ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၉/၁ စာ. ၁၅
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုငယ်စဉ် မိသားစုဘဝ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နာခံတတ်ဖို့ ယေရှု သင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “မိုးကြိုးသား” တွေလို့ သူတို့အခေါ်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှု၏မိသားစုသူတို့ကား မည်သူတို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၉/၁ စာ. ၁၅

သင်သိပါသလော

တမန်တော် ၁၂ ပါးထဲမှာ ယေရှုနဲ့အမျိုးတော်တဲ့သူ ရှိသလား။

▪ အဲဒီမေးခွန်းအတွက် သမ္မာကျမ်းစာမှာ တိကျတဲ့အဖြေ မပေးထားဘူး။ ဒါပေမဲ့ စာပေတချို့နဲ့ အစဉ်အလာစကားတွေအရ တမန်တော် ၁၂ ပါးထဲက တချို့ဟာ ယေရှုနဲ့ အမျိုးတော်ကြတဲ့ပုံပဲ။

သစ်တိုင်မှာ သေတော့မယ့် ယေရှုကို ရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေရဲ့ နာမည်တွေကို ခရစ်ဝင်ကျမ်းတွေမှာ ဖော်ပြထားတယ်။ အဲဒီအမျိုးသမီးတွေထဲက လေးယောက်ရဲ့နာမည်ကို ယောဟန် ၁၉:၂၅ မှာ ဒီလိုဖော်ပြထားတယ်- “ကိုယ်တော်၏မိခင် [မာရိ]၊ မိခင်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမာရိ။” ဒီကျမ်းချက်နဲ့ အဲဒီအဖြစ်အပျက်ကိုပဲ ဖော်ပြထားတဲ့ မဿဲ၊ မာကုခရစ်ဝင်ကျမ်းတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ယေရှု့မိခင် မာရိရဲ့ ညီမက ရှာလုံဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ပြီးတော့ အဲဒီရှာလုံက ဇေဗေဒဲသားတွေရဲ့ မိခင်ဖြစ်ပုံရတယ်။ (မဿဲ ၂၇:၅၅၊ ၅၆; မာကု ၁၅:၄၀) ဒါကြောင့် သူ့ရဲ့သားတွေဖြစ်တဲ့ ယာကုပ်နဲ့ယောဟန်တို့က ယေရှုရဲ့ တစ်ဝမ်းကွဲတွေဖြစ်ရမယ်။ ယေရှုက တံငါသည်တွေဖြစ်တဲ့ အဲဒီညီအစ်ကိုနှစ်ယောက်ကို သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။—မဿဲ ၄:၂၁၊ ၂၂။

ယောဟန် ၁၉:၂၅ မှာ ဖော်ပြထားတဲ့ အမျိုးသမီးလေးယောက်ထဲက တစ်ယောက်ရဲ့ ခင်ပွန်းဖြစ်တဲ့ ကလောဖ ဒါမှမဟုတ် အာလဖဲက ယေရှုရဲ့မွေးစားဖခင် ယောသပ်နဲ့ ညီအစ်ကိုတော်တယ်ဆိုပြီး ကျမ်းစာပြင်ပစာပေတွေမှာ ဖော်ပြထားတယ်။ အစဉ်အလာစကားတွေက အဲဒီအချက်အပေါ် အခြေခံတယ်ဆိုရင် တမန်တော် ၁၂ ပါးထဲက တစ်ပါးဖြစ်တဲ့ အာလဖဲရဲ့သား ယာကုပ်လည်း ယေရှုနဲ့ ဝမ်းကွဲတော်တယ်။—မဿဲ  ၁၀:၃။

ယေရှုနဲ့ နှစ်ခြင်းဆရာယောဟန် ဘယ်လိုများ ဆွေမျိုးတော်ကြသလဲ

▪ သူတို့နှစ်ဦးက နှစ်ဝမ်းကွဲတော်တယ်လို့ တချို့က ယုံကြည်ကြတယ်။ အဲဒီယုံကြည်ချက်က လုကာ ၁:၃၆ မှာ မရေမရာ ပြန်ဆိုထားတဲ့အချက်အပေါ် အခြေခံထားတယ်။ ဥပမာ၊ အဲဒီကျမ်းချက်နဲ့ပတ်သက်ပြီး ဘာသာပြန်ကျမ်းတစ်ကျမ်း (King James Version) မှာ ယောဟန်ရဲ့မိခင် ဧလိရှဗက်နဲ့ ယေရှုရဲ့မိခင် မာရိက ဝမ်းကွဲတွေဖြစ်တယ်ဆိုပြီး ပြန်ဆိုထားတယ်။

မူရင်းဂရိကျမ်းမှာတော့ အတိအကျမဖော်ပြထားဘူး။ အဲဒီအမျိုးသမီးနှစ်ယောက်က ဝမ်းကွဲတွေလို့ မပြောဘဲ ဆွေမျိုးတော်တယ်လို့ပဲ ပြောထားတယ်။ ကျမ်းစာအဘိဓာန်တစ်အုပ် (The Interpreter’s Dictionary of the Bible) မှာ “သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို အတိအကျဖော်ပြဖို့ အသုံးအနှုန်းက ကျယ်ပြန့်လွန်းတယ်” လို့ဖော်ပြထားတယ်။ ဒါဆိုရင် ယေရှုနဲ့ယောဟန်က ဝမ်းကွဲတွေဖြစ်တယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ။ စွယ်စုံကျမ်းတစ်ကျမ်း (The Catholic Encyclopedia) မှာ ဒီလိုအဖြေပေးထားတယ်– “မာရိ၏ မိဘများအကြောင်းကို အပေါခရစ်ဖာစာပေမှတစ်ဆင့် သိရှိရခြင်းဖြစ်သည်။”

ဒါကြောင့် ယေရှုနဲ့ ယောဟန်က နှစ်ဝမ်းကွဲမဟုတ်ပေမဲ့လည်း အနည်းဆုံးတော့ ဆွေမျိုးတော်စပ်ကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ