ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂ စာ. ၁၂-စာ. ၁၃ ပိုဒ်. ၁၀
  • မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မမွေးဖွားမီဂုဏ်ပြုခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မာရိဆီ ဂါဗြေလ ရောက်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂ စာ. ၁၂-စာ. ၁၃ ပိုဒ်. ၁၀
မြည်းစီးပြီး ခရီးနှင်နေတဲ့မာရိ၊ အိမ်ထဲကို မာရိ၀င်တာနဲ့ ဧလိရှဗက်ဗိုက်ထဲက ကလေးဟာ ပျော်လွန်းလို့ လှုပ်လှုပ်ရွရွဖြစ်၊ ဧလိရှဗက်ရဲ့ အိမ်မှုကိစ္စတွေကို မာရိ ဝိုင်းကူပေး

အခန်း ၂

မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ ယေရှု

လုကာ ၁:၃၄-၅၆

  • ဆွေမျိုးဖြစ်သူ ဧလိရှဗက်ဆီကို မာရိလည်ပတ်

ယေရှုလို့ခေါ်တဲ့ သားယောက်ျားလေး မွေးဖွားမယ်၊ ဒီကလေးဟာ ထာဝရဘုရင်အဖြစ် အုပ်စိုးမယ်ဆိုတဲ့အကြောင်း မိန်းမပျိုလေး မာရိကို ကောင်းကင်တမန်ဂါဗြေလ ပြောပြပြီးတဲ့နောက် မာရိက “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မဟာ အပျိုစင်ပါ” လို့ ပြန်ပြောတယ်။—လုကာ ၁:၃၄။

ဒီအခါ ဂါဗြေလက “ခင်ဗျားအပေါ် သန့်ရှင်းသော စွမ်းအားတော် သက်ရောက်ပြီး အမြင့်ဆုံးအရှင်ရဲ့ တန်ခိုးတော် လွှမ်းမိုးလိမ့်မယ်။ ဒါကြောင့် မွေးလာမယ့် ကလေးဟာ သန့်ရှင်းတဲ့သူ၊ ဘုရားသခင်ရဲ့သားလို့  အခေါ်ခံရလိမ့်မယ်”  ဆိုပြီး  ပြောတယ်။—လုကာ ၁:၃၅။

သူ့သတင်းစကားကို မာရိ လက်ခံလာအောင် အခုလို ဆက်ပြောတယ်– “မြုံနေသူဆိုပြီး လူတွေပြောတဲ့ ခင်ဗျားရဲ့ဆွေမျိုး ဧလိရှဗက်လည်း အသက်ကြီးနေပေမဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားတာ အခုဆို ခြောက်လ ရှိနေပြီ။ ဘုရားသခင်ရဲ့စကားတွေ မပြည့်စုံဘဲ မနေဘူး။”—လုကာ ၁:၃၆၊ ၃၇။

ဒါနဲ့ မာရိက “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ။ သခင်ပြောတဲ့အတိုင်း ဖြစ်လာပါစေ” လို့ ပြန်ပြောတယ်။ အဲဒီလို ပြောတာကိုကြည့်ရင် ဂါဗြေလရဲ့ စကားတွေကို မာရိလက်ခံလိုက်မှန်း သိရတယ်။—လုကာ ၁:၃၈။

ဂါဗြေလထွက်သွားတာနဲ့ မာရိက ဂျေရုဆလင်မြို့အနီး၊ ယုဒတောင်တန်းဒေသမှာ ခင်ပွန်းဇာခရိနဲ့ နေတဲ့ ဧလိရှဗက်ဆီ အလည်သွားဖို့ ပြင်ဆင်တော့တယ်။ နာဇရက်မြို့မှာရှိတဲ့ မာရိရဲ့အိမ်ကနေ အဲဒီကိုသွားဖို့ သုံးလေးရက်လောက် ကြာတယ်။

ဇာခရိအိမ်ကို မာရိရောက်တော့ ဧလိရှဗက်ကို နှုတ်ဆက်လိုက်တယ်။ ဒီအခါ ဧလိရှဗက်က သန့်ရှင်းသော စွမ်းအားတော်နဲ့ပြည့်ပြီး မာရိကို အခုလိုပြောတယ်– “ညီမဟာ အမျိုးသမီးတကာတို့ထက် ကောင်းချီးခံစားရတဲ့ သူပဲ။ ညီမရဲ့ဝမ်းထဲက ကလေးလည်း ကောင်းချီးခံစားရသူပဲ။ ငါ့သခင်ရဲ့မိခင် လာလည်တာ ငါ့အတွက် ဂုဏ်ယူစရာပါ။ ကြည့်ပါဦး၊ ညီမရဲ့ နှုတ်ဆက်သံကို ကြားတော့ ငါ့ဝမ်းထဲက ကလေးဟာ ပျော်လွန်းလို့ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။”—လုကာ ၁:၄၂-၄၄။

မာရိလည်း အခုလို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းတယ်– “ယေဟောဝါဘုရားကို ကျွန်မ ဂုဏ်တင်ချီးမွမ်းပါတယ်။ ကျွန်မရဲ့ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရင်ထဲမှာ ပျော်လို့မဆုံးဘူး။ ဘုရားက ကျွန်မရဲ့ နိမ့်ကျတဲ့အဖြစ်ကို မြင်ပြီ။ အခုကစပြီး လူမျိုးအဆက်ဆက်က ကျွန်မကို ပျော်ရွှင်ချမ်းမြေ့သူလို့ ခေါ်ကြတော့မယ်။ တန်ခိုးနဲ့ ပြည့်စုံတဲ့အရှင်က ကျွန်မအတွက် အံ့ဖွယ်အမှုတွေ လုပ်ဆောင်ပေးတာကိုး။” မာရိဟာ မျက်နှာသာပြခံရပေမဲ့ ဘုရားကိုပဲ ဂုဏ်တင်ချီးမွမ်းခဲ့တယ်။ “နာမတော်ဟာ သန့်ရှင်းမြင့်မြတ်တယ်။ ဘုရားက သူ့ကို ကြောက်ရွံ့ရိုသေသူတွေကို လူမျိုးအဆက်ဆက် ကရုဏာပြတယ်” လို့ပြောတယ်။—လုကာ ၁:၄၆-၅၀။

မာရိက ဘုရားကို ဒီလို ဆက်ချီးမွမ်းတယ်– “လက်ရုံးတော်နဲ့ တန်ခိုးပြတယ်။ မောက်မာတဲ့စိတ်နဲ့ ကြံစည်သူတွေကိုတော့ တကွဲတပြား ဖြစ်စေတယ်။ မင်းအရာရှိတွေကို နန်းချပြီး နိမ့်ကျသူတွေကို ချီးမြှောက်တယ်။ ဆာလောင်နေသူတွေကို ကောင်းမွန်ရာတွေ ဖြည့်ဆည်းပေးပြီး ချမ်းသာကြွယ်ဝသူတွေကို လက်ချည်းလွှတ်လိုက်တယ်။ ဘုရားသခင်က ဘိုးဘေးတွေကို ပြောခဲ့တဲ့အတိုင်း မိမိကျွန် အစ္စရေးလူမျိုးကို မစတယ်။ အာဗြဟံနဲ့ သူ့မျိုးနွယ်ကို အမြဲကရုဏာပြမယ်လို့ ကတိပေးခဲ့တဲ့အတိုင်း အဲဒီကတိကို မမေ့ဘူးဆိုတာ ပြလိုက်တာပဲ။”—လုကာ ၁:၅၁-၅၅။

ဧလိရှဗက်ရဲ့ အိမ်မှုကိစ္စတွေကို မာရိ ဝိုင်းကူပေး

မာရိဟာ ဧလိရှဗက်နဲ့ သုံးလလောက် အတူနေတယ်။ နေ့စေ့လစေ့ဖြစ်နေတဲ့ ဧလိရှဗက်ကို ကူညီပေးဖို့ ဖြစ်နိုင်တယ်။ အဲဒီသစ္စာရှိ အမျိုးသမီးနှစ်ယောက်ဟာ သူတို့ဘဝအတွက် အရေးကြီးတဲ့အချိန်မှာ အတူရှိနေခဲ့ကြတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ယေရှုဟာ မမွေးခင်ကတည်းက ဂုဏ်တင်ခံခဲ့ရတယ်။ ဧလိရှဗက်က ယေရှုကို “ငါ့သခင်” လို့ ခေါ်ခဲ့တယ်။ အိမ်ထဲကို မာရိ၀င်တာနဲ့ ဧလိရှဗက်ဗိုက်ထဲက ကလေးလည်း “ပျော်လွန်းလို့ လှုပ်လှုပ်ရွရွ” ဖြစ်ခဲ့တယ်။ မာရိနဲ့ မမွေးသေးတဲ့ ကလေးကို တခြားသူတွေ ဆက်ဆံပုံကတော့ အဲဒါနဲ့ တခြားစီပဲဆိုတာ နောက်ပိုင်းမှာ သိရပါလိမ့်မယ်။

  • ကိုယ်ဝန် ဘယ်လိုရလာမယ်ဆိုတာ မာရိနားလည်အောင် ဂါဗြေလ ဘာပြောခဲ့သလဲ။

  • ယေရှုဟာ မမွေးခင်ကတည်းက ဘယ်လို ဂုဏ်တင်ခံခဲ့ရသလဲ။

  • မာရိဟာ ဧလိရှဗက်နဲ့ ဘယ်လောက်ကြာကြာ အတူနေခဲ့သလဲ။ ဘာကြောင့်လဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ