ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၈၃
  • ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • လက်ထပ်မင်္ဂလာပွဲပုံဥပမာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အမြဲတမ်း ပထမနေရာ လိုချင်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၈၃

အခန်း ၈၃

ထင်ရှားသော ဖာရိရှဲတစ်ဦး ဧည့်ခံ

ယေရှုသည် ထင်ရှားသောဖာရိရှဲ၏အိမ်၌ ဧည့်သည်အဖြစ်ရောက်နေ၍ ရေဖျဉ်းစွဲသူတစ်ဦးကိုကုသပေးပြီးရုံရှိသေးသည်။ ထမင်းစားပွဲတွင် မြင့်မြတ်သောနေရာကိုရွေးချယ်နေသည့်ဧည့်သည်တို့ကိုကြည့်ပြီး နှိမ့်ချခြင်းသင်ခန်းစာကိုသွန်သင်လေသည်။

“သူတစ်ပါးသည် မင်္ဂလာဆောင်ပွဲသို့သင့်ကိုခေါ်ဖိတ်သောအခါ” ဤသို့ပြုရန် ယေရှုအကြံပေးသည်။ “မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍မြတ်သောသူသည် ပွဲသို့လာသည်ရှိသော် သင်တို့ကိုခေါ်ဖိတ်သောသူက ‘ဤသူအားနေရာကိုပေးလော့’ ဟုလာ၍ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။”

ထို့ကြောင့် “သူတစ်ပါးတို့သည် သင့်ကိုခေါ်ဖိတ်သောအခါ သွား၍နိမ့်သောနေရာ၌ လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူလာသည်ရှိသော် ‘အဆွေ၊ တက်ပါ’ ဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်” ဟုမြွက်ဆိုသည်။ သင်ခန်းစာကိုအလေးအနက်တင်ပြရန် ယေရှုဤသို့နိဂုံးချုပ်သည်။ “ကိုယ်ကိုယ်ကိုချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုယ်ကိုနှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ရောက်လတံ့။”

ထိုနောက် ယေရှုက မိမိကိုဖိတ်ခေါ်သောဖာရိရှဲအား၊ ဘုရားထံမှအမှန်အကျိုးရရန် ထမင်းပွဲစီမံခြင်းအကြောင်း ဤသို့ဖေါ်ပြသည်။ “သင်သည် နံနက်စာ၊ ညစာလုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သောအိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ခေါ်ဖိတ်လျှင် သူတို့သည် နောက်တစ်ဖန်သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။ သင်သည်ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကိုခေါ်ဖိတ်လော့။ ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်ကြ။”

ထိုသို့ချို့တဲ့သူများကိုခေါ်ဖိတ်ခြင်းသည် ခေါ်ဖိတ်သူအတွက် ပျော်ရွှင်မှုဖြစ်စေသည်။ အကြောင်းမှာ “ဖြောင့်မတ်သောသူတို့ထမြောက်သည့်ကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းအကျိုးကိုခံရလတံ့” ဟုယေရှုရှင်းပြသည်။ ဤအကျိုးရှိသောစားသောက်ပွဲအကြောင်း ယေရှုတင်ပြခြင်းက အခြားဧည့်သည်ချင်းတစ်ဦးအား နောက်စားသောက်ပွဲတစ်ခုကိုသတိရစေ၍ “ဘုရားသခင်၏နိုင်ငံတော်၌ပွဲဝင်သောသူသည် မင်္ဂလာရှိ၏” ဟုသူဆိုလေ၏။ သို့သော် ထိုဝမ်းမြောက်ဖွယ်မျှော်လင့်ချက်ကို လူတိုင်းတန်ဖိုးမထားကြောင်း ဥပမာတစ်ခုဖြင့်ယေရှုဆက်လက်တင်ပြသည်။

“လူတစ်ဦးသည် ကြီးစွာသောပွဲကိုစီရင်၍ လူများတို့ကို ခေါ်ဖိတ်လေ၏။ ပွဲခံချိန်ရောက်သော် ခေါ်ဖိတ်သောသူတို့ကို ‘လာကြပါ။ အလုံးစုံတို့သည်အသင့်ရှိပြီ’ ဟုမှာ၍ အစေအပါးကိုစေလွှတ်၏။ ခေါ်အပ်သောသူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က ‘အကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့’ ဟုတောင်းပန်လေ၏။ တစ်ယောက်က ‘အကျွန်ုပ်သည် နွားငါးယှဉ်းကိုဝယ်ပါပြီ။ သွား၍စမ်းရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့’ ဟုတောင်းပန်လေ၏။ တစ်ယောက်က ‘အကျွန်ုပ်သည် မယားနှင့်လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါ’ ဟုဆို၏။”

ယုတ္တိမတန်သောဆင်ခြေများပါတကား။ မြေကွက် သို့မဟုတ် တိရစ္ဆာန်သည် မဝယ်မီကြည့်ထားလေ့ရှိသည်။ ထိုကြောင့်ဝယ်ပြီးမှ အရေးတကြီးကြည့်နေစရာမလို။ အလားတူပင် လူတစ်ဦး၏လက်ထပ်ခြင်းက ထိုမျှလောက်အရေးကြီးသောဖိတ်ခေါ်ချက်ကိုလက်မခံနိုင်လောက်အောင် အတားအဆီးမဖြစ်စေသင့်။ ဤသို့သောဆင်ခြေများကိုကြားရသည့်အခါ သခင်သည်ဒေါသထွက်၍ သူ၏ကျေးကျွန်အား ဤသို့မိန့်တော်မူသည်။

“‘မြို့လမ်းမလမ်းကြားသို့အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကိုခေါ်သွင်းချေ’ ဟုအစေအပါးကိုဆို၏။ အစေအပါးကလည်း ‘သခင်စီရင်တော်မူသည်အတိုင်းပြုပါပြီ။ သို့သော်လည်းလပ်သောနေရာထိုင်ရာရှိပါသေးသည်’ ဟုလျှောက်လေသော်သခင်က ‘မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှာ . . . ခေါ်သွင်းလော့။ အထက်ကခေါ်ဖိတ်သောသူတစ်ယောက်မျှငါ့ပွဲသို့မဝင်ရ’ ဟု . . . မိန့်တော်မူသည်။”

ထိုဥပမာအားဖြင့် ဘာကိုတင်ပြနေသနည်း။ စားသောက်ပွဲပြင်ဆင်ပေးသူ “သခင်” မှာ ယေဟောဝါဘုရားကိုပုံဆောင်သည်။ လိုက်ဖိတ်ခေါ်သော “ကျွန်” သည် ယေရှုခရစ်ဖြစ်သည်။ “ကြီးစွာသောပွဲ” ကား ကောင်းကင်နိုင်ငံတော်ဝင်နိုင်ရန်အခွင့်အရေးပင်ဖြစ်သည်။

ဘုရားနိုင်ငံတော်ဝင်ရန်ပထမဆုံးခေါ်ဖိတ်ခံရသူများကား ယေရှုလက်ထက်ရှိဂျူးဘာသာရေးခေါင်းဆောင်များဖြစ်သည်။ သို့သော်သူတို့လက်မခံကြ။ သို့နှင့်စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ဒုတိယဖိတ်ခေါ်ချက်ကို ယုဒလူမျိုးတွင် အနှိမ်ခံရသူတို့အားကမ်းလှမ်းလေသည်။ သို့သော်ကောင်းကင်နိုင်ငံတော်ရှိနေရာ ၁၄၄၀၀၀ ကိုပြည့်သည်တိုင်မတုံ့ပြန်ကြပါ။ သို့ဖြစ်၍သုံးနှစ်ခွဲကြာသောအခါစီအီး ၃၆ ခုနှစ်တွင် တတိယနှင့်နောက်ဆုံးဖိတ်ခေါ်ချက်ကို အရေဖျားမလှီးသောဂျူးမဟုတ်သူတို့အားကမ်းလှမ်းလေသည်။ ထိုသို့ ၂၀ ရာစုအထိဆက်စုသိမ်းပါသည်။ လုကာ ၁၄:၁-၂၄။

▪ နှိမ့်ချခြင်းတွင် မည်သည့်သင်ခန်းစာကိုယေရှုသွန်သင်သနည်း။

▪ အိမ်ရှင်တစ်ဦးသည် ဘုရားထံမှအကျိုးရရန် မည်သို့စားသောက်ပွဲကျင်းပနိုင်ပြီး ယင်းသည်အဘယ်ကြောင့်ပျော်ရွှင်စေမည်နည်း။

▪ ခေါ်ဖိတ်ခံရသည့်ဧည့်သည်များ၏ဆင်ခြေများသည် အဘယ်ကြောင့်ယုတ္တိမတန်သနည်း။

▪ ယေရှု၏ “ကြီးစွာသောပွဲ” ပုံပမာက ဘာကိုတင်စားသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ