ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၇/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာရိဆီ ဂါဗြေလ ရောက်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မမွေးဖွားမီဂုဏ်ပြုခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၇/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှု၏မိခင်ဖြစ်လာသူ မာရိသည် သူမ၏ဆွေမျိုး ဧလိရှဗက်ထံသို့ အလည်အပတ်သွားချိန်တွင် ပဋိသန္ဓေစွဲနေပြီလော။

သူမသည် ပဋိသန္ဓေစွဲနေကြောင်း ထင်ရှားပါသည်။

လုကာ အခန်းကြီး ၁ တွင် (နှစ်ခြင်းဆရာ) ယောဟန်ကို မွေးဖွားသူ ယဇ်ပုရောဟိတ်ဇာခရိ၏ဇနီး ဧလိရှဗက် ပဋိသန္ဓေစွဲနေကြောင်း ဦးဆုံးဖတ်ရှုရသည်။ ဧလိရှဗက်သည် “ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ” “ကောင်းကင်တမန်ဂါဗြေလ” သည် မာရိထံသွား၍ သူမသည် ပဋိသန္ဓေစွဲပြီး “အမြင့်ဆုံးသောဘုရား၏သားတော်” ကိုဖွားမြင်လိမ့်မည်ဟု ပြောဆိုသည်။ (လုကာ ၁:၂၆၊ သတင်းကောင်း၊ ၃၀-၃၃) သို့သော် မာရိသည် အဘယ်အချိန်တွင် ပဋိသန္ဓေစွဲသနည်း။

ထိုနောက် မာရိသည် ပဋိသန္ဓေစွဲနေသော သူမ၏ဆွေမျိုး ဧလိရှဗက်ထံသို့ အလည်သွားရန် ယုဒသို့ ခရီးထွက်ခဲ့ကြောင်း လုကာ၏မှတ်တမ်းက ဆက်ပြောပြသည်။ ထိုအမျိုးသမီးနှစ်ဦး တွေ့ဆုံကြသည့်အခါ ဧလိရှဗက်၏ဝမ်း၌ရှိသောသူငယ် (ယောဟန်) သည် ခုန်လေ၏။ ဧလိရှဗက်က ‘မာရိ၏ဝမ်း၌ရှိသောသူငယ်’ ကိုရည်ညွှန်း၍ မာရိအား “အကျွန်ုပ်သခင်၏မယ်တော်” ဟုခေါ်ခဲ့သည်။ (လုကာ ၁:၃၉-၄၄) ထို့ကြောင့် ဧလိရှဗက်ထံသို့ မာရိသွားချိန်တွင် သူမသည် ပဋိသန္ဓေစွဲနေပြီဖြစ်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ဆုံးဖြတ်ရ၏။

လုကာ ၁:၅၆ က ဤသို့ဆိုသည်– “မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ ပြန်လေ၏။” ဤအခန်းငယ်က ရက်စွဲအတိအကျမသတ်မှတ်ပါ။ “သုံးလခန့်” ဟူ၍သာဆိုသည့်အတွက် ဧလိရှဗက် ပဋိသန္ဓေစွဲချိန်မှာ ကိုးလတွင်ရှိနေမည်။

ဧလိရှဗက် ပဋိသန္ဓေစွဲချိန်အကုန်ပိုင်းတွင် အကူအညီပေးပြီးနောက် မာရိသည် နာဇရက်မြို့ရှိ သူမအိမ်သို့ ပြန်သွားလေသည်။ (ယောဟန်ကို) ဧလိရှဗက်မျက်နှာမြင်ချိန်တွင် ဧည့်သည်မြောက်မြားစွာရောက်လာမည်၊ အချို့ဆိုလျှင် ဆွေမျိုးများပင် ဖြစ်မည်အကြောင်း မာရိသိကောင်းသိမည်။ ယင်းသည် ခင်ပွန်းမရှိသော ပဋိသန္ဓေစွဲနေသည့် မိန်းမငယ်တစ်ဦးအတွက် အနေရခက်ပြီး ကသိကအောက်နိုင်လိမ့်မည်။ နာဇရက်မြို့သို့ပြန်သွားချိန်တွင် မာရိသည် မည်မျှကြာ ပဋိသန္ဓေစွဲနေပြီနည်း။ သူမသည် ဧလိရှဗက်နှင့် “သုံးလခန့် ” နေခဲ့သောကြောင့် နာဇရက်မြို့သို့ ပြန်သွားချိန်တွင် ကိုယ်ဝန်ဆောင်ချိန် တတိယလကုန်ခါနီး သို့မဟုတ် စတုတ္ထလ၏အစပိုင်းတွင် ရှိနေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ