ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကိုယ်နှင့်စပ်ဆိုင်သောသူကို အဘယ်ကြောင့်ချစ်ရမည်နည်း
    ကင်းမျှော်စင်—၁၉၉၃ | စက်တင်ဘာ ၁၅
    • ထိုအခါ ယေရှုအားမေးမြန်းသူက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟုမေးခွန်းထုတ်သည်။ အဖြေကို တိုက်ရိုက်ပေးမည့်အစား ဓားပြတိုက်ခံရပြီးရိုက်နှက်ကာ သေလုမတတ်ရှိသော ပစ်ထားခံရသည့် ဂျူးတစ်ယောက်အကြောင်း ပုံဥပမာတစ်ခုကို ယေရှုပေးခဲ့သည်။ ထိုလမ်းသို့ ဂျူးနှစ်ယောက်—ဦးဆုံး ယဇ်ပုရောဟိတ်တစ်ယောက်၊ ထိုနောက် လေဝိလူတစ်ယောက်—ရောက်လာသည်။ သူတို့နှစ်ဦးစလုံး ဂျူးအမျိုးသားချင်း၏အဖြစ်ကို တွေ့မြင်သော်လည်း အကူအညီမပေးခဲ့ပါ။ ယင်းနောက် ရှမာရိလူတစ်ယောက် ရောက်လာသည်။ သနားကြင်နာစိတ်ဖြင့် ထိုဂျူး၏ဒဏ်ရာဒဏ်ချက်များကို ဆေးထည့်၊ အဝတ်နှင့်ပတ်စည်းပြီး ဇရပ်တစ်ခုသို့ ပို့ဆောင်ပေးကာ သူ့အားပြုစုပေးခြင်းငှာ ငွေကိုထုတ်ပေးခဲ့သည်။

      ထိုနောက် စုံစမ်းမေးမြန်းသူအား ယေရှုက “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်း” ဟုမေးတော်မူခဲ့သည်။ ကရုဏာရှိသောရှမာရိအမျိုးသားဖြစ်သည်မှာ ရှင်းနေပါသည်။ ကိုယ်နှင့်စပ်ဆိုင်သောသူအပေါ်စစ်မှန်သောချစ်ခြင်းသည် လူမျိုးရေးဆိုင်ရာ ခွဲခြားမှုများထက် မြင့်မားကြောင်း ဤသို့အားဖြင့် ယေရှုတင်ပြခဲ့သည်။—လုကာ ၁၀:၂၉-၃၇။

  • ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်နိုင်
    ကင်းမျှော်စင်—၁၉၉၃ | စက်တင်ဘာ ၁၅
    • ယေရှု၏ ကောင်းမြတ်သောပုံသက်သေ

      ယုဒနှင့် ဂါလိလဲနယ်စပ်ကြား နေထိုင်သော ရှမာရိလူမျိုးကို ပထမရာစုဂျူးများသည် အလွန်အထင်အမြင်သေးကြသည်။ တစ်ချိန်တစ်ခါတွင် ယေရှုအား ရန်ဘက်ပြုလိုသောဂျူးတို့က “သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်း ဖြစ်၏” ဟုနှိမ်၍ပြောဆိုခဲ့သည်။ (ယောဟန် ၈:၄၈) ရှမာရိလူတို့ကို စက်ဆုပ်ရွံရှာစိတ် ပြင်းထန်လွန်းသဖြင့် ဂျူးအချို့သည် တရားဇရပ်၌ ရှမာရိလူတို့ကို လူရှေ့သူရှေ့ ကျိန်ဆဲ၍ ရှမာရိလူတို့အား ထာဝရအသက်မပေးစေခြင်းငှာ နေ့စဉ်ဆုတောင်းကြပါသည်။

      ဓားပြများရိုက်၍ပစ်ထားသော ဂျူးကို ပြုစုပေးခြင်းဖြင့် စပ်ဆိုင်သူအမှန်ဖြစ်ကြောင်း တင်ပြခဲ့သော ရှမာရိလူဥပမာကို ယေရှုပြောပြခဲ့ရခြင်းမှာ ဤအလွန်ပြင်းထန်သောမုန်းတီးစိတ်ကို သိထားတော်မူ၍ဖြစ်မည်။ မောရှေ၏ ပညတ္တိကျမ်းတတ်၊ ဂျူးအမျိုးသားက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟုယေရှုအားမေးခဲ့စဉ်က ကိုယ်တော်မည်သို့ဖြေဆိုနိုင်ခဲ့မည်နည်း။ (လုကာ ၁၀:၂၉) ‘သင်နှင့်စပ်ဆိုင်သောသူတွင် ဂျူးအချင်းချင်းသာမက ရှမာရိတစ်ဦးပင်အပါအဝင် အခြားလူများလည်းပါဝင်သည်’ ဟုယေရှုတိုက်ရိုက်ဖြေဆိုနိုင်ပါသည်။ သို့ရာတွင် ထိုစကားကို ဂျူးများ လက်ခံနာယူရန် ခဲယဉ်းပါလိမ့်မည်။ ယင်းကြောင့် ရှမာရိတစ်ဦး၏ကရုဏာကို ခံစားခဲ့ရသောဂျူးတစ်ယောက်အကြောင်း ကိုယ်တော်ပြောပြခဲ့ပါသည်။ ဤနည်းဖြင့် ဂျူးမဟုတ်သူတို့အားလည်း ကိုယ်နှင့်စပ်ဆိုင်သူကို အမှန်ချစ်ခြင်း၌တိုးချဲ့ဖို့လိုကြောင်း ဂျူးပရိသတ်အား သဘောပေါက်စေတော်မူခဲ့သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ