ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၀/၁ စာ. ၃၂
  • သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၀/၁ စာ. ၃၂

သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော

ယေရှုခရစ်ပြောခဲ့သော စဉ်းစားမှုကိုလှုံ့ဆော်ပေးသည့် ပုံဥပမာများစွာတွင် မြေပိုင်ရှင်သူကြွယ်တစ်ဦးအကြောင်းပါရှိသည်။ မြေပိုင်ရှင်သည် အနာဂတ်ကောင်းစားလုံခြုံရေးအတွက် စီမံရာတွင် သိုလှောင်ရုံများဆောက်ရန် အစီအစဉ်ဆွဲခဲ့သည်။ သို့တိုင် ယေရှု၏ပုံဥပမာတွင် ထိုသူအား “အချင်းလူမိုက်” ဟုခေါ်ထားသည်။ (လုကာ ၁၂:၁၆-၂၁) အဘယ့်ကြောင့် ဤမျှပြင်းထန်စွာ ကောက်ချက်ချရသနည်း။

ဤသူကြွယ်သည် မိမိအနာဂတ်ရေးကိုစီမံရာတွင် ဘုရားသခင်အား ထည့်သွင်းစဉ်းစားခြင်းမပြု၊ သူ့လယ်ယာ သီးထွက်ဖြစ်ထွန်းမှုအတွက် ဘုရားသခင်အား စိုးစဉ်းမျှဂုဏ်တင်ခြင်းမရှိသောကြောင့် ဖြစ်ပုံရသည်။ (မဿဲ ၅:၄၅) သို့ပြုမည့်အစား “အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိ၏။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ ခြင်းကိုပြုလော့” ဟုသူကြွားလုံးထုတ်ခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုရလဒ်များက “မြင့်သောမြို့ရိုး” ကဲ့သို့ဖြစ်မည်ဟု သူစိတ်ကူးယဉ်နေသည်။—သု. ၁၈:၁၁။

အဆိုပါဘဝင်မြင့်စိတ်မျိုးကို တပည့်ဖြစ်သူယာကုပ်က ဤသို့သတိပေးရေးသားခဲ့၏– “‘ယနေ့ နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့’ ဟုဆိုတတ်သောသူတို့ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်သောအခိုးအငွေ့ ဖြစ်၏။”—ယာကုပ် ၄:၁၃၊ ၁၄။

ဤအတိုင်းပင် ယေရှုပုံဥပမာမှသူကြွယ်ကို ဤသို့ဆိုခဲ့သည်– “အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း။” ပျောက်ကွယ်သွားသော အခိုးအငွေ့ကဲ့သို့ပင် သူကြွယ်ကြီးသည် သူ၏စိတ်ကူးအိပ်မက်ကို အကောင်အထည်မဖော်မီ သေဆုံးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် သင်ခန်းစာရှာတွေ့ပါသလော။ ယေရှု ဤသို့မိန့်ဆိုခဲ့၏– “ထို့အတူ ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား ထိုသူဌေးနှင့်တူသည်ဟုမိန့်တော်မူ၏။” သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ