ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃ စာ. ၁၄-စာ. ၁၅ ပိုဒ်. ၂
  • လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြွတော်မူရာလမ်းကို ပြင်ဆင်သူမွေးဖွားခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဧလိရှဗက် သားတစ်ယောက် မွေးဖွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အပြစ်တင်ခွင့်ကင်းစွာ ကျင့်ကြံပြုမူသောကြောင့် သူတို့ ဆုကျေးဇူးခံစားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃ စာ. ၁၄-စာ. ၁၅ ပိုဒ်. ၂
မွေးကင်းစကလေးကို ပြနေတဲ့ ဧလိရှဗက်

အခန်း ၃

လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူ မွေးဖွား

လုကာ ၁:၅၇-၇၉

  • နှစ်ခြင်းပေးသူ ယောဟန်ကို မွေးဖွား၊ နာမည်ပေး

  • အနာဂတ်မှာ ယောဟန် လုပ်ဆောင်မယ့်အရာကို ဇာခရိကြိုဟော

ဧလိရှဗက်ဟာ ကိုယ်၀န် နေ့စေ့လစေ့ ဖြစ်နေပြီ။ မာရိက ဧလိရှဗက်နဲ့ သုံးလလောက် အတူနေခဲ့တယ်။ အခုတော့ မြောက်ပိုင်းမှာရှိတဲ့ နာဇရက်မြို့က သူ့အိမ်ကို ပြန်တော့မယ်။ နောက်ခြောက်လလောက်ကြာရင် သူလည်း မီးဖွားရတော့မယ်။

မာရိပြန်သွားပြီး သိပ်မကြာခင်မှာ ဧလိရှဗက် သားလေးမွေးတယ်။ သားလေးကို ကောင်းကောင်း မွေးဖွားနိုင်ပြီး မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိလို့ ဘယ်လောက်တောင် ပျော်လိုက်ကြမလဲ။ ဧလိရှဗက်က သားလေးကို အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေကိုပြတော့ သူတို့လည်း သိပ်ဝမ်းသာကြတယ်။

အစ္စရေးလူမျိုးတွေကို ဘုရားပေးတဲ့ပညတ်အရ မွေးပြီး ရှစ်ရက်မြောက်နေ့မှာ ကလေးကို အရေဖျားဖြတ်ပေးကြတယ်။ အဲဒီနေ့မှာ နာမည်လည်း မှည့်ပေးကြတယ်။ (ဝတ်ပြုရာ ၁၂:၂၊ ၃) ကလေးကို ဖခင်ရဲ့နာမည်အတိုင်း ဇာခရိလို့ မှည့်ပေးရမယ်ဆိုပြီး တချို့ပြောကြတယ်။ ဒါပေမဲ့ ဧလိရှဗက်က “အဲဒီနာမည် မဟုတ်ဘူး။ ယောဟန်လို့ မှည့်ရမယ်” လို့ပြောတယ်။ (လုကာ ၁:၆၀) ကလေးကို ယောဟန်လို့ နာမည်ပေးရမယ်ဆိုပြီး ကောင်းကင်တမန်ဂါဗြေလ ပြောခဲ့တာကို သတိရပါ။

အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေက “မင်းရဲ့ဆွေမျိုးထဲမှာ ဒီနာမည်မှ မရှိတာ” လို့ပြောကြတယ်။ (လုကာ ၁:၆၁) ဒါနဲ့ ဘာနာမည်ပေးချင်လဲလို့ ဇာခရိကို အမူအရာနဲ့ မေးကြည့်တော့ ဇာခရိက သင်ပုန်းကို တောင်းပြီး “ကလေးနာမည်ဟာ ယောဟန်” လို့ ရေးပြတယ်။—လုကာ ၁:၆၃။

သင်ပုန်းပေါ်မှာ ဇာခရိ စာရေးနေ၊ ဇာခရိ စကားပြန်ပြောလာနိုင်ပြီး ကြိုဟော

အဲဒီအချိန်မှာပဲ ဇာခရိက အံ့ဖွယ်နည်းနဲ့ စကားပြန်ပြောလာနိုင်တယ်။ ဧလိရှဗက် သားယောက်ျားလေး မွေးမယ်ဆိုပြီး ကောင်းကင်တမန်ပြောခဲ့တဲ့စကားကို သူမယုံလို့ စကားအ သွားတယ်ဆိုတာ သတိရမှာပဲ။ အခု သူစကားပြန်ပြောတဲ့အခါ အိမ်နီးချင်းတွေက အံ့သြသွားပြီး “ဒီကလေးဟာ ဘယ်လိုလူစားမျိုး ဖြစ်လာမှာပါလိမ့်” လို့တွေးကြတယ်။ (လုကာ ၁:၆၆) ယောဟန်ကို နာမည်ပေးတဲ့ကိစ္စမှာ ဘုရားရဲ့ တန်ခိုးပါမှန်း သူတို့ သိခဲ့ကြတယ်။

အဲဒီနောက် ဇာခရိက သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ပြီး အခုလို ပြောတယ်– “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြပါ။ လူမျိုးတော်ကို သနားကြင်နာလို့ လွတ်မြောက်စေပြီ။ ငါတို့အတွက် တန်ခိုးကြီးတဲ့ ကယ်တင်ရှင် (“ကယ်တင်ခြင်းဦးချို၊” အောက်ခြေမှတ်ချက်) ကို မိမိကျွန် ဒါဝိဒ်ရဲ့ မျိုးနွယ်ထဲက ပေါ်ထွန်းစေပြီ။” (လုကာ ၁:၆၈၊ ၆၉) “ကယ်တင်ခြင်းဦးချို” ဆိုတာ မမွေးသေးတဲ့ သခင်ယေရှုကို ရည်ညွှန်းတယ်။ ယေရှုအားဖြင့် ဘုရားက ‘ငါတို့ကို ရန်သူတွေလက်ကနေ လွတ်မြောက်စေပြီးတဲ့နောက် မိမိကို ရဲရင့်စွာ ဝတ်ပြုရတဲ့အခွင့် ပေးအပ်လိမ့်မယ်။ ဒါကြောင့် ငါတို့ဟာ ရှေ့တော်မှာ တစ်သက်လုံး သစ္စာစောင့်သိပြီး ဖြောင့်မတ်နိုင်ကြလိမ့်မယ်’ လို့ ဇာခရိပြောတယ်။—လုကာ ၁:၇၄၊ ၇၅။

သားဖြစ်သူနဲ့ ပတ်သက်ပြီးတော့လည်း ဇာခရိ အခုလို ကြိုပြောတယ်– “ငါ့သား၊ မင်းကတော့ အမြင့်ဆုံးအရှင်ရဲ့ ပရောဖက်လို့ အခေါ်ခံရလိမ့်မယ်။ ယေဟောဝါဘုရားရဲ့ လမ်းခရီးကို အသင့်ပြင်ဆင်ဖို့ ရှေ့တော်ကနေ အရင်သွားရလိမ့်မယ်။ လူမျိုးတော်ကို အပြစ်တွေ ခွင့်လွှတ်ခြင်းအားဖြင့် ကယ်တင်မယ်ဆိုတဲ့ သတင်းကို မင်း အသိပေးရလိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကရုဏာကြောင့်ပဲ။ အထက်အရပ်က လာတဲ့ ဒီကရုဏာကျေးဇူးဟာ အရုဏ်ဦးအလင်းလို ငါတို့အပေါ် ထွန်းလင်းလိမ့်မယ်။ မှောင်မိုက်နဲ့ သေခြင်းအရိပ်အောက်မှာ ထိုင်နေသူတွေကို အလင်းပေးပြီး ငါတို့ကို ငြိမ်သက်ခြင်းလမ်းဆီ ပို့ဆောင်ပေးလိမ့်မယ်။” (လုကာ ၁:၇၆-၇၉) အဲဒီကြိုဟောချက်က တကယ့်ကို အားရှိစရာပါပဲ။

ဒီအချိန်မှာ လက်မထပ်ရသေးတဲ့ မာရိကတော့ နာဇရက်မြို့ကအိမ်ကို ပြန်ရောက်နေပြီ။ သူ့မှာ ကိုယ်၀န်ရှိမှန်း သိသာလာတဲ့အခါ ဘာတွေ ဖြစ်လာမလဲ။

  • ယောဟန်နဲ့ ယေရှု အသက် ဘယ်လောက် ကွာသလဲ။

  • ယောဟန် ရှစ်ရက်သားအရွယ်မှာ ဘာဖြစ်ခဲ့သလဲ။

  • ဘုရားဆီက ဘယ်တာဝန်ကို ယောဟန်ရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ