ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
    • ၁၃ “ဂျေရုဆလင်မြို့ကနေ ယေရိခေါမြို့” သွားတဲ့ လမ်းနဲ့ပတ်သက်ပြီး လူသိများပြီးသား တခြားအချက်တွေလည်း ယေရှု ထည့်ပြောတယ်။ ပုရောဟိတ်တစ်ယောက်၊ အဲဒီနောက် လေဝိအမျိုးသားတစ်ယောက် အဲဒီလမ်းအတိုင်း လာပေမဲ့ ဒဏ်ရာရသူကို မကူညီကြဘူးလို့ ပုံဥပမာမှာ ပြောတယ်။ (လုကာ ၁၀:၃၁၊ ၃၂) ပုရောဟိတ်တွေက ဂျေရုဆလင် ဗိမာန်တော်မှာ အမှုဆောင်ကြပြီး လေဝိအမျိုးသားတွေက ကူညီပေးကြတယ်။ ဗိမာန်တော်မှာ အမှုမဆောင်ချိန်တွေဆိုရင် ဂျေရုဆလင်မြို့နဲ့ ၁၄ မိုင်လောက်ပဲ ဝေးတဲ့ ယေရိခေါမြို့မှာ နေကြတယ်။ ဒါကြောင့် ဒီလမ်းကို ခဏခဏ ဖြတ်ကြတယ်။ “ဂျေရုဆလင်မြို့ကနေ” တက်သွားတယ်လို့ မပြောဘဲ “ဆင်းသွား” တယ်လို့ ပြောတာလည်း သတိပြုပါ။ ဒါကိုလည်း နားထောင်သူတွေ သဘောပေါက်ကြတယ်။ ဂျေရုဆလင်မြို့ဟာ ယေရိခေါမြို့ထက် အထက်ပိုင်း ကျလို့ပဲ။ ဒါကြောင့် “ဂျေရုဆလင်မြို့ကနေ” လာတဲ့ ခရီးသည်ဟာ သေချာပေါက် အဆင်းလမ်း သွားရတယ်။b နားထောင်သူတွေ ဘာသိထားသလဲ ယေရှု ထည့်တွက်တာ ရှင်းနေပါတယ်။

  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
    • b ပုရောဟိတ်နဲ့ လေဝိအမျိုးသား “ဂျေရုဆလင်မြို့ကနေ” လာတယ်လို့ ယေရှု ပြောတဲ့အတွက် ဗိမာန်တော်ကနေ ထွက်လာကြတာ။ ဒါကြောင့် တဒင်္ဂ ညစ်ညူးသွားပြီး ဗိမာန်တော်မှာ အမှုဆောင်လို့ မရတော့မှာ စိုးလို့ သေနေပုံပေါက်တဲ့ ဒီလူကို ရှောင်သွားတာပါဆိုပြီး ဘယ်သူမှ ဆင်ခြေပေးလို့ မရဘူး။—ဝတ်ပြုရာ ၂၁:၁။ တောလည်ရာ ၁၉:၁၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ