ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၇၉ စာ. ၁၈၄-စာ. ၁၈၅ ပိုဒ်. ၂
  • မယုံကြည်တဲ့ဂျူးတွေ ဘာကြောင့်ဖျက်ဆီးခံရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မယုံကြည်တဲ့ဂျူးတွေ ဘာကြောင့်ဖျက်ဆီးခံရမလဲ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူမျိုးတစ်ရပ် ဆုံးရှုံးသော်လည်း လူအားလုံးမဟုတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူတိုင်း မိမိသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဥပုသ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • လူနာတွေကို ယေရှုကုသပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၇၉ စာ. ၁၈၄-စာ. ၁၈၅ ပိုဒ်. ၂
ဥပုသ်နေ့မှာ အမျိုးသမီးတစ်ယောက်ကို ယေရှုကုသပေး၊ တရားဇရပ်မှူး က ဒေါသထွက်

အခန်း ၇၉

မယုံကြည်တဲ့ ဂျူးတွေ ဘာကြောင့် ဖျက်ဆီးခံရမလဲ

လုကာ ၁၃:၁-၂၁

  • အဖြစ်ဆိုးနှစ်ခုကနေ ယေရှု သင်ခန်းစာပေး

  • မကျန်းမာတဲ့ အမျိုးသမီးကို ဥပုသ်နေ့မှာ ကုသပေး

ယေရှုက လူတွေကို ဘုရားနဲ့ သူတို့ရဲ့ ဆက်ဆံရေးအကြောင်း စဉ်းစားလာစေဖို့ နည်းမျိုးစုံသုံးပြီး အားပေးခဲ့တယ်။ ဖာရိရှဲရဲ့အိမ် အပြင်ဘက်မှာ လူတွေကို သွန်သင်ပေးပြီးနောက် အဲဒီလိုလုပ်ဖို့ အခွင့်အရေး နောက်တစ်ကြိမ် ပေါ်လာတယ်။

လူတချို့က “ပူဇော်သက္ကာဆက်သနေတဲ့ ဂါလိလဲလူတချို့ကို [ရောမဘုရင်ခံ ပုန္တိ] ပိလတ်မင်း သတ်လိုက်” တယ်ဆိုတဲ့ အဖြစ်ဆိုးအကြောင်း ယေရှုကိုပြောပြတယ်။ (လုကာ ၁၃:၁) သူတို့ ဘာပြောချင်တာလဲ။

ဂျေရုဆလင်မြို့ထဲ ရေသွယ်မြောင်း တည်ဆောက်ဖို့ ပိလတ်မင်းက ဗိမာန်တော်ရဲ့ဘဏ္ဍာငွေ သုံးတာကို ထောင်နဲ့ချီတဲ့ဂျူးတွေ ဆန္ဒပြချိန်မှာ အဲဒီဂါလိလဲလူတွေ အသတ်ခံရတာ ဖြစ်နိုင်တယ်။ ပိလတ်မင်းဟာ ဗိမာန်တော်မှူးတွေနဲ့ ပူးပေါင်းပြီး ဒီငွေကို ယူခဲ့တာဖြစ်မယ်။ ဒီအကြောင်းကို ပြောပြနေသူတွေက အဲဒီဂါလိလဲ လူတွေဟာ မကောင်းတာလုပ်လို့ အဖြစ်ဆိုး ကြုံရတာလို့ ထင်နေကြတယ်။ ဒါကို ယေရှု လက်မခံဘူး။

ယေရှုက “အဲဒီဂါလိလဲလူတွေဟာ တခြား ဂါလိလဲလူတွေထက် အပြစ်ကြီးတဲ့အတွက် အဲဒီလိုခံရတာလို့ ခင်ဗျားတို့ ထင်နေသလား” လို့မေးလိုက်တယ်။ ပြီးတော့ မဟုတ်ဘူးလို့ အဖြေပေးတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကိုသုံးပြီး “ခင်ဗျားတို့လည်း နောင်တမရရင် ဖျက်ဆီးခံရမှာပဲ” လို့ဂျူးတွေကို သတိပေးလိုက်တယ်။ (လုကာ ၁၃:၂၊ ၃) ဒီနောက် မကြာသေးခင်ကဖြစ်တဲ့ အဖြစ်ဆိုး နောက်တစ်ခုအကြောင်း ပြောပြတယ်။ အဲဒါက ရေသွယ်မြောင်း တည်ဆောက်တာနဲ့ ဆက်စပ်နိုင်တယ်။

“ရှိလောင်မျှော်စင် ပြိုလဲလို့ ပိသေသွားတဲ့ လူ ၁၈ ယောက်ကရော။ ဂျေရုဆလင်မြို့မှာနေတဲ့ လူတွေထက် သူတို့ ပိုအပြစ်ကြီးတယ်လို့ ခင်ဗျားတို့ ထင်နေသလား” လို့ ယေရှုမေးတယ်။ (လုကာ ၁၃:၄) မကောင်းတာလုပ်လို့ အဲဒီလူတွေ သေရတာဆိုပြီး လူအုပ်က ထင်နေပုံရတယ်။ အဲဒါကိုလည်း ယေရှု လက်မခံဘူး။ “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ကြုံရတတ်ပြီး ဒီအဖြစ်ဆိုးကလည်း အဲဒီလိုပဲဆိုတာ သူသိတယ်။ (ဒေသနာ ၉:၁၁) ဒါပေမဲ့ ဒီအဖြစ်အပျက်ကနေ လူတွေ သင်ခန်းစာ ယူသင့်တယ်။ “ခင်ဗျားတို့လည်း နောင်တမရရင် ဖျက်ဆီးခံရမှာပဲ” လို့ သတိပေးတယ်။ (လုကာ ၁၃:၅) အခု ဒီသင်ခန်းစာကို ယေရှု ဘာလို့ အလေးပေး ပြောနေရတာလဲ။

သဖန်းပင်ရဲ့အကိုင်းမှာ သစ်ရွက်တွေဝေဆာနေပေမဲ့ အသီးမသီး

သူအမှုဆောင်တာ ဘယ်လောက်ကြာနေပြီဆိုတဲ့ အချက်နဲ့ ဆက်စပ်နေလို့ပဲ။ အဲဒီအချက်ကို အခုလို ဥပမာပေးတယ်– “လူတစ်ယောက်ရဲ့ စပျစ်ခြံမှာ သဖန်းပင်တစ်ပင် ရှိတယ်။ အဲဒီအပင်မှာ အသီးများရှိမလား သူလာကြည့်တဲ့အခါ တစ်လုံးမှ မတွေ့ဘူး။ ဒါနဲ့ ခြံစောင့်ကို ‘ဒီသဖန်းပင်ကို ငါလာကြည့်တာ သုံးနှစ်တောင်ရှိပြီ။ အသီးတစ်လုံးမှ မသီးဘူးဆိုတော့ ခုတ်ပစ်လိုက်။ မြေကြီး အလကားဖြစ်တာပဲ အဖတ်တင်တယ်’ လို့ပြောတယ်။ ခြံစောင့်က ‘သခင်၊ ဒီနှစ်တော့ နေပါစေဦး။ အပင်ပတ်လည်ကို တူးဆွပြီး မြေသြဇာ ထည့်ကြည့်ဦးမယ်။ အသီး သီးတန်ကောင်းပါရဲ့။ နောက်နှစ်မှ မသီးရင်တော့ ခုတ်ပစ်တာပေါ့’ လို့ ပြောတယ်။”—လုကာ ၁၃:၆-၉။

ယေရှုဟာ ဂျူးတွေရဲ့ ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ပေးတာ သုံးနှစ်ကျော်ရှိနေပြီ။ ဒါပေမဲ့ လူအနည်းငယ်ပဲ တပည့်တွေဖြစ်လာတယ်။ သူ့ကြိုးစားမှုရဲ့ အသီးအပွင့်တွေလို့ ပြောနိုင်ပါတယ်။ အခု သူအမှုဆောင်တာ လေးနှစ်ထဲ ရောက်လာပြီဖြစ်လို့ အားသွန်ခွန်စိုက် ကြိုးစားနေတယ်။ ယုဒနယ်နဲ့ ပေရိယနယ်မှာ ဟောပြောသွန်သင်ပေးခြင်းအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့ ပုံဆောင်သဖန်းပင်ကို တူးဆွပြီး မြေသြဇာထည့်ပေးတယ်။ ဘာရလဒ်ရသလဲ။ ဂျူးအနည်းငယ်ပဲ လက်ခံတုံ့ပြန်တယ်။ လူမျိုးတစ်မျိုးလုံး အနေနဲ့တော့ နောင်တမယူကြဘူး။ ဒါကြောင့် ဖျက်ဆီးခံရတော့မယ်။

ဒီလိုတုံ့ပြန်မှုမရှိတဲ့ လူအများစုရဲ့ သဘောထားကို သိပ်မကြာခင် ဥပုသ်နေ့မှာ ထပ်တွေ့ရပြန်တယ်။ ယေရှုက တရားဇရပ်မှာ သွန်သင်နေတုန်း နတ်ဆိုးနှိပ်စက်လို့ ၁၈ နှစ်လုံးလုံး ခါးကုန်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တယ်။ သူ့ကို သနားသွားပြီး “အစ်မကြီး၊ ခင်ဗျား ခံစားနေရတဲ့ ဝေဒနာကနေ လွတ်ကင်းပြီ” လို့ပြောလိုက်တယ်။ (လုကာ ၁၃:၁၂) သူ့အပေါ် ယေရှု လက်တင်လိုက်တဲ့အခါ ချက်ချင်းပဲ သူက ခါးကိုမတ်ပြီး ဘုရားကို ဂုဏ်တင်ချီးမွမ်းတော့တယ်။

အစ္စရေးလူတစ်ယောက် နွားကို တင်းကုတ်ကနေ ခေါ်သွားနေ

ဒီအခါ တရားဇရပ်မှူးက စိတ်ဆိုးပြီး “အလုပ်လုပ်ရတဲ့ရက် ခြောက်ရက် ရှိတာပဲ။ ရောဂါပျောက်ချင်ရင် အဲဒီနေ့တွေမှာ လာကြ။ ဥပုသ်နေ့မှာ မလာကြနဲ့” လို့ လူတွေကို ပြောတယ်။ (လုကာ ၁၃:၁၄) ယေရှုမှာ ရောဂါကုသနိုင်စွမ်းမရှိဘူးလို့ သူပြောနေတာ မဟုတ်ဘူး။ ဥပုသ်နေ့မှာ ရောဂါကုသဖို့ လာတဲ့သူတွေကို အပြစ်တင်နေတာ။ ဒါနဲ့ ယေရှုက “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ခင်ဗျားတို့က ဥပုသ်နေ့မှာ နွားမြည်းတွေကို တင်းကုပ်ကနေ လွှတ်ပေးပြီး ရေတိုက်ဖို့ ခေါ်သွားတတ်တယ် မဟုတ်လား။ အာဗြဟံရဲ့သမီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ ၁၈ နှစ်လုံးလုံး စာတန်ရဲ့ အချုပ်အနှောင်ကို ခံနေရတာ။ သူ့ကို ဥပုသ်နေ့မှာ အချုပ်အနှောင်ကနေ မလွှတ်ပေးသင့်ဘူးလား” လို့ ကျိုးကြောင်းရှင်းပြလိုက်တယ်။—လုကာ ၁၃:၁၅၊ ၁၆။

ဒီအခါ ဆန့်ကျင်နေတဲ့လူတွေ အရှက်ကွဲသွားပေမဲ့ လူအုပ်ကတော့ ယေရှုလုပ်သမျှ အံ့ဖွယ်အမှုတွေကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။ ဒီနောက် ယေရှုက ဂါလိလဲအိုင်မှာ လှေပေါ်ကနေ ဟောခဲ့တဲ့ နိုင်ငံတော်နဲ့ဆိုင်တဲ့ ပုံဥပမာနှစ်ခုကို အခု ယုဒနယ်မှာ ထပ်ပြောပြတယ်။—မဿဲ ၁၃:၃၁-၃၃။ လုကာ ၁၃:၁၈-၂၁။

  • သတိပေးချက်အနေနဲ့ ယေရှု အသုံးပြုခဲ့တဲ့ အဖြစ်ဆိုးနှစ်ခုက ဘာတွေလဲ။ သတိပေးချက်က ဘာလဲ။

  • အသီးမသီးတဲ့ သဖန်းပင်ပုံဥပမာက ဂျူးလူမျိုးရဲ့ အခြေအနေကို ဘယ်လို ပေါ်လွင်စေသလဲ။

  • တရားဇရပ်မှူးက ဘယ်သူ့ကို အပြစ်တင်သလဲ။ သူ့ရဲ့ သူတော်ကောင်း ယောင်ဆောင်မှုကို ယေရှု ဘယ်လို ဖော်ထုတ်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ