ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၇/၁ စာ. ၃၂
  • မညှိုးနွမ်း သော အလှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မညှိုးနွမ်း သော အလှ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၇/၁ စာ. ၃၂

မညှိုးနွမ်း သော အလှ

“အလှသည် ကွယ်ပျောက်သွားတတ်သည်၊ အလှသည် လွန်သွားတတ်သည်” ဟုကဗျာဆရာ ဝေါလ်တာ ဒီ လာ မာရ်ကဆိုသည်။ ယင်းသည် ဤတွင်ဖော်ပြထားသော ထူးခြားသည့် ရှားစောင်းပန်းများအတွက် မှန်လှပေသည်။ သူတို့၏ဘုန်းသည် လျင်မြန်စွာပင် ညှိုးနွမ်းသွားသည်။

ခရစ်ယာန်တပည့်တော် ယာကုပ်က ဤသို့ရေးသားခဲ့သည် - “သူ [ငွေရတတ်သူ] သည်မြက်ပွင့်ကဲ့သို့ ဖောက်ပြန်ခြင်းသဘောရှိ၏။ နေသည် ပူသောအရှိန်နှင့် ထွက်သောအခါ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်းကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ်၏။”—ယာကုပ် ၁:၁၀၊ ၁၁။

ဤမရေရာသောလောကတွင် စည်းစိမ်သည် ညတွင်းချင်း ပျောက်လွင့်သွားတတ်၏။ ထို့ပြင်၊ သူဌေးသည် အခြားသူများကဲ့သို့ပင် ‘အသက်တို၍ ပန်းပွင့်ကဲ့သို့’ ဖြစ်၏။ (ယောဘ ၁၄:၁၊ ၂) ယေရှုက သက်သောင့်သက်သာနေနိုင်ရန် စည်းစိမ်စုဆောင်းခြင်းနှင့် အလုပ်ရှုပ်နေသော လူတစ်ယောက်၏ပုံဥပမာကို ပြောပြခဲ့သည်။ သို့သော် အေးဆေးစွာနေနိုင်သော ဘဝအတွက် လိုအပ်သောအရာ အားလုံးရပြီဟု သူယူဆသောအခါ သူသေဆုံးခဲ့သည်။ ယေရှုက– “ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာများကို ဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား ထိုသူဌေးနှင့်တူသည်” ဟု သတိပေးခဲ့သည်။—လုကာ ၁၂:၁၆-၂၁။

“ဘုရားသခင်ရှေ့ဆင်းရဲ” ခြင်းမရှိသောသူ။ ယေရှုက ဘာကိုဆိုလိုသနည်း။ ယင်းသို့သောချမ်းသာသူသည် “ကောင်းကင်ဘုံ၌ ဘဏ္ဍာ” ဆည်းပူးသူဖြစ်ကာ ဘုရားသခင်နှင့် နာမည်ကောင်းရရှိထားသည်။ ထိုသို့သောဘဏ္ဍာသည် ဘယ်တော့မျှ ညှိုးနွမ်းစရာမလိုချေ။ (မဿဲ ၆:၂၀။ ဟေဗြဲ ၆:၁၀) ညှိုးနွမ်းသောပန်းသဖွယ် ဖြစ်မည့်အစား ထိုသို့သောသူသည် သမ္မာကျမ်းစာတွင် အရွက်အလက် မညှိုးနွမ်းသော သစ်ပင်တစ်ပင်နှင့်တူကြောင်း နှိုင်းယှဉ်ထားသည်။ “သူပြုလေသမျှတို့၌ အောင်လိမ့်သတည်း” ဟုကျွန်ုပ်တို့အား စိတ်ချစေသည်။—ဆာလံ ၁:၁-၃၊ ၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ