ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၄ စာ. ၈၂-စာ. ၈၃ ပိုဒ်. ၆
  • တမန်တော် ၁၂ ယောက်ကိုရွေးချယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမန်တော် ၁၂ ယောက်ကိုရွေးချယ်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တမန်တော်များကို ရွေးချယ်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုရဲ့တပည့် ဖြစ်လာသူတွေ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • တောင်ပေါ်မှာ ယေရှုဟောပြောသွန်သင်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေရှု တမန်တော် တစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၄ စာ. ၈၂-စာ. ၈၃ ပိုဒ်. ၆
ယေရှု တောင်ပေါ်ကိုတက်သွား

အခန်း ၃၄

တမန်တော် ၁၂ ယောက်ကို ရွေးချယ်

မာကု ၃:၁၃-၁၉ လုကာ ၆:၁၂-၁၆

  • တမန်တော် ၁၂ ယောက်

ယေရှုကို ဘုရားသခင်ရဲ့ သိုးသငယ်အဖြစ် နှစ်ခြင်းပေးသူယောဟန် မိတ်ဆက်ပေးခဲ့ချိန်ကစပြီး အခုဆို တစ်နှစ်ခွဲလောက်ကြာသွားပြီ။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း စတင်တာနဲ့ စိတ်ရင်းမှန်သူ တချို့ဟာ သူ့နောက်လိုက် ဖြစ်လာတယ်။ သူတို့ကတော့ အန္ဒြေ၊ ရှိမုန်ပေတရု၊ ယောဟန်၊ (ယောဟန်ရဲ့အစ်ကို) ယာကုပ်၊ ဖိလိပ္ပု၊ (နာသနေလလို့လည်းခေါ်တဲ့) ဗာသောလမဲ။ နောက်ပိုင်း တခြားသူတွေလည်း ခရစ်တော်နောက် လိုက်ကြတယ်။—ယောဟန် ၁:၄၅-၄၇။

အခု ယေရှုဟာ တမန်တော်တွေကို ရွေးချယ်တော့မယ်။ သူတို့ဟာ သူ့ရဲ့မိတ်ဆွေရင်းတွေ ဖြစ်လာပြီး အထူးလေ့ကျင့်မှုခံရမယ်။ သူတို့ကို မရွေးချယ်ခင် ယေရှု တောင်ပေါ်တက်သွားတယ်။ ကပေရနောင်မြို့နား၊ ဂါလိလဲအိုင်အနီးမှာ ရှိတဲ့တောင် ဖြစ်နိုင်တယ်။ အဲဒီမှာ သူတစ်ညလုံး ဆုတောင်းတယ်။ ဉာဏ်ပညာနဲ့ ဘုရားရဲ့ကောင်းချီးရဖို့ တောင်းတာဖြစ်မယ်။ နောက်တစ်နေ့မှာတော့ တပည့်တွေကိုခေါ်ပြီး သူတို့ထဲကနေ တမန်တော် ၁၂ ယောက်ကို ရွေးချယ်တယ်။

အစမှာပြောခဲ့တဲ့ တပည့်ခြောက်ယောက်အပြင် အခွန်ရုံးမှာတွေ့တဲ့ မဿဲကိုလည်း ရွေးချယ်တယ်။ ကျန်တဲ့ငါးယောက်ကတော့ (သဒ္ဒဲ၊ ယာကုပ်ရဲ့သားလို့လည်းခေါ်တဲ့) ယုဒ၊ စိတ်ထက်သန်သူ ရှိမုန်၊ သောမ၊ အာလဖဲရဲ့သား ယာကုပ်၊ ယုဒရှကာရုတ်တို့ဖြစ်တယ်။—မဿဲ ၁၀:၂-၄။ လုကာ ၆:၁၆။

တမန်တော် ၁၂ ယောက်ကို မရွေးချယ်ခင် ယေရှု ဆုတောင်း

ယေရှုက သူတို့ ၁၂ ယောက်နဲ့အတူ ခရီးသွားတယ်။ သူတို့အကြောင်း ကောင်းကောင်းသိတယ်။ သူတို့ထဲကတချို့ဟာ ယေရှုနဲ့ဆွေမျိုးတော်ကြတယ်။ ယာကုပ်နဲ့ ယောဟန်က ယေရှုနဲ့ တစ်၀မ်းကွဲညီအစ်ကို တော်တယ်။ လူတချို့ထင်သလို အာလဖဲဟာ ယေရှုရဲ့မွေးစားအဖေ ယောသပ်နဲ့ ညီအစ်ကိုတော်တယ်ဆိုရင် အာလဖဲရဲ့သား တမန်တော်ယာကုပ်လည်း ယေရှုနဲ့ ၀မ်းကွဲတော်တယ်။

တမန်တော်တွေရဲ့နာမည်ကို ယေရှု ကောင်းကောင်းမှတ်မိတယ်။ သင်ကော မှတ်မိလား။ အလွယ်မှတ်ထားနိုင်တဲ့ နည်းတစ်နည်းက ရှိမုန်နှစ်ယောက်၊ ယာကုပ်နှစ်ယောက်၊ ယုဒနှစ်ယောက်၊ ရှိမုန် (ပေတရု) ရဲ့ညီ အန္ဒြေ၊ (ဇေဗေဒဲရဲ့သား) ယာကုပ်ရဲ့ညီ ယောဟန်။ ဒါဆိုရင် တမန်တော်ရှစ်ယောက်ရဲ့နာမည်ကို မှတ်မိပြီ။ နောက်လေးယောက်ကတော့ အခွန်ခံ (မဿဲ)၊ နောက်ပိုင်းမှာသံသယဝင်သူ (သောမ)၊ သစ်ပင်အောက်ကနေ ဖိတ်ခေါ်ခံရသူ (နာသနေလ)၊ နာသနေလရဲ့သူငယ်ချင်း (ဖိလိပ္ပု)။

တမန်တော်ဆယ့်တစ်ယောက်ဟာ ယေရှုရဲ့ဇာတိ၊ ဂါလိလဲနယ်သားတွေ ဖြစ်တယ်။ နာသနေလက ကာနမြို့သား၊ ဖိလိပ္ပု၊ ပေတရုနဲ့ အန္ဒြေကတော့ အစတုန်းက ဗက်ဇဲဒမြို့သားတွေပါ။ နောက်ပိုင်းမှာ ပေတရုနဲ့ အန္ဒြေက မဿဲနေထိုင်တဲ့ ကပေရနောင်မြို့ကို ပြောင်းသွားတယ်။ ယာကုပ်နဲ့ ယောဟန်လည်း ကပေရနောင်မြို့ ဒါမှမဟုတ် အနီးအနားမှာ နေထိုင်ပြီး တံငါလုပ်ငန်း လုပ်ကိုင်ကြတယ်။ နောက်ပိုင်းမှာ ယေရှုကို သစ္စာဖောက်တဲ့ ယုဒရှကာရုတ် တစ်ယောက်ပဲ ယုဒပြည်က ဖြစ်နိုင်တယ်။

  • တစ်ညလုံး ဆုတောင်းပြီးနောက် ဘယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ယေရှု ချခဲ့သလဲ။

  • ယေရှုရဲ့တမန်တော်တွေက ဘယ်သူတွေလဲ။ သူတို့နာမည်တွေကို ဘယ်လို မှတ်ထားနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ