ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သင်သိပါသလော
    ကင်းမျှော်စင်—၂၀၁၀ | ဇန်နဝါရီ ၁
    • လုကာ ၁:၆၃ တွင်ဖော်ပြထားသော သင်ပုန်းသည် မည်သည့်အမျိုးအစားဖြစ်သနည်း။

      ▪ မွေးခါစသားလေးကို အဘယ်အမည်ပေးရမည်နည်းဟု မိတ်ဆွေများက ဇာခရိကို မေးမြန်းကြကြောင်း လုကာခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ဇာခရိက “သင်ပုန်းကိုတောင်း၍ ‘သူ၏အမည်ကား ယောဟန်ဖြစ်၏’ ဟုရေး” ပြသည်။ (လုကာ ၁:၆၃) ဤတွင် “သင်ပုန်း” ဟုပြန်ဆိုထားသော ထိုဂရိအသုံးအနှုန်းသည် “စာရေးစရာ သင်ပုန်းငယ်တစ်ခုဖြစ်ပြီး အများအားဖြင့် သစ်သားဖြင့်ပြုလုပ်ထားကာ မျက်နှာပြင်ချောမွေ့ စေရန် ဖယောင်းသုတ်ထားသည်” ဟုစာပေတစ်ခုတွင် ဖော်ပြထား၏။ သစ်သားပြား၏မျက်နှာပြင်ကို အနည်းငယ်ခွက်နေအောင် ထွင်းထားပြီး ယင်းအပေါ်တွင် ပျားဖယောင်းသုတ်ထားခြင်းဖြစ်သည်၊ ထိုသစ်သားပြားများကို တစ်ချပ်ချင်းစီ ထပ်၍တွဲထားသည်။ ထိုသစ်သားပြားပေါ်တွင် ကညစ်ဖြင့် စာရေးနိုင်သည်။ ရေးသားထားသော စာများကို ဖျက်ပစ်ပြီး ပြန်ရေးနိုင်သည်။

      စာအုပ်တစ်အုပ် (Reading and Writing in the Time of Jesus) တွင် ဤသို့ဖော်ပြထားသည်– “သင်ပုန်းများကို ကျယ်ပြန့် စွာ အသုံးပြုခဲ့ကြောင်း ပွန်ပေမြို့မှပန်းချီကားများ၊ ရောမအင်ပါယာရှိ ဒေသအသီးသီးမှ ပန်းပုရုပ်များ၊ အီဂျစ်ပြည်မှ ဟေဒရီရင်တံတိုင်း [ဗြိတိန်နိုင်ငံမြောက်ပိုင်း] အထိ တူးဖော်သည့်နေရာများစွာတွင် တွေ့ ရှိခဲ့သောသင်ပုန်းများက ဖော်ပြသည်။” လူတန်းစားအသီးသီးဖြစ်သော ကုန်သည်များ၊ အစိုးရအရာရှိများနှင့် ပထမရာစုခရစ်ယာန်တချို့ပင် အဆိုပါသင်ပုန်းများကို အသုံးပြုခဲ့ကြပေမည်။

  • သင်သိပါသလော
    ကင်းမျှော်စင်—၂၀၁၀ | ဇန်နဝါရီ ၁
    • [စာမျက်နှာ ၁၁ ပါရုပ်ပုံ]

      အေဒီ ၂ ရာစုမှ ကျောင်းသားကလေး၏ ဖယောင်းသင်ပုန်း

      [Credit Line]

      By permission of the British Library

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ