ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၇၇ စာ. ၁၈၀-စာ. ၁၈၁ ပိုဒ်. ၁
  • စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး သွန်သင်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး သွန်သင်ပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမွေဥစ္စာပြဿနာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အကျော်ကြားဆုံးဒေသနာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသောသူ’ လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၇၇ စာ. ၁၈၀-စာ. ၁၈၁ ပိုဒ်. ၁
သူဌေးတစ်ယောက်က သူသိုလှောင်ထားတဲ့အရာတွေအကြောင်း တွေးပြီး ပျော်နေ

အခန်း ၇၇

စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး သွန်သင်ပေး

လုကာ ၁၂:၁-၃၄

  • သူဌေးပုံဥပမာ

  • ကျီးအတွေနဲ့ တောနှင်းပန်းတွေ

  • နိုင်ငံတော်ဝင်ခွင့်ရမယ့် “သိုးစုငယ်”

ဖာရိရှဲအိမ်မှာ ယေရှု စားသောက်နေတုန်း ထောင်နဲ့ချီတဲ့လူတွေ အိမ်ပြင်မှာ စုရုံးလာကြတယ်။ ဂါလိလဲနယ်မှာတုန်းကလည်း အဲဒီလို ကြုံဖူးတယ်။ (မာကု ၁:၃၃။ ၂:၂။ ၃:၉) ယုဒနယ်သား အများစုဟာ ယေရှုနဲ့အတူ စားသောက်နေတဲ့ ဖာရိရှဲတွေလို မဟုတ်ဘူး။ ယေရှုကို တွေ့ချင်ကြတယ်၊ သွန်သင်ချက်တွေကို ကြားနာချင်ကြတယ်။

“အရေခြုံဟန်ဆောင်မှုဆိုတဲ့ ဖာရိရှဲတို့ရဲ့ တဆေးကို သတိထားကြ” ဆိုပြီး ယေရှု အရင်ဆုံးပြောလိုက်တဲ့ စကားတွေဟာ တပည့်တွေအတွက် လေးနက်တဲ့အဓိပ္ပာယ်ရှိတယ်။ အရင်တုန်းကလည်း ဒီလိုသတိပေးဖူးပေမဲ့ အစာစားချိန်မှာ သူတွေ့တဲ့အရာတွေက ဒီသတိပေးချက် ဘယ်လောက်အရေးကြီးမှန်း ဖော်ပြနေတယ်။ (လုကာ ၁၂:၁။ မာကု ၈:၁၅) ဖာရိရှဲတွေဟာ သူတို့ရဲ့ ဆိုးညစ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဘုရားတရား ကိုင်းရှိုင်းချင် ယောင်ဆောင်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ အန္တရာယ်ကောင်တွေဖြစ်ကြောင်း ဖော်ထုတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် ယေရှုက “အသေအချာ လျှို့ဝှက်ထားသမျှ ဖော်ထုတ်ခံရလိမ့်မယ်။ ဖုံးကွယ်ထားသမျှ သိလာရလိမ့်မယ်” လို့ ပြောတယ်။—လုကာ ၁၂:၂။

လူအုပ်ထဲက အများစုဟာ ယုဒနယ်သားတွေ ဖြစ်နိုင်ပြီး ဂါလိလဲနယ်မှာ သူသွန်သင်ခဲ့တာတွေကို မကြားဖူးကြဘူး။ ဒါကြောင့် အစောပိုင်းမှာပြောခဲ့တဲ့ အဓိကအချက်တွေကို ထပ်ပြောပြတယ်။ “ကိုယ်ခန္ဓာကို သတ်ရုံကလွဲလို့ ဘာမှ မလုပ်နိုင်တဲ့ လူတွေကို မကြောက်ပါနဲ့” လို့ နားထောင်နေသူတွေကို တိုက်တွန်းတယ်။ (လုကာ ၁၂:၄) ယေရှု အရင်က ပြောခဲ့သလိုပဲ၊ နောက်လိုက်တွေအနေနဲ့ သူတို့ကို ဘုရားသခင် ဂရုစိုက်စောင့်ရှောက်မှန်း ယုံကြည်စိတ်ချဖို့ လိုတယ်။ လူသားကို အသိအမှတ်ပြုဖို့ လိုပြီး သူတို့ကို ဘုရားသခင် ကူညီပေးနိုင်တယ်ဆိုတာကိုလည်း နားလည်ဖို့ လိုတယ်။—မဿဲ ၁၀:၁၉၊ ၂၀၊ ၂၆-၃၃။ ၁၂:၃၁၊ ၃၂။

ဒီအခါ လူအုပ်ထဲက တစ်ယောက်က “ဆရာ၊ ကျွန်တော့်ကို အမွေခွဲပေးဖို့ ကျွန်တော့်အစ်ကိုကို ပြောပေးပါ” လို့တောင်းဆိုတယ်။ (လုကာ ၁၂:၁၃) ပညတ်တရားအရ သားဦးဟာ အမွေနှစ်ဆ ရပိုင်ခွင့်ရှိတဲ့အတွက် အငြင်းပွားစရာအကြောင်း မရှိဘူး။ (တရားဟောရာ ၂၁:၁၇) ဒါပေမဲ့ အဲဒီလူက တရားဝင်ရပိုင်ခွင့်ထက် ပိုလိုချင်နေတာဖြစ်မယ်။ ဒီကိစ္စကို ယေရှု ဝင်မစွက်ဘူး။ “ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ တရားသူကြီးအဖြစ်၊ ဆုံးဖြတ်ပေးသူအဖြစ် ဘယ်သူ ခန့်လို့လဲ” ဆိုပြီး ပညာရှိရှိ ပြန်ပြောလိုက်တယ်။—လုကာ ၁၂:၁၄။

ဒီနောက် ယေရှုက လူအားလုံးကို အခုလို သတိပေးတယ်– “ခင်ဗျားတို့ မျက်စိရှင်ရှင် ထားပြီး လောဘကြီးခြင်း အမျိုးမျိုးကို သတိနဲ့ရှောင်ကြပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။” (လုကာ ၁၂:၁၅) လူတစ်ယောက်ဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ကြွယ်ဝပါစေ တစ်ချိန်ချိန်မှာ သေရမှာပဲ မဟုတ်လား၊ ပိုင်ဆိုင်သမျှကို ထားခဲ့ရမှာပဲ မဟုတ်လား။ ဒီအချက်ကို အလေးပေးချင်တဲ့အပြင် ဘုရားသခင်ရှေ့ နာမည်ကောင်းရှိခြင်းရဲ့ တန်ဖိုးအကြောင်း သိစေချင်လို့ မှတ်သားစရာ ပုံဥပမာတစ်ခုကို ယေရှုပြောတယ်။

“သူဌေးတစ်ယောက်ရဲ့ လယ်က သီးနှံ အထွက်တိုးတဲ့အတွက်၊ သူက ‘သီးနှံတွေကို ထားစရာနေရာ မရှိတော့ဘူး။ ငါဘာလုပ်ရင် ကောင်းမလဲ’ လို့ စဉ်းစားပြီးတဲ့နောက်မှာ၊ ‘ကောင်းပြီ၊ ဒီလိုလုပ်မယ်။ ငါ့ရဲ့ကျီတွေကို ဖျက်ပြီး ပိုကြီးတဲ့ ကျီတွေကို ဆောက်မယ်။ အဲဒီမှာ ငါ့ရဲ့ကောက်နှံရှိသမျှ၊ ဥစ္စာရှိသမျှ သိမ်းထားမယ်။ ပြီးတော့ “ငါက နှစ်ပေါင်းများစွာအတွက် ဥစ္စာအများကြီး စုဆောင်းထားပြီဆိုတော့ အေးအေးဆေးဆေး စားသောက်ပြီး ဇိမ်နဲ့ပဲ နေတော့မယ်”’ လို့ပြောတယ်။ ဒါပေမဲ့ ဘုရားသခင်က ‘ဆင်ခြင်ဉာဏ်မဲ့သူ၊ ဒီညမှာပဲ မင်းရဲ့အသက်ကို ရုပ်သိမ်းလိမ့်မယ်။ ဒါဆိုရင် မင်း စုဆောင်းထားသမျှကို ဘယ်သူရမှာလဲ’ လို့ အဲဒီသူဌေးကို ပြောတယ်။ အလားတူပဲ၊ ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းထားပေမဲ့ ဘုရားသခင်ရှေ့မှာ ဆင်းရဲတဲ့သူဟာ အဲဒီသူဌေးနဲ့ တူတယ်။”—လုကာ ၁၂:၁၆-၂၁။

တပည့်တွေနဲ့ တခြားသူတွေဟာ စည်းစိမ်ဥစ္စာရှာဖွေခြင်း ထောင်ချောက်ထဲ မိသွားနိုင်တယ်။ ဘဝရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ယေဟောဝါဘုရားရဲ့ အမှုတော်ဆောင်ခြင်းကနေ အာရုံလွဲသွားနိုင်တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က တောင်ပေါ်ဒေသနာမှာ ဟောခဲ့တဲ့ ဆုံးမစကားကို ယေရှု ထပ်ပြောပြတယ်။

“အသက်ရှင်ရေးအတွက် ဘာစားရမလဲ၊ ဘာသောက်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ ကိုယ်ခန္ဓာအတွက် ဘာဝတ်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ . . . ငှက်တွေကို အာရုံစိုက်ကြည့်လိုက်ပါ။ သူတို့က မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲ စုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။ . . . တောနှင်းပန်းတွေ ရှင်သန်နေပုံကို ကြည့်ပြီး သင်ခန်းစာယူပါ။ နှင်းပန်းတွေက ပင်ပင်ပန်းပန်းမလုပ်ဘူး။ ချည်လည်း မငင်ဘူး။ ကျွန်တော်ပြောမယ်။ ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပဖြစ်အောင် မဆင်မြန်းနိုင်ဘူး။ . . . ဒါကြောင့် ‘ဘာစားရမလဲ။’ ‘ဘာသောက်ရမလဲ။’ ‘ဘာဝတ်ရမလဲ’ ဆိုပြီး ဘယ်တော့မှ မစိုးရိမ်ကြပါနဲ့။ . . . ဒါတွေအားလုံး ခင်ဗျားတို့ လိုအပ်မှန်း ကောင်းကင်အဖ သိပြီးသားပဲ။ ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။”—လုကာ ၁၂:၂၂-၃၁။ မဿဲ ၆:၂၅-၃၃။

ဘုရားသခင့်နိုင်ငံတော်ကို ဘယ်သူတွေ ဦးစားထားမှာလဲ။ “သိုးစုငယ်” ဖြစ်တဲ့ သစ္စာရှိလူနည်းစုဆိုပြီး ယေရှုပြောတယ်။ သူတို့ရဲ့အရေအတွက်ဟာ ၁၄၄,၀၀၀ လို့ နောက်ပိုင်းမှာ ဖော်ပြတယ်။ သူတို့မှာ ဘာမျှော်လင့်ချက်ရှိသလဲ။ “အဖဘုရားက ခင်ဗျားတို့ကို နိုင်ငံတော်ပေးဖို့ ဆုံးဖြတ်ပြီးပြီ” လို့ ယေရှုအာမခံတယ်။ သူတို့က သူခိုး,ခိုးနိုင်တဲ့ မြေကြီးဘဏ္ဍာ စုဆောင်းဖို့ အာရုံစိုက်မှာ မဟုတ်ဘူး။ ‘မပျက်စီးနိုင်တဲ့ ဘဏ္ဍာ’ ရှိတဲ့နေရာ ကောင်းကင်ကိုပဲ စိတ်ရောက်နေပြီး အဲဒီမှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ကြပါလိမ့်မယ်။—လုကာ ၁၂:၃၂-၃၄။

  • အမွေခွဲပေးဖို့ ပြောတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်သလဲ။

  • ယေရှုပြောတဲ့ ပုံဥပမာကို ကျွန်တော်တို့ ဘာကြောင့် အထူးဂရုပြုသင့်သလဲ။

  • မိမိနဲ့အတူ နိုင်ငံတော်ဝင်ခွင့်ရမယ့် သူတွေနဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို ယေရှု ဖော်ပြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ