ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၇၈
  • အသင့်ပြင်ထားကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင့်ပြင်ထားကြ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကြိုးစားအားထုတ်ဖို့သင်ပေးတဲ့ တဲလင့်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၇၈

အခန်း ၇၈

အသင့်ပြင်ထားကြ

လူပရိသတ်အား လောဘလွန်ကျူးခြင်းအကြောင်းသတိပေး၍ တပည့်တော်တို့အား ရုပ်ဝတ္တုပစ္စည်းများကိုအလွန်အမင်းအရေးပေးခြင်းအကြောင်း သတိပေးပြီးနောက် ယေရှုက “သိုးစုငယ်၊ သင်တို့သည်မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အားနိုင်ငံကိုပေးခြင်းငှာအလိုရှိတော်မူ၏” ဟုအားပေးတော်မူ၏။ သို့ဖြင့် နှိုင်းယှဉ်လိုက်လျှင် အရေအတွက်အနည်းငယ်မျှ (နောက်ပိုင်းတွင် ၁၄၄၀၀၀ ဖြစ်ကြောင်းရှင်းလင်းစွာသိမြင်လာ) သာလျှင် ကောင်းကင်နိုင်ငံတော်ရောက်ရှိမည်အကြောင်းဖော်ပြသည်။ ထာဝရအသက်ရမည့်သူအများစုမှာ နိုင်ငံတော်၏မြေကြီးဆိုင်ရာလက်အောက်ခံများဖြစ်ကြမည်။

ဘုရား “နိုင်ငံတော်” ကားအံ့ဖွယ်ဆုကျေးဇူးပါတကား။ ယင်းကိုရရှိခြင်းအတွက် တပည့်တော်များမည်သို့တုံ့ပြန်သင့်ကြောင်းဖော်ပြရာတွင် ယေရှုက “သင်တို့ဥစ္စာများကိုရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့” ဟူ၍ သူတို့အားနှိုးဆော်တော်မူ၏။ မှန်ပေ၏။ သူတို့ပိုင်သည့်ဥစ္စာစည်းစိမ်များကို သူတစ်ပါးဝိညာဉ်ရေးအကျိုးအတွက်အသုံးပြုခြင်းအားဖြင့် “ကောင်းကင်ဘုံ၌ မကုန်မခန်းနိုင်သောဘဏ္ဍာကို” ဆည်းပူးအပ်ပေသည်။

၄င်းနောက် မိမိပြန်ကြွလာခြင်းအတွက်အသင့်ပြင်ဆင်ထားကြရန် တပည့်တော်တို့အားဤသို့သြဝါဒပေး၏။ “သင်တို့သည် ခါးပန်းစည်းလျက် ဆီမီးထွန်းလျက်နေသဖြင့်၊ သခင်သည်မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကို မျှော်လင့်၍နေသောကျွန်ကဲ့သို့ရှိနေကြလော့။ အကြင်ကျွန်တို့သည်စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကိုစားပွဲ၌လျောင်းစေပြီးမှ ကိုယ်တိုင်လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။”

ဤဥပမာတွင် ကျွန်များသည် သခင်ပြန်လာချိန်၌အသင့်ရှိကြောင်းကို သူတို့၏ဝတ်ရုံရှည်ကို မတင်၍ခါးပန်း၌မြဲမြဲစည်းထားခြင်း၊ ဆီအပြည့်ဖြည့်ထားသောမီးခွက်အလင်းအောက်တွင် သန်းခေါင်တိုင်အောင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းအားဖြင့်တင်ပြကြသည်။ ယေရှုဤသို့ရှင်းပြ၏။ “နှစ်ချက်တီးအချိန် [ညကိုးနာရီခန့်မှသန်းခေါင်ချိန်အထိ] ဖြစ်စေ၊ သုံးချက်တီးအချိန် [သန်းခေါင်မှနံနက်သုံးနာရီခန့်အထိ] ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။”

သခင်သည် ကျွန်တို့အားထူးခြားစွာဆုချတော်မူ၏။ သူတို့အားစားပွဲ၌လျောင်းစေပြီး ကိုယ်တိုင်လုပ်ကျွေးလေ၏။ သူတို့အားကျွန်အဖြစ်မဟုတ်ဘဲ သစ္စာစောင့်သိသောမိတ်ဆွေအဖြစ်သဘောထားဆက်ဆံ၏။ သခင်အလာကိုစောင့်မျှော်ရင်းနှင့် တစ်ညလုံးသခင်အဖို့မနားမနေဆက်၍အလုပ်လုပ်ဆောင်ပေးခြင်းအတွက် ရရှိသောကောင်းမြတ်လှသည့်ဆုကျေးဇူးပါတကား။ ထိုကြောင့် “သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်၌ လူသားကြွလာလိမ့်မည်” ဟူ၍ယေရှုနိဂုံးချုပ်၏။

ဤတွင်ပေတရုက “သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာမိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလော” ဟုမေးလျှောက်လေ၏။

ယေရှုကတိုက်ရိုက်မဖြေဘဲ အခြားဥပမာတစ်ခုပေးတော်မူ၏။ “လုပ်သားတို့အပေါ်တွင် ထိုက်သင့်ရာအခ၊ စားနပ်ရိက္ခာကိုဝေပေးရန် အရှင်ခန့်ထား၍ သစ္စာနှင့်သတိပညာရှိသောဘဏ္ဍာစိုးကားမည်သူနည်း။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကိုအရှင်သည်ပြန်လာ၍တွေ့၏၊ ထိုကျွန်သည် ဝမ်းမြောက်ခြင်းရှိ၏။ အရှင်သည် ပိုင်ဆိုင်သမျှအပေါ်တွင် ထိုကျွန်ကိုခန့်ထားမည်ဟု ငါအမှန်ဆို၏။”

“အရှင်” ကား ယေရှုခရစ်ဖြစ်သည်မှာသိသာလှသည်။ “ဘဏ္ဍာစိုး” ကား အဖွဲ့အစည်းတစ်ရပ်အနေနှင့် “သိုးစုငယ်” ဖြစ်သော တပည့်တော်များကိုပုံဆောင်ပြီး၊ “လုပ်သားတို့” ကားကောင်းကင်နိုင်ငံတော်ကိုရရှိသည့် ၁၄၄၀၀၀ အုပ်စုကိုပင်ရည်ညွှန်းသော်လည်း တစ်ဦးချင်းထမ်းဆောင်ရသည့်လုပ်ငန်းတာဝန်ကိုအထူးပြုသည်။ သစ္စာရှိဘဏ္ဍာစိုး တာဝန်ယူစောင့်ရှောက်ရသော “ပိုင်ထိုက်သမျှ” ကားအရှင်သခင်၏မြေကြီးပေါ်ရှိ တော်ဝင်အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏မြေကြီးဆိုင်ရာလက်အောက်ခံများလည်းအကြုံးဝင်သည်။

ဥပမာကိုဆက်၍မိန့်ကြားရာတွင် ထိုဘဏ္ဍာစိုး သို့မဟုတ် ကျွန်အတန်းအစားမှ အဖွဲ့ဝင်အားလုံး ကျေးဇူးသစ္စာစောင့်သိမည်မဟုတ်ကြောင်း ဤသို့ရှင်းပြတော်မူ၏။ “အကယ်၍ ထိုကျွန်က ငါ့အရှင်ကြန့်ကြာသည်ဟု အောက်မေ့လျက်၊ ကျွန်ချင်းယောက်ျား၊ မိန်းမတို့ကို ရိုက်ပုတ်၍သောက်စားမူးယစ်ရှိနေလျှင် ထိုကျွန် မမျှော်သောနေ့ . . . တွင်အရှင်ရောက်လာပြီးနောက် ပြင်းစွာရိုက်နှက်ဒဏ်ခတ်” လိမ့်မည်။

ယေရှုက မိမိ၏ကြွရောက်လာခြင်းသည် ဂျူးများအဖို့ မီးကဲ့သို့ပူပြင်းသောအချိန်ကာလဆိုက်ရောက်စေကြောင်း ဆက်၍ရှင်းပြတော်မူ၏။ အဘယ်ကြောင့်ဆိုသော် မိမိဆုံးမသြဝါဒကို အချို့ကလက်ခံ၍ အချို့ကငြင်းပယ်သောကြောင့်ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်ကျော်က ကိုယ်တော်နှစ်ခြင်းခံခဲ့၏။ သို့သော်ယခုတွင် ကိုယ်တော်၏သေခြင်း၌နှစ်ခြင်းခံခြင်းသည် အဆုံးတိုင်ရန်နီးကပ်လာလေသည်။ ကိုယ်တော်မိန့်တော်မူသကဲ့သို့ ထို “ဗတ္တိဇံမင်္ဂလာမပြီးစီးမီ အလွန်ကျဉ်းကျပ်လေစွ။”

တပည့်တော်များအား ဤသို့ပြညွှန်ပြီးနောက် လူထုအားတစ်ဖန်မိန့်မြွက်ပြန်၏။ မိမိမည်သူမည်ဝါဖြစ်ကြောင်း၊ ယင်း၏ပေါ်လွင်ထင်ရှားသည့်သက်သေသာဓကများရှိပါလျက် ခေါင်းမာစွာငြင်းပယ်ခြင်းအတွက် ကိုယ်တော်ဝမ်းနည်းတော်မူ၏။ “သင်တို့သည် အနောက်မျက်နှာ၌မိုးရိပ်တက်သည်ကိုမြင်သောအခါ မိုးရွာမည်ဟုချက်ချင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။ တောင်လေလာသည်ကိုမြင်သောအခါ နေပူမည်ဟုဆိုတတ်၏။ ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့်မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။ လုကာ ၁၂:၃၂-၅၉။

▪ “သိုးစုငယ်” တွင်မည်မျှပါဝင်သနည်း။ သူတို့ အဘယ်အရာရရှိသနည်း။

▪ မိမိကျေးကျွန်များ အသင့်ရှိရန်လိုကြောင်း ယေရှုအလေးအနက်မည်သို့တင်ပြတော်မူသနည်း။

▪ ယရှု၏ဥပမာ၌ “အရှင်” “ဘဏ္ဍာစိုး” “လုပ်သားတို့” နှင့် “ပိုင်ထိုက်သမျှ” တို့အသီးသီးကား မည်သူများဖြစ်ကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ