရှု မွေးဖွားခြင်းက “လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်း” လား

မဟုတ်ပါဘူး။ ကက်သလစ် စွယ်စုံကျမ်းသစ်အရ လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်း အယူဝါဒကြောင့် “အပျိုစင် မာရိဟာ မိခင်ဝမ်းထဲကတည်းက အပြစ်နဲ့ ကင်းသူ ဖြစ်တယ်ဆိုတဲ့ အယူအဆ ပေါ်ပေါက်စေတယ်။ လူသားတွေဟာ အပြစ်ကို အမွေရခဲ့ပေမဲ့ မာရိကတော့ အပြစ်မပါဘဲ မွေးဖွားလာတဲ့ အထူးကျေးဇူးတော် ခံစားခဲ့ရတယ်” လို့ ဖော်ပြထားတယ်။c

မာရိဟာ အပြစ်မပါဘဲ မွေးဖွားလာတယ်လို့ ကျမ်းစာ ဘယ်နေရာမှာမှ မဖော်ပြထားဘူး။ (ဆာလံ ၅၁:၅။ ရောမ ၅:၁၂) မောရှေပညတ်မှာ မိခင်တွေကို အပြစ်ဖြေရာအလှူ ပူဇော်ဖို့ တောင်းဆိုထားတယ်။ အဲဒီအလှူ မာရိ ပူဇော်ခဲ့တာကို ကြည့်ရင် အပြစ်သား ဖြစ်ကြောင်း ထင်ရှားတယ်။ (ဝတ်ပြုရာ ၁၂:၂-၈။ လုကာ ၂:၂၁-၂၄) ကက်သလစ် စွယ်စုံကျမ်းသစ် မှာ ဒီလိုဖော်ပြထားတယ်– “လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်း အယူအဆ ကျမ်းစာမှာ မသွန်သင်ထားဘူး။ ဘုရားကျောင်းတော် ထွင်လိုက်တဲ့ အယူအဆ ဖြစ်ကြောင်း ထင်ရှားတယ်။”

မာရိကို ဘယ်လို ရှုမြင်သင့်သလဲ

မာရိဟာ ယုံကြည်ခြင်း ရှိသူ၊ နာခံမှု၊ နှိမ့်ချမှု၊ ဘုရားရေးရာ စိတ်ထားရှိသူအဖြစ် စံနမူနာကောင်း တင်ပြခဲ့တယ်။ တုပထိုက်တဲ့ သစ္စာရှိသူတွေထဲမှာလည်း ပါဝင်တယ်။—ဟီဘရူး ၆:၁၂။

ယေရှုရဲ့ မိခင်အဖြစ် ထူးမြတ်တဲ့တာဝန် ရရှိပေမဲ့ မာရိကို ဝတ်ပြုကိုးကွယ်သင့်တယ်၊ သူ့ဆီ ဆုတောင်းသင့်တယ်လို့ ကျမ်းစာက မသွန်သင်ဘူး။ ယေရှုက မိခင်ကို အထူးဂုဏ်တင်ခဲ့တာမျိုး မရှိသလို ဂုဏ်တင်ဖို့ တပည့်တွေကိုလည်း မမှာကြားခဲ့ဘူး။ မာရိအကြောင်းကို ခရစ်ဝင်ကျမ်းတွေနဲ့ တမန်တော်ကျမ်းမှာ တစ်ခါပဲ ဖော်ပြထားတယ်။ ဓမ္မသစ်ကျမ်းလို့ခေါ်တဲ့ တခြားကျမ်းစောင် ၂၂ စောင်မှာ မာရိအကြောင်း မပါတော့ဘူး။—တမန်တော် ၁:၁၄။

မာရိဟာ ပထမရာစု ခရစ်ယာန်တွေရဲ့ အထူးအာရုံစိုက်မှု၊ ကြည်ညိုမှု ရထားတယ်ဆိုတဲ့ အထောက်အထား တစ်ခုမှ ကျမ်းစာမှာ မပါဘူး။ ဘုရားသခင် တစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်ဖို့ ခရစ်ယာန်တွေကို ကျမ်းစာ သွန်သင်ထားတယ်။—မဿဲ ၄:၁၀။

a ဟေရှာယ ပရောဖက်ပြုချက်ပါ “မိန်းမပျို” ဆိုတဲ့ ဟီဘရူးစကားလုံးက အယ်လမာ ဖြစ်ပြီး အပျိုစင်ရော အပျိုစင် မဟုတ်တဲ့သူကိုပါ ရည်ညွှန်းနိုင်တယ်။ ဒါပေမဲ့ ဘုရားစွမ်းအားတော် တိုက်တွန်းမှုနဲ့ မဿဲက ပိုတိကျတဲ့ ဂရိစကားလုံး “အပျိုစင်” (ပါသီနော့စ်) ကို သုံးခဲ့တယ်။

b “ဘုရားသခင်ရဲ့ သား” ဆိုတဲ့ ဝေါဟာရက အမျိုးသမီးတစ်ဦးနဲ့ ဘုရားသခင် ကာမဆက်ဆံပြီး ရတဲ့ကလေးလို့ အထင်ရောက်စေတဲ့အတွက် တချို့က အဲဒီအသုံးအနှုန်း ကန့်ကွက်ကြတယ်။ ဒါပေမဲ့ အဲဒီအယူအဆကို ကျမ်းစာမှာ မသွန်သင်ဘူး။ ဘုရားက ယေရှုကို ဦးဆုံး ဖန်ဆင်းခဲ့တယ်၊ ကိုယ်တိုင် တိုက်ရိုက်ဖန်ဆင်းတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လို့ “ဘုရားသခင်ရဲ့ သား၊” “ဖန်ဆင်းရာအားလုံးမှာ သားဦး” ဆိုပြီး ကျမ်းစာ ခေါ်ဆိုထားတာပါ။ (ကောလောသဲ ၁:၁၃-၁၅) ကျမ်းစာမှာ ပထမဆုံး လူသား အာဒံကိုလည်း “ဘုရားသခင်ရဲ့ သား” လို့ ခေါ်ဆိုထားတယ်။ (လုကာ ၃:၃၈) အကြောင်းကတော့ အာဒံကို ဘုရား ဖန်ဆင်းခဲ့လို့ပါပဲ။

c ဒုတိယအကြိမ် ထုတ်၊ အတွဲ ၇၊ စာမျက်နှာ ၃၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ