ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၄/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧလိရှဗက် သားတစ်ယောက် မွေးဖွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အပြစ်တင်ခွင့်ကင်းစွာ ကျင့်ကြံပြုမူသောကြောင့် သူတို့ ဆုကျေးဇူးခံစားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဘုရားသခင်ဆီက သတင်းစကားနှစ်ခု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၄/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

နှစ်ခြင်းဆရာယောဟန်၏ဖခင် ဇာခရိသည် လုကာ ၁:၆၂ တင်ပြပုံရှိသည်အတိုင်း နားပင်း၍စကားအသွားပါသလော။

အချို့သူများက ဇာခရိသည် နားလည်းပင်းသွားသည်ဟု ယူမှတ်ကြသည်။ ကျမ်းစာမှတ်တမ်းတွင် ဤသို့ဖတ်ရသည်။ “အဘ၏အမည်ဖြစ်သော ဇာခရိအမည်ဖြင့်မှည့်သောအခါ အမိက၊ ‘ထိုသို့မမှည့်ရ။ ယောဟန်အမည်ဖြင့်မှည့်ရမည်’ ဟုဆိုလျှင် သူတို့က ‘ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တစ်ယောက်ကိုမျှမမှည့်’ ဟုဆို၍ ‘အဘသည် အဘယ်သို့မှည့်စေလိုသနည်း’ ဟုအမှတ်အားဖြင့်မေးကြ၏။ အဘသည်လည်း သင်ပုန်းကိုတောင်း၍ ‘သူ၏အမည်ကား ယောဟန်ဖြစ်၏’ ဟုရေးလေ၏။”​—လုကာ ၁:​၅၉-၆၃။

အတန်ကြာကာလ ဇာခရိနားမကြားရဟု ဤမှတ်တမ်းက အတိအလင်းဖော်ပြထားခြင်းမရှိပါ။

ယောဟန်အမည်ပေးရမည့် သားယောက်ျားလေးဖွားမြင်မည့်အကြောင်း ဇာခရိအား ကောင်းကင်တမန် ဂါဗြေလ လာ၍မှာကြားထားခဲ့သည်။ သက်ကြီးသူဇာခရိကလည်း ယင်းကိုယုံရခက်သည့်အတွက် ကောင်းကင်တမန်က ဤသို့တုံ့ ပြန်ခဲ့သည်။ “သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား အချိန်တန်လျှင် ပြည့်စုံလိမ့်မည်။” (လုကာ ၁:​၁၃၊ ၁၈-၂၀) ကောင်းကင်တမန်က ဇာခရိ၏ကြားနာနိုင်စွမ်းမဟုတ်ဘဲ သူ၏စကားပြောစွမ်းရည် ချို့ယွင်းသွားမည်ဟု ပြောခဲ့သည်။

မှတ်တမ်းက ဤသို့ဆက်ပြောသေးသည်။ “သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍ ဗိမာန်တော်၌ ဗျာဒိတ်ရူပါရုံကိုမြင်ပြီဟုရိပ်မိကြ၏။ ဇာခရိသည် သူတို့အားအရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။” (လုကာ ၁:၂၂) ဤတွင် “စကားအ” သည်ဟုပြန်ဆိုသောဂရိစကားလုံးသည် ပြောဆိုခြင်း၊ ကြားနာခြင်း သို့မဟုတ် နှစ်ခုစလုံးထုံထိုင်းသွားသည်ဟု သဘောထွက်သည်။ (လုကာ ၇:၂၂) ဇာခရိကျလျှင်ကော။ ပျောက်ကင်းကုစားခံရသည့်အခါ မည်သို့ ဖြစ်ပျက်ခဲ့သနည်း။ “ထိုခဏခြင်းတွင် ဇာခရိသည် နှုတ်ပွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။” (လုကာ ၁:၆၄) ထိုကြောင့် ဇာခရိ၏စကားပြောစွမ်းရည်သာ ပျက်ယွင်းသွားသည်ဟု နားလည်စေသည်။

သို့ ဖြစ်လျှင် ဇာခရိအား “ ‘အဘယ်သို့ မှည့်စေလိုသနည်း’ ဟုအမှတ်အားဖြင့်မေးကြ၏” ဟုအဘယ်ကြောင့်ဆိုရသနည်း။ ဘာသာပြန်သူအချို့က “လက်ရိပ်လက်ခြည်စကားဖြင့်” သို့မဟုတ် “လက်ရိပ်ပြဘာသာစကား အသုံးပြုခြင်းဖြင့်” ဟုပြန်ဆိုသည်။

ကောင်းကင်တမန်၏ကြေညာချက်ကတည်းက စကားအနေသောဇာခရိသည် ပြောဆိုစရာရှိလျှင် လက်ရိပ်ပြဘာသာစကားဖြစ်သည့် လက်ဟန်အမူအရာများကို အသုံးပြုခဲ့ရသည်။ ဥပမာ၊ ဗိမာန်တော်ရှိသူများအား “အရိပ်အမှတ်ကိုသာပေး . . . လျက်နေ၏။” (လုကာ ၁:​၂၁၊ ၂၂) နောင်တွင် သင်ပုန်းတောင်းဆိုခဲ့သည့်အခါ လက်ဟန်အမူအရာများကို သူအသုံးပြုခဲ့မည်။ (လုကာ ၁:၆၃) ထိုကြောင့် သူစကားအနေသည့်အချိန်တွင် သူနှင့်ဆက်ဆံရသူများလည်း လက်ရိပ်လက်ခြည်များအသုံးပြုလိုလာမည်။

သို့ရာတွင်လုကာ ၁:၆၂ ပါအမှတ်များအသုံးပြုခြင်းအတွက် ဤထက်ယုတ္တိတန်သောရှင်းလင်းချက်ရှိမည်။ ဧလိရှဗက်သည် သား၏အမည်ကို ယခုပင်ဖော်ပြပြီးပြီဖြစ်သည်။ ထိုကြောင့်သူမ၏စကားကိုမကန့်ကွက်ဘဲ သူမ၏ခင်ပွန်းသဘောထားကိုရလိုသည့်အနေနှင့် ခေါင်းငုံ့ ပြရုံ သို့မဟုတ် လက်ရိပ်လက်ခြည်တစ်မျိုးတစ်မည်ကို အသုံးပြုခဲ့မည်။ သူတို့၏မေးခွန်းကို ဇာခရိအတွက် ရေးမပေးခဲ့ခြင်းကား ဇနီး၏စကားကို သူကြားခဲ့ပုံသက်ရောက်စေသည်။ ယင်းကြောင့်ခေါင်းငြိမ့်ပြရုံ သို့မဟုတ် အမူအရာတစ်မျိုးအားဖြင့် ‘ (သင်ဇာခရိအပါအဝင်) ကျွန်ုပ်တို့အားလုံး သူ့အကြိုက်ကိုကြားလိုက်သည်။ ကလေးအတွက်နာမည်နှင့်ပတ်သက်၍ သင့်ဆုံးဖြတ်ချက်ကအဘယ်နည်း’ ဟုမေးသည့်အဓိပ္ပာယ်ရှိစေ၏။

ထိုခဏခြင်းတွင် အခြားအံ့ဖွယ်ရာတစ်ခုဖြစ်ပျက်ပြန်သည်။ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။ “ထိုခဏခြင်းတွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလေ၏။” (လုကာ ၁:၆၄) ကြားနာနိုင်စွမ်းမထိခိုက်ခဲ့သည့်အတွက် ယင်းအကြောင်း ထည့်ပြောနေစရာမလိုခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ