ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၃/၁၅ စာ. ၁၉
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပျိုစင် မာရိအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ ကျွန်မဖြစ်ပါ၏!’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၃/၁၅ စာ. ၁၉

စာရှုသူများထံမှ မေးခွန်းလွှာ

အပျိုကညာမာရိ၏မစုံလင်မှုက ယေရှုအား ပဋိသန္ဓေတည်ခြင်းအပေါ် ဆိုးကျိုး သက်ရောက်ခဲ့သလော။

‘ယေရှု၏ဖွားမြင်ခြင်း’ နှင့်ပတ်သက်၍ မှုတ်သွင်းခံမှတ်တမ်းက ဤသို့ဆိုသည်– “မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားပြီး၍ မဆက်ဆံမီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေရှိနေသည်ကိုသိမြင်ရ၏။” (မဿဲ ၁:၁၈၊ သမ္မာ) မာရိ၏ပဋိသန္ဓေစွဲကပ်မှုတွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ပဓာနကျသောအပိုင်းကဏ္ဍမှ အမှန်ပင်ပါဝင်ခဲ့သည်။

သို့သော် မာရိနှင့်ပတ်သက်၍ အသို့နည်း။ သူ၏မမျိုးဥ သို့မဟုတ် သားဥသည် ပဋိသန္ဓေတည်ခြင်းနှင့်စပ်လျဉ်း၍ ပံ့ပိုးကူညီပေးသလော။ မာရိ၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယုဒနှင့် ဘုရင်ဒါဝိဒ်တို့အား ပြုခဲ့သော ဘုရားသခင့်ကတိတော်များကို ထောက်ချင့်ရာတွင် မွေးလာသောကလေးမှာ သူတို့ထံမှ အမှန်တကယ်ဆင်းသက်လာသူဖြစ်ရလိမ့်မည်။ (ကမ္ဘာဦး ၂၂:၁၈; ၂၆:၂၄; ၂၈:၁၀-၁၄; ၄၉:၁၀; ၂ ဓမ္မရာဇဝင် ၇:၁၆) အခြားအဘယ်နည်းဖြင့် မာရိမွေးဖွားခဲ့သော ထိုကလေးသည် ဘုရားသခင့်ဤကတိတော်များကိုအမွေခံထိုက်သူ ဖြစ်နိုင်သနည်း။ ကိုယ်တော်သည် မာရိ၏သားစစ်စစ်ဖြစ်ရလိမ့်မည်။—လုကာ ၃:၂၃-၃၄။

အပျိုကညာမာရိထံ ယေဟောဝါ၏ကောင်းကင်တမန် ပေါ်လာပြီး ဤသို့ပြောဆိုခဲ့သည်– “မာရိ၊ ကြောက်ရွံ့ ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့်မှည့်ရမည်။” (လုကာ ၁:၃၀၊ ၃၁) ပဋိသန္ဓေတည်ရာတွင် သားဥတစ်ဥမှာ သန္ဓေအောင်လာဖို့လိုအပ်သည်။ ထင်ရှားနေသည်ကား ယေဟောဝါဘုရားသခင်သည် ကိုယ်တော့်တစ်ပါးတည်းသောသားတော်၏အသက်ကို နာမ်ဝိညာဉ်လောကမှ ကမ္ဘာမြေပေါ်သို့ ပြောင်းရွှေ့ပေးခြင်းဖြင့် မာရိ၏သားအိမ်တွင်းရှိ မျိုးဥတစ်ဥကို သန္ဓေအောင်စေခဲ့သည်။—ဂလာတိ ၄:၄။

ဤနည်းဖြင့် မစုံလင်သူအမျိုးသမီးတစ်ဦး ပဋိသန္ဓေလွယ်ခဲ့သော ကလေးတစ်ဦးသည် စုံလင်၍ ကိုယ်ခန္ဓာ အပြစ်ကင်းစင်နိုင်ပါမည်လော။ စုံလင်မှုသည် မစုံလင်မှုနှင့် ပေါင်းစပ်လျှင် အမွေဆက်ခံခြင်းဥပဒေသက မည်သို့ ရှိသနည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင့်သားတော်၏ စုံလင်သောအသက်စွမ်းအားကို ပြောင်းရွှေ့ပေးခဲ့ပြီး ပဋိသန္ဓေစွဲစေခဲ့ကြောင်း သတိရပါ။ ယင်းက မာရိ၏သားဥတွင် တည်ရှိနေသော မည်သည့်မစုံလင်မှုကိုမဆို ပျက်ပြားသွားစေပြီး ထိုသို့အားဖြင့် ယင်း၏အစမူလမှစ၍ စုံလင်သည့် မျိုးရိုးဗီဇပုံစံကို ဖြစ်ပေါ်စေသည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ ဘုရားသခင့်သန်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုက ဘုရားသခင့်ရည်ရွယ်တော်မူချက် အောင်မြင်စေလိမ့်မည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ကောင်းကင်တမန်ဂါဗြေလက မာရိကို ဤသို့ ရှင်းပြခဲ့သည်– “သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား[သခင်]၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။” (လုကာ ၁:၃၅) မှန်ပါသည်၊ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် သန္ဓေလွယ်စဉ်ကာလတစ်လျှောက်၌ ကာကွယ်မှုပေးပြီး ကြီးထွားလာနေသောသန္ဓေသားကို မည်သည့်မစုံလင်မှု၊ မည်သည့်ဆိုးကျိုးမျှ ခံရစေမည်မဟုတ်ချေ။

ရှင်းနေသည်ကား စုံလင်သောလူ့အသက်ကို ယေရှုရရှိခြင်းမှာ မည်သည့်လူသားကြောင့်မျှမဟုတ်ဘဲ ကိုယ်တော်၏ကောင်းကင်ခမည်းတော်ကြောင့်သာဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော့်အတွက် “ကိုယ်ခန္ဓာကိုပြင်ဆင်တော်မူပြီ၊” ထို့အပြင် ယေရှုသည် သန္ဓေတည်ချိန်မှစ၍ အမှန်ပင် “အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့ နှင့်မဆက်ဆံ” ခဲ့ချေ။—ဟေဗြဲ ၇:၂၆; ၁၀:၅။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

“သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ