ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားသခင်နှင့်လျှောက်လှမ်းရာ၌ “တရားသဖြင့်ပြုခြင်း”
    ယေဟောဝါထံ ချဉ်းကပ်လော့
    • ၁၃ ဘုရားသခင့်တရားမျှတမှု၏ ကရုဏာပြတတ်သော သဘောသဘာဝကို ကျွန်ုပ်တို့ အမှန်တကယ်တန်ဖိုးထားမည်ဆိုလျှင် ကျွန်ုပ်တို့နှင့်မသက်ဆိုင်သောကိစ္စများ၊ အရေးမပါလှသော ကိစ္စများနှင့်ပတ်သက်၍ အခြားသူတို့ကို အလျင်အမြန် ဆုံးဖြတ်စီရင်မည်မဟုတ်ပါ။ ယေရှု၏တောင်ပေါ်ဒေသနာတွင် ကိုယ်တော် ဤသို့သတိပေးခဲ့သည်– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” (မဿဲ ၇:၁) လုကာ၏မှတ်တမ်းအရ ယေရှုဤသို့ ထပ်ဆင့်မိန့်တော်မူသည်– “သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။”a (လုကာ ၆:၃၇) မစုံလင်သူလူသားများသည် စစ်ကြောစီရင်တတ်သောသဘောရှိကြောင်း ယေရှုအသိအမှတ်ပြု၏။ ကိုယ်တော့်တရားကိုနာသူ မည်သူမဆိုသည် ကြမ်းတမ်းစွာ စစ်ကြောစီရင်တတ်သည့်အကျင့်ရှိခဲ့လျှင် ရပ်တန့်ရန်ဖြစ်သည်။

      ၁၄။ အဘယ်အကြောင်းများကြောင့် အခြားသူတို့အား ‘စစ်ကြောဆုံးဖြတ်ခြင်းကိုရပ်ပစ်’ ရမည်နည်း။

      ၁၄ သူတစ်ပါးကို အဘယ်ကြောင့် “စစ်ကြောဆုံးဖြတ်ခြင်းကို မပြု” ရသနည်း။ အကြောင်းတစ်ခုမှာ ကျွန်ုပ်တို့၏အခွင့်အာဏာသည် အကန့်အသတ်မျှဖြစ်၏။ တပည့်တော်ယာကုပ်က ဤသို့သတိပေးသည်– “ပညတ်တရားကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တစ်ပါးတည်းသာရှိတော်မူ၏”—ထိုသူကား ယေဟောဝါပင်တည်း။ သို့နှင့် ယာကုပ်က ဤသို့အတိအလင်းမေးမြန်းသည်– “သူတစ်ပါးကို စစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။” (ယာကုပ် ၄:၁၂; ရောမ ၁၄:၁-၄) ထို့အပြင် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသောကြောင့် အလွယ်တကူဖြင့် မတရားစွာ စစ်ကြောစီရင်မိနိုင်သည်။ စိတ်စွန်းကွက်ခြင်း၊ မာနထိပါးခံရသည်ဟုထင်ခြင်း၊ မနာလိုစိတ်ဝင်ခြင်းနှင့် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆခြင်းအပါအဝင် စိတ်နေသဘောထားအမျိုးမျိုးတို့က လူသားချင်းအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို မမှန်မကန်ဖြစ်စေနိုင်၏။ ကျွန်ုပ်တို့သည် အကန့်အသတ်ဖြင့်သာ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့ကို ဆင်ခြင်သုံးသပ်ခြင်းက သူတစ်ပါးကို လျင်မြန်စွာအပြစ်တင်ခြင်းမှ တားဆီးပေးသည်။ သူတစ်ပါး၏စိတ်နှလုံးကို ကျွန်ုပ်တို့မမြင်နိုင်ကြပါ; သူတို့၏ကိုယ်ရေးကိုယ်တာ အခြေအနေအားလုံးကိုလည်း ကျွန်ုပ်တို့မသိနိုင်ကြပါ။ သို့ဖြစ်လျှင် ယုံကြည်သူချင်းတို့၏ရည်ရွယ်ချက် မှားသည်ဟုယိုးစွပ်ခြင်း၊ ဘုရားသခင့်လုပ်ငန်းတော်၌ သူတို့၏ကြိုးပမ်းအားထုတ်မှုကို ပြစ်တင်ဝေဖန်ခြင်းပြုရအောင် ကျွန်ုပ်တို့သည် မည်သူမို့နည်း။ ကျွန်ုပ်တို့ညီအစ်ကို၊ ညီအစ်မများ၏အားနည်းချက်များကို အာရုံစိုက်နေကြမည့်အစား ယေဟောဝါကိုတုပပြီး သူတို့၏ကောင်းကွက်များကို ရှာဖွေခြင်းသည် မည်မျှကောင်းလိုက်လေခြင်း!

      ၁၅။ ဘုရားသခင်အားဝတ်ပြုကိုးကွယ်သူတို့သည် အဘယ်စကားမျိုးကိုမပြော၊ အဘယ်ဆက်ဆံမှုမျိုးကို ပြုမည်မဟုတ်သနည်း၊ အဘယ်ကြောင့်နည်း။

      ၁၅ ကျွန်ုပ်တို့မိသားစုဝင်များနှင့်ပတ်သက်၍ကော။ ဝမ်းနည်းစရာကား ယနေ့ဤလောကတွင် စံရိပ်ငြိမ်ဖြစ်သင့်သည့် မိမိနေအိမ်၌ ခံရအခက်ဆုံးဝေဖန်ပြစ်တင်ချက်များကို ကြားနေကြရသည်။ မိမိတို့၏မိသားစုကို ‘ခံစားစေသည့်’ အဆက်မပြတ်ဆဲရေးတိုင်းထွာ၊ ကိုယ်ထိလက်ရောက် မတော်မတရားပြုသော ခင်ပွန်းများ၊ ဇနီးများ သို့မဟုတ် မိဘများအကြောင်း ကြားသိရခြင်းသည် မဆန်းတော့ပေ။ သို့သော် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့တွင် ခက်ထန်သောစကားများ၊ ခါးသီးသော ငေါ့လုံးထေ့လုံးများပြောဆို၊ ကြမ်းတမ်းစွာဆက်ဆံခြင်းကို ခွင့်မပြုချေ။ (ဧဖက် ၄:၂၉၊ ၃၁; ၅:၃၃; ၆:၄) “‘စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”၊ “အပြစ်မစီရင်ကြနှင့်” ဟူသော ယေရှု၏ဆုံးမစကားသည် မိမိနေအိမ်တွင်ရှိစဉ်လည်း သက်ဆိုင်သည်။ တရားသဖြင့်ကျင့်ခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့နှင့် ယေဟောဝါဆက်ဆံသည့်နည်းတူ အခြားသူတို့ကို ဆက်ဆံခြင်းပါဝင်ကြောင်း ပြန်သတိရပါ။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ဆက်ဆံရာတွင် ဘယ်သောအခါမျှ ကြမ်းတမ်းရက်စက်ခြင်းမရှိချေ။ ထိုသို့ပြုမည့်အစား ကိုယ်တော်သည် မိမိအား ချစ်မြတ်နိုးသူတို့ကို “အလွန်သနားစုံမက်တော်မူ” ၏။ (ယာကုပ် ၅:၁၁) ကိုယ်တော်သည် ကျွန်ုပ်တို့တုပစရာ အလွန်ကောင်းသောစံနမူနာပါတကား!

  • ဘုရားသခင်နှင့်လျှောက်လှမ်းရာ၌ “တရားသဖြင့်ပြုခြင်း”
    ယေဟောဝါထံ ချဉ်းကပ်လော့
    • a ဘာသာပြန်ကျမ်းအချို့က “စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”၊ “အပြစ်မစီရင်ကြနှင့်” ဟုဆို၏။ ယင်းတို့က ‘စ၍ စစ်ကြောဆုံးဖြတ်ခြင်းမပြုကြနှင့်’၊ ‘စ၍ အပြစ်မစီရင်ကြနှင့်’ ဟုအဓိပ္ပာယ်သက်ရောက်သည်။ သို့သော် မူရင်းဘာသာစကားတွင် ကျမ်းရေးသူတို့က ဤတွင် အပျက်သဘောဆောင်သောအမိန့်များကို ပစ္စုပ္ပန် (ပြုဆဲ၊ ဖြစ်ဆဲ) ကာလပြကြိယာသဏ္ဌာန်ဖြင့် သုံးထားသည်။ သို့ဖြစ်၍ ဖော်ပြပါလုပ်ရပ်များကို ထိုအချိန်အခါ၌ပြုလုပ်နေကြရာ ရပ်တန့်လိုက်ဖို့လိုမည်ဖြစ်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ