ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၇၅
  • ပျော်ရွှင်မှု၏ဇာစ်မြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်မှု၏ဇာစ်မြစ်
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ ရင်းမြစ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဘယ်သူ့တန်ခိုးနဲ့ အံ့ဖွယ်အမှုတွေလုပ်တာလဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဖာရိရှဲများကို ယေရှုအပြစ်တင်ဆုံးမ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အချင်းပွားရသည့်အကြောင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၇၅

အခန်း ၇၅

ပျော်ရွှင်မှု၏ဇာစ်မြစ်

ကိုယ်တော်ဓမ္မအမှုဆောင်စဉ် ဂါလိလဲပြည်တွင်အံ့ဖွယ်ရာများကိုပြုသကဲ့သို့ ယုဒပြည်နယ်တွင်လည်းထပ်တူပြုသည်။ ဥပမာ၊ စကားအ စေသောနတ်ဆိုးကို လူတစ်ဦးအထဲမှနှင်ထုတ်ပေးသည်။ လူအုပ်သည် အံ့သြကြ၏။ သို့သော် ပြစ်တင်သူတို့ကား ဂါလိလဲတွင်ဆိုသည်အတိုင်း “ဤသူသည်နတ်ဆိုးမင်း ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်” ဟုကန့်ကွက်ပြောဆိုကြသည်။ အခြားသူများမူ ယေရှုအားကောင်းကင်မှနိမိတ်တောင်းခြင်းဖြင့် ကိုယ်တော်မည်သူဖြစ်သည်ကိုထပ်မံသက်သေပြရန်စုံစမ်းခဲ့သည်။

သူတို့အဘယ်အရာကိုတွေးနေကြောင်းယေရှုသိသဖြင့် ဂါလိလဲတွင်ဖြေဆိုသကဲ့သို့ ယုဒပြည်ရှိ ပြစ်တင်ဝေဖန်သူများအား ယေရှုထပ်တူဖြေဆိုသည်။ အတွင်း၌စည်းလုံးမှုမဲ့သောနိုင်ငံတိုင်း ပြိုကွဲပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟုကိုယ်တော်သုံးသပ်သည်။ ထိုကြောင့် “စာတန်၏နိုင်ငံတွင်စာတန်ကိုယ်တိုင် စိတ်ဝမ်းကွဲပြားမှုရှိလျှင် အဘယ်သို့ရပ်တည်နိုင်မည်နည်း” ဟုကိုယ်တော်မေးသည်။ သူတို့၏စိုးရိမ်ဖွယ်ရပ်တည်ချက်ကိုထောက်ပြရင်း ကိုယ်တော်က “ငါသည်ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင် အကယ်စင်စစ်သင်တို့၌ ဘုရားသခင်၏နိုင်ငံတော်ရောက်နှင့်လေပြီ” ဟုပြောဆို၏။

လွန်ခဲ့သည့်နှစ်ရာစုများစွာက မောရှေ၏အံ့ဖွယ်အမှုကိုမြင်ခဲ့သူများနည်းတူ ယေရှု၏အံ့ဖွယ်ရာများကိုမြင်သူများတုံ့ပြန်သင့်သည်။ သူတို့က “ဤအမှုသည် ဘုရားသခင်လက်ညှိုးတော်ဖြစ်သည်” ဟုတအံ့တသြဆိုခဲ့သည်။ “ဘုရားသခင့်လက်ညှိုးတော်” သာလျှင်ပညတ်တော်ဆယ်ပါးကို ကျောက်ပြားပေါ်ထွင်းခဲ့သည်။ “ဘုရားသခင့်လက်ညှိုးတော်” တည်းဟူသောကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နတ်ဆိုးများကိုယေရှုနှင်ထုတ်၏။ ရောဂါများကိုပျောက်ကင်းစေ၏။ ထိုကြောင့် နိုင်ငံတော်ဘုရင်အဖြစ်လျာထားခံရသောယေရှုသည် လူတို့အလယ်တွင်ရှိနေရာ ဘုရားသခင်၏နိုင်ငံတော်သည် မမျှော်လင့်ဘဲသူတို့အကြားရှိနေပြီဖြစ်သည်။

ထိုနောက်လက်နက်စုံသောနန်းတော်စောင့်ကို သူ့ထက်အင်အားကြီးသူကအနိုင်ယူသကဲ့သို့ နတ်ဆိုးကိုကိုယ်တော်နှင်ထုတ်နိုင်ခြင်းက စာတန်ကိုကိုယ်တော်အနိုင်ယူခြင်း၏သက်သေဖြစ်ကြောင်းယေရှုရှင်းပြသည်။ လူ့အထဲမှထွက်သောညစ်ညူးသည့်နတ်ဥပမာကိုလည်း ပြန်ပြောပြသည်။ ထိုသူသည်ကောင်းသောအမှုများကိုမဖြည့်ဘဲနေသဖြင့် နတ်ဆိုးသည်အခြားနတ်ဆိုးခုနစ်ယောက်နှင့် ပြန်ဝင်လာရာ ထိုသူ့အခြေအနေသည် ယခင်ကထက်သာ၍ ဆိုးရွားလေသည်။

ဤသြဝါဒကိုနားထောင်နေစဉ် လူအုပ်ထဲမှအမျိုးသမီးတစ်ဦးကအသံကျယ်ဖြင့် “ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏” ဟုကြွေးကြော်သည်။ ပရောဖက်တစ်ပါးပါး အထူးသဖြင့်မေရှိယသခင်၏မိခင်ဖြစ်ရန် ဂျူးအမျိုးသမီးတိုင်းဆန္ဒရှိကြရာ ဤအမျိုးသမီး၏ပြောဆိုချက်ကိုသဘောပေါက်နိုင်ပါသည်။ ယေရှုမိခင်ဖြစ်ရသော မာရိသည်အထူးဝမ်းမြောက်မည်ဟု သူမ ယူမှတ်ကြောင်းထင်ရှားသည်။

သို့ရာတွင် ပျော်ရွှင်မှုအစစ်အမှန်၏ဇာစ်မြစ်ကိုသိရှိရန် ယေရှုကထိုသို့မဟုတ်ကြောင်း “ဘုရားသခင့်တရားတော်ကိုကြားနာစောင့်ရှောက်သူတို့၌ သာ၍မင်္ဂလာရှိသည်” ဟုချက်ချင်းမိန့်ဆိုသည်။ မိခင်ဖြစ်သူမာရိအား အထူးဂုဏ်ပြုသင့်သည်ဟု ယေရှုတစ်ခါမျှမဖေါ်ပြပါ။ ထိုသို့ဖြစ်မည့်အစား ဘုရားသခင့်သစ္စာရှိကျေးကျွန်ဖြစ်ခြင်းမှ စစ်မှန်သောပျော်ရွှင်မှုရနိုင်ကြောင်း၊ သံယောဇဉ် သို့မဟုတ် အောင်မြင်မှုများပေါ်မမူတည်ကြောင်း ကိုယ်တော်တင်ပြသည်။

ဂါလိလဲတွင်ပြုတော်မူသည့်နည်းတူ ကောင်းကင်မှနိမိတ်တောင်းဆိုသူတို့ကို ယေရှုရှုတ်ချပြစ်တင်သည်။ ယောန၏နိမိတ်လက္ခဏာမှတစ်ပါး အဘယ်နိမိတ်ကိုမျှပေးမည်မဟုတ်ကြောင်းမိန့်ဆိုသည်။ ငါးဗိုက်ထဲသုံးရက်ရောက်ခဲ့ရုံမျှမက နိနေဝေမြို့သားများနောင်တယူသည်အထိဖြစ်စေခဲ့သော သူ၏ရဲရင့်စွာဟောပြောခြင်းကြောင့် ယောနသည်နိမိတ်လက္ခဏာဖြစ်ခဲ့သည်။ “ဤအရပ်၌ကား၊ ယောနထက်သာ၍ကြီးမြတ်သောသူရှိ၏။” ထိုနည်းထပ်တူ ရှေဘပြည်မိဖုရားသည် ရှောလမုန်၏ဉာဏ်ပညာကိုချီးမွမ်းခဲ့သည်။ သို့သော်ယေရှုက “ဤအရပ်၌ကား ရှောလမုန်ထက်သာ၍ကြီးမြတ်သောသူရှိ၏” ဟုမိန့်ဆိုသည်။

ဆီမီးထွန်း၍ ကွယ်ရာ သို့မဟုတ် တောင်းအောက်ထားလေ့မရှိဘဲ အလင်းရစေရန် ဆီမီးခုံပေါ်တင်ထားတတ်ကြောင်းယေရှုရှင်းပြသည်။ ဤခေါင်းမာသူများရှေ့ ဆုံးမသြဝါဒပေးခြင်း၊ အံ့ဖွယ်ရာများပြုခြင်းသည် ဆီမီးကိုဝှက်ထားခြင်းနှင့်တူဟန်ရှိကြောင်း ယေရှုဆိုလိုနေခြင်းဖြစ်မည်။ ဤမျက်မြင်သက်သေများ၏မျက်စိသည် မရိုးရှင်း၍သော်လည်းကောင်း၊ စူးစိုက်သင့်ရာကိုမစူးစိုက်ဘဲနေခြင်းကြောင့်သော်လည်းကောင်း၊ အံ့ဖွယ်ရာများပြုခြင်း၏ရည်ရွယ်ချက်မဖြစ်မြောက်ခဲ့ပေ။

နတ်ဆိုးကိုယေရှုနှင်ထုတ်၍ စကားအ သူတစ်ဦးအားစကားပြောဆိုစေသည်မှာ ဘာမျှမကြာသေးပါ။ ယင်းကြောင့် ဤအံ့သြဖွယ်ရာကိုချီးမွမ်းပြီး သတင်းကောင်းကြေညာရန် ရိုးရှင်းသောမျက်စိရှိသူ သို့မဟုတ် တည့်မတ်မှန်ကန်စွာချိန်ထားသည့်မျက်စိရှိသူတို့အားလှုံ့ဆော်သင့်သည်။ သို့တိုင် ဤသူများထိုသို့မပြုကြ။ ထိုကြောင့်ယေရှုက “သင်တို့တွင်ရှိသည့်အလင်းသည် အမှောင်မဖြစ်စေရန်သတိပြုကြလော့။ အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်ကွက်လုံးဝမရှိဘဲ လင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့် သင့်အပေါ်ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ်ခန္ဓာတစ်ခုလုံးသည်လင်း၍နေလိမ့်မည်” ဟုမိန့်ဆိုသည်။ လုကာ ၁၁:၁၄-၃၆။ ထွက်မြောက်ရာ ၈:၁၈၊ ၁၉၊ ၃၁:၁၈။ မဿဲ ၁၂:၂၂၊ ၂၈။

▪ ယေရှုရောဂါကုသပေးခြင်းကို လူများမည်သို့တုံ့ပြန်ကြသနည်း။

▪ ဘုရားသခင့် “လက်ညှိုးတော်” ကားအဘယ်နည်း။ ယေရှု၏တရားစကားကို ကြားနာသူများအကြား မမျှော်လင့်ဘဲလျက် ဘုရားသခင့်နိုင်ငံတော် မည်သို့ရောက်နှင့်သနည်း။

▪ စစ်မှန်သောပျော်ရွှင်မှု၏ အရင်းခံအကြောင်းကား အဘယ်နည်း။

▪ ရိုးရှင်းသောမျက်လုံး မည်သို့ရနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ