-
အာရုံပျံ့လွင့်ခြင်းမရှိဘဲ ယေဟောဝါကို အမှုဆောင်ပါကင်းမျှော်စင်—၂၀၁၅ | အောက်တိုဘာ ၁၅
-
-
“မာရိသည် . . . တရားစကားတော်ကို နားထောင်လျက်နေ၏။ မာသမူကား ဧည့်ဝတ်ပြုရန် အာရုံများနေ[၏]။”—လု. ၁၀:၃၉၊ ၄၀။
-
-
အာရုံပျံ့လွင့်ခြင်းမရှိဘဲ ယေဟောဝါကို အမှုဆောင်ပါကင်းမျှော်စင်—၂၀၁၅ | အောက်တိုဘာ ၁၅
-
-
၂ မာသရဲ့ ကြင်နာရက်ရောမှုနဲ့ အလုပ်ကြိုးစားမှုကြောင့်သာမက အထူးသဖြင့် သူ့ရဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းကြောင့် သူ့ကို ယေရှု ချစ်တယ်။ မာသဟာ ယေရှု သွန်သင်သမျှအားလုံးကို ယုံကြည်တယ်။ ယေရှုဟာ ကတိထားရာမေရှိယဖြစ်တယ်ဆိုတာကိုလည်း မာသ လုံးဝသံသယမရှိဘူး။ (ယော. ၁၁:၂၁-၂၇) ဒါပေမဲ့ မာသဟာ မစုံလင်သူဖြစ်ပြီး ကျွန်တော်တို့လိုပဲ အမှားတွေလုပ်တယ်။ ဥပမာ၊ တစ်ခါက သူတို့ဆီ ယေရှုလာလည်တဲ့အခါ ညီမဖြစ်သူမာရိကို စိတ်ဆိုးပြီး ဆုံးမပေးဖို့ ယေရှုကိုပြောတယ်။ “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်းအား လုပ်ကျွေးမှုတာဝန် ဆောင်ရွက်စေသည်ကို လျစ်လျူရှုတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” လို့ မာသ ပြောတယ်။ (လုကာ ၁၀:၃၈–၄၂ ကိုဖတ်ပါ။) သူ ဘာကြောင့် အဲဒီလိုပြောတာလဲ။ မာသကို ယေရှုပြန်ဖြေတဲ့စကားကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။
-
-
အာရုံပျံ့လွင့်ခြင်းမရှိဘဲ ယေဟောဝါကို အမှုဆောင်ပါကင်းမျှော်စင်—၂၀၁၅ | အောက်တိုဘာ ၁၅
-
-
၄ ဒါပေမဲ့ မာသ အာရုံများနေတယ်။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ဖို့၊ ယေရှု ရောက်နေချိန်အတွင်း အဆင်ပြေဆုံးဖြစ်စေဖို့ သူ အလုပ်များနေတယ်။ မာရိ လာမကူပေးတဲ့အခါ စိတ်ဆိုးပြီး ယေရှုဆီ တိုင်ပြောတယ်။ မာသ အများကြီးပြင်ဆင်နေမှန်း ယေရှုသိတဲ့အတွက် “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြလျက်ရှိ၏” လို့ ကြင်ကြင်နာနာပြောတယ်။ အထွေအထူးမဟုတ်ဘဲ ဟင်းတစ်မျိုးတည်းဆိုရင်တောင် လောက်ပြီလို့ ယေရှုပြောတယ်။ အဲဒီနောက် မာရိ အာရုံစိုက်နားထောင်နေတာကို ချီးမွမ်းခဲ့တယ်။ “မာရိမူကား သာ၍ကောင်းသောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို မည်သူမျှ နုတ်ယူ၍ရမည်မဟုတ်” လို့ ယေရှု ပြောတယ်။ ဒီအထူးအချိန်အခါမှာ ဘာစားခဲ့တယ်ဆိုတာ မာရိ မေ့သွားကောင်းမေ့သွားနိုင်တယ်။ ဒါပေမဲ့ ယေရှုဆီက ကြားခဲ့တာတွေ၊ ယေရှု သူ့ကို ချီးမွမ်းခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးနောက် တမန်တော်ယောဟန်က ‘ယေရှုသည် မာသနှင့် သူ၏ညီမကို ချစ်တော်မူ၏’ လို့ ရေးခဲ့တယ်။ (ယော. ၁၁:၅) ဒီစကားတွေက မာသဟာ ယေရှုရဲ့မေတ္တာပါဆုံးမမှုကို နှလုံးသွင်းပြီး ကျန်အသက်တာတစ်လျှောက် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်ဆိုတာ ဖော်ပြတယ်။
-