-
အဘယ်အရာသည် အကျိုးရှိမည်ကို မသိနိုင်ကင်းမျှော်စင်—၂၀၀၈ | ဇူလိုင် ၁၅
-
-
တဆေးပုံဥပမာ
၉၊ ၁၀။ (က) တဆေးပုံဥပမာတွင် အဘယ်အချက်ကို ယေရှုအလေးပေးခဲ့သနည်း။ (ခ) သမ္မာကျမ်းစာတွင် တဆေးကို အဘယ်အရာအဖြစ် ခိုင်းနှိုင်းလေ့ရှိသနည်း၊ တဆေးအကြောင်းယေရှု၏ဖော်ပြချက်နှင့်ပတ်သက်၍ အဘယ်မေးခွန်းကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၉ ကြီးပွားမှုကို လူ့မျက်စိဖြင့် အမြဲမမြင်နိုင်ပါ။ ယေရှု၏နောက်ပုံဥပမာတွင် ယင်းအချက်ကို အလေးပေးဖော်ပြသည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်။” (မ. ၁၃:၃၃) တဆေးသည် အဘယ်အရာကို ကိုယ်စားပြုသနည်း၊ ယင်းသည် ဘုရားသခင့်နိုင်ငံတော်ကြီးပွားမှုနှင့် မည်သို့ဆက်နွှယ်သနည်း။
၁၀ သမ္မာကျမ်းစာတွင် တဆေးကို အပြစ်နှင့်ခိုင်းနှိုင်းကာ အသုံးပြုလေ့ရှိသည်။ တမန်တော်ပေါလုက ရှေးကောရိန္သုအသင်းတော်ရှိ အပြစ်သားတစ်ဦး၏ ဖောက်ပြန်သောလွှမ်းမိုးမှုအကြောင်းပြောရာတွင် တဆေးကို အလားတူသဘောဖြင့် သုံးနှုန်းခဲ့သည်။ (၁ ကော. ၅:၆-၈) ဤတွင်ယေရှုသည် အပျက်သဘောဖြင့်ကြီးပွားမှုကို ပုံတင်ပြရန် တဆေးကို အသုံးပြုခဲ့ခြင်းလော။
၁၁။ ရှေးဣသရေလနိုင်ငံတွင် တဆေးကို မည်သို့အသုံးပြုခဲ့သနည်း။
၁၁ ယင်းမေးခွန်းကိုမဖြေဆိုမီ အခြေခံအချက်သုံးချက်ကို မှတ်သားဖို့လိုသည်။ ဦးဆုံး၊ ယေဟောဝါသည် ပသခါပွဲအခါသမယတွင် တဆေးသုံးခွင့်မပြုသော်လည်း အခြားအချိန်များတွင် တဆေးပါသောပူဇော်ရာများကို လက်ခံတော်မူသည်။ တဆေးကို ကျေးဇူးတော်ချီးမွမ်းခြင်း မိတ်သဟာယယဇ်များနှင့် ဆက်စပ်၍အသုံးပြုခဲ့ပြီး ပူဇော်သူက ယေဟောဝါ၏ကောင်းချီးများစွာအတွက် ကျေးဇူးတင်လေးမြတ်သောကြောင့် ယင်းကိုစေတနာအလျောက်ပေးဆက်ခြင်းဖြစ်သည်။ ယင်းတွင်ပါဝင်စားသုံးသူတို့သည် အလွန်ရွှင်လန်းကြသည်။—ဝတ်. ၇:၁၁-၁၅။
၁၂။ ပုံခိုင်းချက်စကားလုံးကို သမ္မာကျမ်းစာအသုံးပြုပုံမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
၁၂ ဒုတိယ၊ သမ္မာကျမ်းစာ၌ အရာဝတ္ထုတစ်ခုသည် အခြေအနေတစ်ခုတွင် အပျက်သဘောအဓိပ္ပာယ်သက်ရောက်နိုင်သော်လည်း နောက်အခြေအနေတွင် ယင်းအရာကိုပင် အပြုသဘောပုံခိုင်းရာတွင် အသုံးပြုနိုင်သည်။ ဥပမာ၊ စာတန်၏အန္တရာယ်ရှိမှု၊ ရက်စက်ကြမ်းကြုတ်သည့်သဘောသဘာဝကို ပုံဖော်သည့်အနေနှင့် ၁ ပေတရု ၅:၈ တွင် စာတန်ကို ခြင်္သေ့တစ်ကောင်နှင့် ခိုင်းနှိုင်းခဲ့သည်။ သို့သော် ဗျာ. ၅:၅ တွင် “ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်” ဟုဖော်ပြကာ ယေရှုကို ခြင်္သေ့နှင့်ခိုင်းနှိုင်းခဲ့သည်။ ဤအဖြစ်တွင်မူ ခြင်္သေ့မှာ ရဲစွမ်းသတ္တိရှိရှိတရားမျှတမှု၏ အမှတ်အသားအဖြစ် အသုံးပြုခြင်းဖြစ်သည်။
၁၃။ ယေရှု၏တဆေးပုံဥပမာက ဝိညာဉ်ရေးကြီးပွားမှုအကြောင်း အဘယ်အရာဖော်ပြသနည်း။
၁၃ တတိယ၊ ယေရှု၏ပုံဥပမာတွင် တဆေးသည် ဂျုံမုန့်ညက်ရှိသမျှကို အသုံးမဝင်ဖြစ်စေကာ ပျက်စီးစေသည်ဟု မဆိုထားပါ။ ကိုယ်တော်က ပုံမှန်မုန့်လုပ်နည်းကို ရည်ညွှန်းနေခြင်းသာဖြစ်သည်။ အိမ်ရှင်မသည် တမင်တကာတဆေးထည့်ခဲ့ရာ ရလဒ်ကောင်းရရန်ဖြစ်သည်။ တဆေးကိုယူ၍ မုန့်ညက်ထဲထည့်ခဲ့သည်။ တဆေး၏ဖောင်းကြွခြင်းဖြစ်စဉ်ကို အိမ်ရှင်မသည် မမြင်နိုင်ပါ။ ယင်းက မျိုးစေ့ကြဲသူ ညအခါအိပ်ခြင်းအဖြစ်ကို ပြန်သတိရစေသည်။ “သူသည် . . . မည်သို့ဖြစ်သည်ကိုမသိဘဲ မျိုးစေ့သည် အပင်ပေါက်၍ ကြီးပွားလေ၏” ဟုယေရှုဆိုခဲ့သည်။ (မာ. ၄:၂၇၊ ကဘ) ဝိညာဉ်ရေးကြီးပွားမှုဖြစ်စဉ်ကို မျက်စိဖြင့်မမြင်နိုင်ကြောင်း ရိုးရှင်းစွာပုံဖော်ခြင်းဖြစ်သည်။ အစပိုင်းကြီးပွားမှုကို ကျွန်ုပ်တို့မြင်နိုင်မည်မဟုတ်သော်လည်း နောက်ဆုံးရလဒ်မှာမူ အထင်အရှားမြင်သာသည်။
၁၄။ တဆေးသည် မုန့်ညက်တစ်ပုံလုံးကိုဖောင်းကြွစေသည့်အချက်က ဟောပြောခြင်းလုပ်ငန်း၏အဘယ်အသွင်အပြင်ကို ပုံဖော်ခြင်းဖြစ်သနည်း။
၁၄ ကြီးပွားမှုကို လူ့မျက်စိဖြင့်မမြင်နိုင်ရုံမကပါ၊ ယင်းသည် မြေတစ်ပြင်လုံးသို့လည်း ပျံ့နှံ့ရောက်ရှိသည်။ ဤသည်မှာ တဆေးပုံဥပမာပါ နောက်အသွင်အပြင်ကို အလေးပေးဖော်ပြခြင်းဖြစ်သည်။ တဆေးသည် မုန့်ညက်တစ်ပုံလုံး၊ “မုန့်ညက်သုံးတင်း” စလုံးကို ဖောင်းကြွစေသည်။ (လု. ၁၃:၂၁) တဆေးကဲ့သို့ပင် ဝိညာဉ်ရေးကြီးပွားမှုကိုဖြစ်စေသော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် ယခု “မြေကြီးစွန်းတိုင်အောင်” ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောလျက်ရှိသည်အထိ ပျံ့နှံ့ခဲ့ပြီ။ (တ. ၁:၈; မ. ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း အံ့ဖွယ်တိုးချဲ့မှုတွင် ပါဝင်ခွင့်ရခြင်းသည် အခွင့်ထူးတစ်ရပ်ဖြစ်သည်။
-
-
အဘယ်အရာသည် အကျိုးရှိမည်ကို မသိနိုင်ကင်းမျှော်စင်—၂၀၀၈ | ဇူလိုင် ၁၅
-
-
၂၀၊ ၂၁။ (က) ကြီးပွားမှုနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာများကို ပြန်သုံးသပ်ခြင်းမှ အဘယ်အရာသင်ယူရရှိသနည်း။ (ခ) အဘယ်အရာကိုလုပ်ဆောင်ရန် သင်သန္နိဋ္ဌာန်ချထားသနည်း။
၂၀ ကျွန်ုပ်တို့သည် ကြီးပွားမှုနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာများကို အကျဉ်းချုံးပြန်သုံးသပ်ခြင်းမှ အဘယ်အရာသင်ယူရရှိကြသနည်း။ ဦးဆုံး၊ မုန်ညင်းစေ့၏ကြီးပွားမှုကဲ့သို့ ကမ္ဘာပေါ်တွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားသည် အံ့ဖွယ်ကောင်းလောက်အောင် တိုးတက်နေသည်။ ယေဟောဝါ၏လုပ်ငန်းပျံ့နှံ့မှုကို မည်သည့်အရာကမျှ မတားဆီးနိုင်ပါ။ (ဟေရှာ. ၅၄:၁၇) ထို့ပြင် “[အပင်အောက်တွင်] အရိပ်ခို၍နား” ရန်ရှာဖွေသူတို့အတွက် ဝိညာဉ်ရေးကာကွယ်မှုပေးသည်။ ဒုတိယ၊ ကြီးပွားစေသောအရှင်မှာ ဘုရားသခင်ဖြစ်သည်။ မုန့်ညက်တစ်ပုံလုံးသို့ပျံ့နှံ့သည့် တဆေးကဲ့သို့ပင် ယင်း၏ကြီးပွားမှုကို အလွယ်တကူမမြင်နိုင် သို့မဟုတ် သဘောမပေါက်နိုင်သော်လည်း ကြီးပွားမှုကား ဖြစ်ပျက်လျက်ရှိသည်။ တတိယ၊ တုံ့ပြန်သူအားလုံးက မိမိတို့သည်သင့်လျော်သူဖြစ်ကြောင်း သက်သေမပြကြပါ။ တချို့သူတို့သည် ယေရှု၏ပုံဥပမာပါ မကောင်းသောငါးနှင့်တူကြသည်။
-